YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 4

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ခွန်အားပေးသည်။

သင်ဟာ ""ပေါကြောင်ကြောင်ပြောဆိုသူများ"" အဖွဲ့မှသူတစ်ဦးဆိုပြီး အခြားနိုင်ငံသားတစ်ဦးကို မိတ်ဆက်ကြည့်နေတာကို တွေးကြည့်ပါ ""Popoluca"" ဟူသောအမည်သည် မက္ကဆီကိုနိုင်ငံ Veracruzမြို့ရှိ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာစကားကို ချိတ်ဆက်ပေးသည်ဟုဆိုလိုပါသည်။  


""Popoluca""ကို ထိုဒေသရှိ လူဦးရေ ၃၅,၅၀၀သည် ထိုဘာသာစကားကို ယခုအချိန်ထိဆက်လက်အသုံးပြုနေဆဲဖြစ်ပါသည်။

ထိုသို့ပြောသောသူကို “Nuntajɨ̱yi” ဟုခေါ်သည်။ - ""ဖြောင့်မတ်မှန်ကန်တိကျသော မိန့်မှာချက်"" 


Nuntajɨ̱yi သည် အချို့အရာတွင်အရေးမပါသည်ဟုထင်ရသော်လည်း ၎င်းတို့ဘာသာဖြင့် ဓမ္မသစ်ကျမ်းကို ဖတ်ရှု၊ နားထောင်သော သူတို့သည် ဖန်ဆင်းရှင်အကြောင်းနားလည်လာသည်။ ထိုအထဲ၌ ကာရိုလိုင်းနားသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

The Popoluca ဓမ္မသစ်ကျမ်းကို ဘာသာပြန်ပေးသောသူ၏မြေးဖြစ်သော ကာရိုလိုင်းနားသည် ကောလိပ်မှဘွဲ့ရသော ပထမဆုံးPopolucaအမျိုးသမီး တစ်ဦးဖြစ်သည်။

သူမသည် သူ၏ဘာသာစကားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဝေမျှရန် သူ့ဘဝကို အပ်နှံထားပြီး ယခုအခါ ဆာလံကျမ်း ၅၀ ကို ဘာသာပြန်သည့်အဖွဲ့ကို ဦးဆောင်နေပါသည်။
သမ္မာကျမ်းစာကို စပိန်ဘာသာစကားဖြင့်ဖတ်ရှုလိုက်တဲ့အခါ အားထုတ်မှုက အလဟဿဖြစ်တယ်လို့ ထင်ရတယ်။ သို့သော် ကျွန်ုပ်တို့ဘာသာစကားဖြင့် ဖတ်ရှုသောအခါ စိတ်နှလုံးထဲသို့ ရောက်ရှိစေပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အမှန်နားလည်သည့်အတွက် စိတ်နှလုံး ထိတွေ့ ခံစားရသည်။  
ကာရိုလိုင်းနာဟာ YouVersion အဖွဲ့အစည်းမှာတက်ကြွစွာလှုပ်ရှားနေပြီး သူမဟာ Nuntajiyi မှာ YouVersion ကိုပုံမှန်အသုံးပြုပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ 
ကမ္ဘာပေါ်ရှိလူတိုင်းတွေ့မြင်နိုင်ရင် ကျွန်ုပ်တို့၏စကားများကို သင့်အပလီကေးရှင်းထဲတွင်ထဲသွင်းထားသည်အတွက် အလွန်ဝမ်းသာပါသည်။ (ကျွန်ုပ်တို့၏ဘာသာစကားသည်လူသိများသော ဘာသာစကားဖြင့်ထိုနေရာတွင် ရှိနေပါသည်။) ထို့ကြောင့် ကျွန်ုပ်တို့၏ဘာသာစကားကို တန်ဖိုးထားသည်ဟု မကြာခဏ မမြင်ရသော်လည်း ဤအပလီကေးရှင်းတွင် ကျွန်ုပ်တို့၏ဘာသာစကားသည် အလွန်တန်ဖိုးထားကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။”
ယနေ့ခေတ်တွင် မိမိဘာသာစကားဖြင့် သမ္မာကျမ်းစာရရှိနေခြင်းကို ကျေးဇူးတင်ရန် အချိန်ခဏပေးပါ။ ကာရိုလိုင်းနားနှင့် ယနေ့ကမ္ဘာတစ်ဝှမ်းတွင် သမ္မာကျမ်းစာဘာသာပြန်သူထောင်ပေါင်းများစွာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ သူတို့၏သစ္စာရှိမှုနှင့် စိတ်အားထက်သန်မှုကြောင့်၊ ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် ကမ္ဘာပေါ်ရှိ နယ်ပယ်အသီးသီးတွင် ဆက်လက်ပျံ့နှံ့သွားပြီး သိရှိပြောင်းလဲစေသည်။  

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။