YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 5

သမ္မာကျမ်းစာသည်အမှောင်ထုကိုထိုးဖောက်သည်။

Sumu သည် ခရစ်ယာန်ဘာသာနဲ့ ပတ်သက်လိုခြင်းမရှိခဲ့ပါ။ သို့သော် ၂၀၁၇နှစ်တွင် Sumu၏ အခင်ဆုံးသူငယ်ချင်းသည် နယူးဇီလန်တွင်ရှိဘုရားကျောင်းတွင် သက်သေခံချက်ကိုဝေမျှခဲ့သည်။ Sumuသည် သူမကိုအားပေးထောက်ခံဖို့ ပြန်လာခဲ့တယ်။

ထိုနှစ်နောက်ပိုင်း အိန္ဒိယသို့ မပြောင်းရွှေ့မီသူမ၏အသက်တာကို သခင်ခရစ်တော်ထံအပ်နှံခဲ့သည်။


ခရစ်ယာန်အသိုင်းအဝိုင်းမရှိသော နိုင်ငံအသစ်တွင် ယုံကြည်ခြင်းအသစ်နှင့် လျှောက်လှမ်းနေသော Sumuသည် စိတ်ဓာတ်ကျပင်ပန်းနွမ်းနယ်လာကာနေ့စဉ်အိပ်ယာမှထရန်ပင် ရုန်းကန်နေခဲ့ရသည်။


""ငါအရမ်းထီးကျန်ခဲ့ပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ အရမ်းခက်ခဲခဲ့တယ်"" အိန္ဒိယကို ပြောင်းရွှေ့တုန်းက ငါရဲ့လွတ်လပ်မှု၊ လုပ်ပိုင်ခွင့်တွေအများကြီးဆုံးရှုံးခဲ့ရပြီး ငါ့အတွက်အဆိပ်အတောက်ဖြစ်စေမဲ့အတွေးတွေအများကြီးဝင်လာခဲ့တယ်။  YouVersion မှာရှိတဲ့ သမ္မာကျမ်းတွေနဲ့ ချိတ်ဆက်လို့မရခင်အထိတော့ ကျွန်ုပ်တွေးထားတဲ့ပုံစံကို မပြောင်းလဲနိုင်ခဲ့ပါဘူး""

YouVersion သည် အခြားခရစ်ယာန်များနှင့် ဆက်လက်ဆက်သွယ်ပေးရန် သမ္မာကျမ်းစာအစီအစဉ်များမှတစ်ဆင့် ၎င်းတို့ထံမှသင်ယူရန်အတွက်Sumu ကို ပံ့ပိုးပေးထားသည်။ ၂၀၁၈ခုနှစ်ကတည်းက သူမသည် အစီအစဉ် ၄၂၈ခုကျော်ပြီးဆုံးခဲ့သည်။ 
Sumuဟာ မေးခွန်းတစ်ခုရှိတိုင်း YouVersion အပလီကေးရှင်းကိုဖွင့်ပြီး ထိုအကြောင်းအရာအတွက် အစီအစဉ်တွေကိုရှာဖွေသည်။  အစီအစဉ်များကို သူမပိုဖတ်လေလေ သူမ၏ယုံကြည်ခြင်းလဲပိုမိုတိုးလာလေလေ ဖြစ်သည်။
“တချို့ရက်တွေမှာ အမှန်တရားအတွက် ကြိုးစားပြီး နှစ်မြုပ်ဖို့ကို အစီအစဉ် ၁၁ခုဖြင့် စတင်ပါမယ်။ မင်းရဲ့အတွေ့အကြုံကဲ့သို့ခံစားဖူးသူတွေဆီက အားပေးမှုကိုရယူဖို့ အခွင့်အရေးတစ်ခုပါ။ ရုန်းကန်မှုတွေကြားထဲမှာ ငါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သင်ကြားခဲ့ရတယ်။  စိတ်ဓာတ်ကျနေတဲ့သူတွေ၊ စိတ်ကြွနေတဲ့သူတွေဆီကကြားရတာက ဘုရားသခင်နောက် လိုက်တဲ့သူတွေက စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီးရုန်းကန်နေရတယ်လို့ နားလည်မိပါတယ်။
ယခု Sumu သည် စိတ်ဓာတ်ကျခြင်း(သို့)အထီးကျန်နေသည့်အခါတိုင်း ဘုရားသခင်၏ကတိတော်များ၊ ယေရှုသူမအားပြောသောစကားများကိုဆုပ်ကိုင်ပြီး သူမ၏အတွေးဆိုးများကိုဆန့်ကျင်နိုင်ခဲ့သည်။
""တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ စကားတစ်ခွန်းပဲ လိုပါတယ်။ ဤအပလီကေးရှင်းသည် ကျွန်ုပ်အား သမ္မာကျမ်းစာနှင့် ယုံကြည်ခြင်းကို ရှာဖွေဖော်ထုတ်ရန် ကူညီပေးသည့် 'ဖြတ်လမ်း' တစ်ခုဖြစ်သည်။ နည်းပညာသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ချိတ်ဆက်ရန် အသုံးပြုနိုင်သည့် အလွန်ကောင်းမွန်သောကိရိယာတစ်ခုဖြစ်သည်။ ခရစ်တော်ကိုမသိခဲ့သောအချိန်တွေဟာ ကျွန်ုပ်အတွက်အမှန်တကယ်မှောင်မိုက်နေခဲ့ပါတယ်။ ခရစ်တော်သာ ကျွန်ုပ်အတွက်အလင်းရှင်ဖြစ်တယ်။  
ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးကြောင့် အထီးကျန်မှုကိုပြောင်းလဲနိုင်ပြီး ဒုက္ခများကြားတွင်မျှော်လင့်ချက်ကို ရှာဖွေတွေ့ရှိနိုင်သည်။
Sumu ၏ ဇာတ်လမ်းကို ခဏလောက်ပြန်သုံးသပ်ပြီး သင့်လက်ရှိအခြေအနေအကြောင်း ဘုရားသခင်နှင့်အချိန်ပေးပြောဆိုကြည့်ပါ။ ဤသို့လုပ်ဆောင်သည့်အခါ သင့်အခြေအနေအမှန်ကိုဘုရားသခင်အားဖော်ပြပြီးမျှော်လင့်ချက်နှင့် အားပေးစကားများကို သမ္မာကျမ်းစာတွင် ရှာဖွေပါ။ သင့်ဘ၀၏အမှောင်ထုကိုဘုရားသခင်၏အလင်းဖြင့်ထိုးဖောက်ခွင့်ပြုလိုက်ပါ။

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။