YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိယုံကြည်ခြင်းကို ဝေငှနည်းနမူနာ

Sharing Your Faith

5 ၏ နေ့ 5

<ဝမ်းမြောက်ခြင်းကို နှံ့ပြားစေပါ



အရှင်ယေရှုဘုရားကိုယုံကြည်သူအချို့အတွက်၊ ဝမ်းမြောက်ခြင်းနှံ့ပြားခြင်းဖြင့် အရှင်ယေရှုဘုရား၌ မိမိယုံကြည်ခြင်းကို ဝေငှခြင်းနည်းလမ်းသည် အလွယ်ကူဆုံးအရာပင် ဖြစ်သည်။ ကျွန်တော်တို့အထဲရှိလူအချို့သည် သဘာဝအတိုင်း သဘောကောင်းပြီး ဖော်ရွေကြသည်။ လူများသည် ကျွန်တော်တို့နှင့်ပတ်သက်ပြီး မကောင်းသောအရာများကို သိပ်မပြောနိုင်ဘဲ၊ ကျွန်တော်တို့နှင့်အတူရှိသောအခါ၊ စိတ်ချမ်းသာစေသည်ဟု ခံစားရသည်။ ဤသဘောကောင်းသောစရိုက်ကို ကျွန်တော်တို့၏အကျိုးအဖို့ အသုံးပြုသလို၊ မိမိဝမ်းမြောက်ခြင်းနှံ့ပြားခြင်းဖြင့် အရှင်ယေရှုဘုရားအဖို့ သူတစ်ပါးတို့ကို လွှမ်းမိုးကြပါစို့။ ထို့ပြင်၊ ကျွန်တော်တို့သည် ၎င်းကို မည်သို့ပြုနိုင်ပါမည်နည်း။



ရှေးဦးစွာ၊ ကျွန်တော်တို့ပြောသောအရာကို သတိထားရမည် ဖြစ်သည်။ ကျွန်တော်တို့၏ စကားများကို ကြင်နာသဘောနှင့် နူးညံ့သောသဘောရှိသောအခါ၊ လူများအဖို့ စိတ်အနှောင့်အယှက် မဖြစ်စေရုံသာမက၊ သူတစ်ပါး၏ စိတ်ဝင်စားခြင်းခံရလာသည်။ တင့်တယ်လျောက်ပတ်သော စကားသည် လူတိုင်းနားလည်နိုင်သောဘာသာစကား ဖြစ်သည်။



ဒုတိယအချက်မှာ၊ လူတစ်စုံတစ်ယောက်အတွက် ကောင်းသောအရာတစ်ခုကို ပြုလုပ်ရမည် ဖြစ်သည်။ မိတ်ဆွေ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်သည် အစဉ်အမြဲ အဆိုးမြင်သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသူအဖို့ ကောင်းသောအရာတစ်ခုခုလုပ်စေခြင်းငှာ အလွန်ထူးဆန်းသည်ဟု ခံစားရနိုင်သော်လည်း၊ ထိုအချိန်၌ပင် လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်သည်။ ခိုင်းမာသောနှလုံးကို ဖြိုခွဲရန် အမြန်ဆုံးနည်းလမ်းမှာ ကြင်နာသောအကျင့်ဖြင့် ရေလောင်းခြင်း ဖြစ်သည်။



တတိယချက်မှာ၊ သူတစ်ပါး၏မျက်နှာကို ပြုံးပြစေမည့် ကြင်နာသောအကျင့်များကို ကျင့်စေဖို့ ရွေးချယ်ရမည် - ဝေဖန်ခြင်းအစား ချီးမွမ်းခြင်း၊ အားပေးစကားလက်ရေးမှတ်စုပေးခြင်း (သို့) သူတို့၏အကြိုက်၊ နှစ်သက်ဆုံးအချိုရည်ကို ဝယ်တိုက်ခြင်းစသည့် ထိုအမှုများကို ကျင့်သောအခါ၊ သူများသည် မိတ်ဆွေကောင်းမိတ်ဆွေစစ် ကျွန်တော်၌ရှိသည်ဟု ပြသသည်။



