YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 1

"

သမ္မာကျမ်းစာသည်အသက်ရှင်တော်မူ၏။

သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကိုစကားပြောနေသော ဘုရား၏နှုတ်တော်ထွက်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်က လူသားများမှတဆင့် သူ၏အသွင်အပြင်လက္ခဏာဖြင့် လူသားမျိုးနွယ်ကိုပြန်လည်ကယ်တင်ပြုပြင်ရန်အကြံအစည်ကိုရေးထားသော ဇာတ်ကြောင်းဖြစ်သည်။  ဘုရားသခင်မှုတ်သွင်းထားသောကြောင့် သမ္မာကျမ်းစာ၏အခန်းကဏ္ဍတိုင်းတွင် ကျွန်ုပ်တို့အားအကြံဉာဏ်၊ စီရင်ဆုံးဖြတ်ရန်နှင့်ပြောင်းလဲရန် အစွမ်းရှိသည်။

သင့်ရဲ့နှလုံးသားအသစ်ဖြစ်လာပြီလား သို့မဟုတ် သင့်ရဲ့ဘဝ အစိတ်အပိုင်းတစ်ချို့ပြောင်းလဲလာပြီလား အချိန်အနည်းငယ်ယူပြီးစဉ်းစားပါ။

သင်ဟာ သမ္မာကျမ်းစာကို ပုံမှန်ဖတ်မယ် နားထောင်မယ်ဆိုရင် စွမ်းရည်တွေ၊ ယုံကြည်ချက်တွေ၊ စိန်ခေါ်ခြင်းတွေကို အောင်မြင်နိုင်မယ့် အခွင့်ကို ရရှိမှာဖြစ်ပါတယ်။
B6သမ္မာကျမ်းစာကသမိုင်းသင်ခန်းစာတွေထက် ပိုသည်။

ဘုရားသခင်ပြုခဲ့သောအရာများကို ပြောပြနေရုံသာမက ဆက်လက်ပြုလုပ်ပေးမည့်အရာများကို လည်း ကျွန်ုပ်တို့အား ပြသနေခြင်းဖြစ်သည်။.

၎င်းသည် ဘုရားသခင်ကသမိုင်းတစ်လျှောက်လုံးဖော်ထုပ်ပြသခဲ့သည့် ပုံပြင်တစ်ပုဒ်ကို ထုတ်ဖော်ပြသခြင်းဖြစ်ပါသည်။ ထိုပုံပြင်ကို ကျွန်ုပ်တို့မှ တဆင့် ဆက်လက်ပြောပြလိုပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အစအဦးကတည်းက လူတို့၏နှလုံးသားကို ထိတွေ့စေပြီး ၎င်း၏လှုံ့ဆော်မှုကြောင့် မြို့များ၊ လူမျိုးများနှင့် တိုက်ကြီးများကို အသွင်ပြောင်းစေခဲ့သည်။  


ဒီတပတ်မှာတော့ သမိုင်းတလျှောက်မှာ ခရစ်ယာန်များကို ဘုရားသခင်မိန့်ကြားခဲ့သော အကြောင်းအရာများကို ကြည့်ရှုခြင်းအားဖြင့် ဤကမ္ဘာကြီးထဲတွင် သမ္မာကျမ်းစာ၏ မည်သို့မည်ပုံအသက်ရှင်နိုးကြားနေကြောင်းကိုသိမှတ်၍ အထိမ်းအမှတ်ပြု ဆင်နွှဲကြပါစို့။ - ထိုအကြောင်းအရာများက ကမ္ဘာကြီးကိုပြန်လည်အသက်သွင်း ပြောင်းလဲစေပြီး အမှောင်ကိုထွင်းဖောက်၍ မျှော်လင့်ခြင်းကို ယူဆောင်ပေးနိုင်တဲ သမ္မာကျမ်းစာရဲ့အစွမ်းကို ဖော်ပြထားပါတယ်။


"
နေ့ 2

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။