YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 6

သမ္မာကျမ်းစာက မျှော်လင့်ချက်ပေးတယ်။

၂၀၁၆ခုနှစ် ဘုရားသခင်ကိုမတွေ့ရှိမှီအချိန်ထိ Ghanaဟာ မွတ်စလင်ဘာသာကိုသက်ဝင်သောသူတစ်ဦးဖြစ်သည်။ သို့သော် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းပြီးနောက် သူမ၏အသိုင်းအဝိုင်းနှင့် မိသားစု၏ စွန့်ပစ်ခြင်း၊ ရှောင်ဖယ်ခြင်းတို့ကို ခံခဲ့ရသည်။ အဲအချက်ကြောင့် သူမရဲ့ကလေးတွေကို အခြားနိုင်ငံသို့ပိုဆောင်ခြင်းခံခဲ့ရတယ်။


Ghanaသည် ခရစ်တော်ကိုစွန့်လွတ်ငြင်းပယ်ခဲ့ခြင်းမရှိသော်လည်း သူမ၏ယုံကြည်ခြင်းယိုင်နဲ့လာသည်ကိုတွေ့ရှိလာတယ်။

အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ အပြင်သက်သေဖို့အထိ သူမစဉ်းစားခဲ့တယ်။

ဒါပေမဲ့နောက်ဆုံးမှာတော့ YouVersionကို အသုံးပြုနေတဲ့သူတစ်ဦးနှင့် တွေ့ဆုံခဲ့တယ်။ 


အစပိုင်းတွင် Ghanaသည် စိတ်ဝင်စားမှုမရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ကျမ်းပိုဒ်များ၏အဓိပ္ပာယ်ကို တွေးတောဆင်ခြင်ကာ သူမ၏တနေ့တာအတွက် လမ်းညွှန်အဖြစ်အသုံးပြုရန် မနက်ပိုင်းတွင် ကျမ်းပိုဒ်ကို စတင်ဖတ်ရှုခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်....... 


"" ကျမ်းချက်များသည် အသက်ရှင်လှုပ်ရှား၍ ကျွန်ုပ်အတွင်း၌ ကိန်းအောင်းလာသည်။ ၎င်းတို့သည် ကောင်းမွန်နည်းလမ်းများဖြင့်လူအများနှင့် ပေါင်းသင်းရန်သွန်သင်ပြီး စိတ်ဓာတ်ကျခြင်းများပြန်လည်ကောင်းမွန်ရန်ကူညီပေးခဲ့သည်။ ကျွန်ုပ်သည် စွန့်ပစ်ခြင်းကိုခံရသောလည်း ကျမ်းစာကိုဖတ်ခြင်းအားဖြင့် နှစ်သိမ့်မှုကိုရှာဖွေတွေ့ရှိခဲ့သည်။ ကျမ်းစာကိုဖတ်သောအချိန်တိုင်း ထူးခြားသောနည်းလမ်းဖြင့် ကျွန်ုပ်ကိုမြင့်တင်ပေးပြီး မျှော်လင့်ခြင်းပေးခဲ့ပါသည်။ ကျမ်းပိုဒ်များအားဖြင့် ဘုရားသခင်ကကျွန်ုပ်ဆီသို့အမြဲတမ်း တိုက်ရိုတ်စကားပြောသကဲ့သို့ပင်""
Ghanaဟာ သူမဘယ်သွားသွား ကျမ်းပိုဒ်တွေကိုဝေမျှရန်အတွက် အခွင့်အရေးတွေကို ရှာဖွေနေပါတယ်။ သူမ၏ ပတ်ဝန်းကျင်ကိုအားပေးရန် ကျမ်းပိုဒ်များကို အွန်လိုင်းပေါ်တွင် ပိုစ့်တင်ပြီး သူမ၏လုပ်ဖော်ဆောင်ဖက်များနှင့် သမ္မာကျမ်းစာဆွေးနွေးပါသည်။
သူမှာ၏ပုံဝထ္ထုသည် ဘုရား၏စကားတော်ဟာ ကျွန်ုပ်တို့အားလုံးတွင်အလုပ်လုပ်နေတယ်ဆိုတာကို ဥပမာအနေဖြင့် ဖော်ပြလျက် ရှိပါသည်။အခြေအနေများသည် ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။ စိတ်ခံစားချက်များလဲအတက်အကျရှိနိုင်သည်။ လူအများ၏ စိတ်ပျက်စွန့်ပစ်ခြင်းကိုခံရနိုင်သော်လည်း ဘုရားသခင်၏စကားတော်သည် အစဉ်တည်မြဲလျက်ရှိသည်။ ထို့ကြောင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းခြင်းနှင့် မျှော်လင့်ခြင်းကို ကျွန်ုပ်တို့၏သာမန်အချိန်ထက် မြင့်တက်ကျော်လွန်ခံစားရပါသည်။  အဘယ်ကြောင့်ဆိုသော ဘုရားသခင်၏စကားတော်ကို နှလုံးသားထဲမှာ လက်ခံသော အခါကိုယ်တော်သည်အမြဲတည်ရှိနေပါသည်။
ယနေ့၊ ဤဆုတောင်းချက်အားဖြင့် သင့်ဘဝထဲ၌ နှုတ်ကပတ်တော်အသက်ရှင်စေရန် ဘုရားသခင်ထံတောင်းလျှောက်ပါ။ ဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူပြီး သိရှိတော်မူ၏။ ကိုယ်တော်သာလျှင် ကျွန်ုပ်၏ဘဝကို ပြောင်းလဲပေးနိုင်သောအရှင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ကျွန်ုပ်၏ အသက်တာကို ကိုယ်တော်၏ နှုတ်ကပတ်တော်ဖြင့် ချိန်ညှိပေးရန် တောင်းဆိုပါသည်။ ဘယ်လိုပင်ရင်ဆိုင်ရပါစေ ကျွန်ုပ်၏အသက်တာ၌ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို ပြန်လည်ဝေဌနိုင်ရန် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်အား ရဲရင့်ခြင်းပေးသနားပါ။ ကိုယ်တော်နှင့် နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်၏ယုံကြည်ခြင်းအမြစ်များကို နက်ရှိုင်းစွာကြီးထွားစေပါ။ သခင်ယေရှု၏နာမ၌ ဆုတောင်းပါ၏။ အာမင်။
လူတစ်ဦး၏အထောက်အထားကို ကာကွယ်ရန်

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။