ဝမ်းမြောက်ခြင်းနှံ့ပြားစေသည့်သူများသည် သူတစ်ပါး၏ အကျိုးရှာဖွေသောသူများလည်း ဖြစ်ပြီး မိမိပတ်ဝန်းကျင်ရှိသူများအတွက် အစေခံဖို့နှင့် မေတ္တာပြဖို့ရန် ဆင်ခြင်လျက် ကြိုးစားတတ်သည်။ အချို့သူများအတွက် ပိုမိုသဘာဝကျသော်လည်း၊ ကျွန်တော်တို့အားလုံးသည် ဝမ်းမြောက်ခြင်းကို ပြသရန်နှင့် သူတစ်ပါး၏ဘဝတွင် ကြီးမာသောအကျိုးကို ပြုလုပ်ရန် ဖိတ်ခေါ်ခံရသူများ ဖြစ်ခဲ့သည်။ ထိုသို့ပြုမူစဉ်တွင်၊ သူတစ်ပါးထံမှ-



မိတ်ဆွေက ဘာကြောင့် အမြဲပျော်ရွှင်တာလဲ။

မိတ်ဆွေက၊ ကျွန်တော့်ကို ဘာကြောင့် ခဏခဏ ချီးမွမ်းသလဲ။

မပျော်တဲ့ရက် မရှိဘူးလား။

မိတ်ဆွေရဲ့မျက်နှာက ဘာကြောင့် အမြဲပြုံးနေရသလဲ။

မိတ်ဆွေက၊ ဘာကြောင့် လူတိုင်းအပေါ် သဘောကောင်းတာလဲစသည့် မေးခွန်းများ မေးမြန်းခံရနိုင်သည်။



ကျွန်တော်တို့အထဲရှိ ပြော၍မမီနိုင်သော ရွှင်လန်းဝမ်းမြောက်ခြင်းအကြောင်း သူတစ်ပါးကို ရိုးရှင်းစွာ ပြောပြခြင်းဖြင့် ကျွန်တော်တို့၏ ပတ်ဝန်းကျင်ရှိသူများထံ ဧဝံဂေလိတရားဟောပြောစေဖို့ အခွင့်ကောင်းရှိသည်။ ဤလမ်းကို ရောက်ရသည့် အကြောင်းရင်းက၊ အရှင်ယေရှုဘုရားကို သိပြီး ကိုယ်တော်သည် ကျွန်တော်တို့၏ဘဝကို လမ်းပြပေးတော်မူသောကြောင့် ဖြစ်သည်။ အရာရာတိုင်းတွင်၊ ကိုယ့်လမ်းကြောင်းအတိုင်း မသွားတတ်သလို၊ တစ်ခါတစ်ရံမှာ ဘဝအား အလွန်ခက်ခဲလှပါသည်။ သို့သော်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူရှိလျက်၊ အချိန်တိုင်း၊ ရာသီတိုင်းနှင့် လောကဓံမုန်တိုင်းများအတွင်းတွင် ရှိနေပါသည်။ ကိုယ်တော်သည် မိတ်ဆွေအတွက်ကိုယ်စား အသေခံပြီး၊ မိတ်ဆွေနှင့်အတူ မိတ်သဟာယဖွဲ့ချင်ပါသည်ဟု ပြောဆိုအချိန်ရောက်ပါပြီ။



မိမိဘဝဇတ်လမ်းဝေငှခြင်းဖြစ်စေ၊ သူများကိုဖတ်ခေါ်ခြင်းဖြစ်စေ၊ ဉာဏ်ပညာဖြင့်သွေးဆောင်ခြင်းဖြစ်စေ၊ ဝမ်းမြောက်ခြင်းကို နှံ့ပြားစေခြင်းဖြစ်စေ၊ မိမိယုံကြည်မှုကို ဝေငှဖို့ အကောင်းဆုံးဧဝံဂေလိဟောပြောနည်းကို အသုံးပြုကြပါစို့။ ကျွန်တော်တို့၏ တာဝန်သည် လုပ်ဆောင်ဖို့ လိုသည်။ ကျွန်တော်တို့သည် သူတစ်ပါးအား ကယ်တင်ဖို့ရန် ဘုရားသခင် အမိန့်ပေးတော်မမူပေ။ ထိုအရာသည် ဘုရားသခင်၏တာဝန်သာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတစ်ပါး၏စိတ်နှလုံးကို ပြောင်းလဲပေးနေစဉ်၊ ကျွန်တော်တို့သည် ဘုရားသခင်၏ အသုံးတော်ခံသက်သက်သာ ဖြစ်သည်။


နေ့ 4

ဤအစီအစဉ်အကြောင်း

Sharing Your Faith

ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူ...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။