YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိယုံကြည်ခြင်းကို ဝေငှနည်းနမူနာ

Sharing Your Faith

5 ၏ နေ့ 1

ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဘာကြောင့် ဝေငှရမလဲ



အရှင်ယေရှုဘုရားကို ကယ်တင်သောအရှင်အနေဖြင့် ကျွန်တော်တို့ ယုံကြည်လက်ခံသောအခါ၊ ကျွန်တော်တို့ဘဝအတွက် သူ၏အကြံအစည်နှင့် နည်းများကို ဟုတ်ကဲ့ဟု ပြောခြင်းဖြစ်သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လူများထံ အရှင်ယေရှုဘုရား၏ အသက်တာပြောင်းလဲစေသော တန်ခိုးတော်များအကြောင်းဝေငှခြင်းသည်လည်း ဟုတ်ကဲ့ဟု ဝန်ခံခြင်း၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းကို ဧဝံဂေလိဟောပြောခြင်းဟု ခေါ်သည်။



ဧဝံဂေလိဟောပြောခြင်း၏ အနက်မှာ၊ အကြောင်းအရာတစ်ခုကို စိတ်နှစ်လုပ်ဆောင်မှုဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ခရစ်ယာန်ဘာသာတွင်၊ စိတ်နှစ်လုပ်ဆောင်မှုမှာ အရှင်ယေရှုဘုရားသည် အပြစ်သားများကို ကယ်တင်ခြင်းငှာ ဤလောကသို့ ကြွလာ၍ ကျွန်တော်တို့၏ အပြစ်အတွက် အသေခံပြီး သေခြင်းမှ ပြန်ထမြောက်ခြင်းအကြောင်းကို ဝေငှသောအခါတွင် ပြန့်နှံ့လာသည်။ ထိုအရာသည် သတင်းကောင်း ဖြစ်သည်။



ထို့ပြင်၊ ထိုအရာသည် အရှင်ယေရှုဘုရားနောက်လိုက်သူများအနေဖြင့် ကျွန်တော်တို့အဖို့ အဘယ်ကြောင့်အရေးကြီးပါသနည်း။ ပထမတစ်ချက်မှာ၊ ရှင်မဿဲခရစ်ဝင် အခန်းကြီး (၂၈) ၏ အဆုံးတွင်၊ ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသော နောက်ဆုံးစကား၌ ဧဝံဂေလိတရာကို ဟောပြောစေရန် စေခိုင်းခဲ့သည်။ တပည့်တော်တို့ကို ကိုယ်တော်က၊ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေဟု ပြောဆိုခဲ့သည်။ တပည့်တော်များလုပ်ဆောင်သလို၊ ကျွန်တော်တို့သည်လည်း လုပ်ဆောင်ရမည်။ ဒုတိယတစ်ချက်မှာ၊ တစ်စုံတစ်ယောက်၏ဘဝအတွက် အကျိုးရှိစေမယ့် သတင်းကောင်းကို သိကျွမ်းသောအခါ၊ ထိုသတင်ကောင်းကို ဝေငှပေးသည် မဟုတ်ပါလား။ အရှင်ယေရှုဘုရားကို သိခြင်းသည် သတင်းကောင်းဖြစ်ရုံသာမက၊ အကောင်းဆုံးသတင်း ဖြစ်သည်။ ကျွန်တော်တို့သည် လူသား၏အပြစ်ပြဿနာ ကုသဆေးကို သိသည်နှင့်၊ ထိုဘုရားသခင်၏ မေတ္တာတော်ကို သူတစ်ပါးထံ ဝေငှသူများဖြစ်ကြပါစို့။



ကျွန်တော်တို့သည် အရှင်ယေရှုဘုရား၏ သတင်းကောင်းတည်းဟူသော ဧဝံဂေလိတရားကို မဝေငှမီ၊ ၎င်းဧဝံဂေလိတရားကို ကိုယ်တိုင်သိကျွမ်းစေဖို့ အရေးကြီးသည်။ ဤသည်မှာ ကျွန်တော်တို့အဖို့ ဘုရားသခင်ပြုပေးခဲ့သော သမ္မာတရားကား၊



ဘုရားသခင်သည် မိတ်သဟာယဖွဲ့စေရန် ကျွန်တော်တို့ကို ဖန်ဆင်းခဲ့သည်။ (က၊ ၁း၂၆) သို့သော်၊ ကျွန်တော်တို့သည် ပြစ်မှားမိသောကြောင့် ပြစ်ဒဏ်ခံထိုက်ခဲ့သည်။ (ရော ၃း၂၃၊ ၆း၂၃) ကျေးဇူးတော်အားဖြင့်၊ ဘုရားသခင်သည် လောကီသားတို့ကို ကယ်တင်စေခြင်းငှာ မိမိ၌တစ်ပါးတည်းသောသားတော် အရှင်ယေရှုဘုရားကို ဤလောကသို့ စေလွှတ်ပြီး လက်ဝါးကပ်တိုင်တွင် အသေခံစေ၍ သင်္ချိုင်းမှ ထမြောက်ခြင်းဖြင့် ကျွန်တော်တို့အဖို့ ထွက်ပေါက်လမ်းကို ဖန်ဆင်းထားခဲ့သည်။ (ယော၊ ၃း၁၆၊ ရော၊ ၅း၈-၉) ကျွန်တော်တို့သည် အရှင်ယေရှုဘုရားကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ ထာဝရအသက်ကို ရရှိခံစားကြသည်။ (ရော၊ ၁၀:၉-၁၀)


ဤသတင်းသည် အလွန်ကောင်းသောကြောင့် တစ်ခါတစ်ရံ ယုံကြည့်ဖို့ ခက်လှသည် မဟုတ်ပါလား။ ကျွန်တော်တို့သည် ပြစ်မှားခဲ့သော်လည်း၊ မပျက်စီးစေခြင်းငှာ ပြည့်စုံသောမေတ္တာတော်အရှင် ကောင်းကင်အဖမှ မိမိ၌တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခဲ့သည်။ ဧဝံဂေလိတရားသည် လေးနက်သော်လည်း အလွန်ရိုးရှင်းပါသည်။ ဧဝံဂေလိတရားသည် အလွန်အမင်း ကောင်းသောသတင်း ဖြစ်သည်။



ဤကျမ်းစာအစီအစဉ်၏ နောက် (၄) ရက်အတွင်း၊ အရှင်ယေရှုဘုရားနှင့်ပတ်သက်ပြီး မိမိယုံကြည်ခြင်းကို သူတစ်ပါးထံ ဝေငှနည်းအမျိုးမျိုးကို အတူတကွ ရှာဖွေပါလိမ့်မည်။ မိမိယုံကြည်ခြင်းကို ဝေငှဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုမှာ အခြားသူများနှင့် ဆွေးနွေးနှီးနှောခြင်း ဖြစ်သည်။ ဥပမာ၊ မိမိအသင်းတော်အကြောင်းကို တစ်ခုခုပြောဆိုခြင်းဖြစ်သော်လည်းကောင်း၊ သူတစ်ပါးသည် ဘုရားသခင်အကြောင်းကို မည်သို့ယုံကြည်သနည်းဟု မေးမြန်းခြင်းဖြင့်သော်လည်းကောင်း၊ မိမိနှင့်အတူ ခရစ်ယာန်စာအုပ်ကို အတူဖတ်ရှုလေ့လာလျက် ဆွေးနွေးခြင်းဖြင့်သော်လည်းကောင်း စတင်ဝေငှနိုင်သည်။



နောက်လာမည့်နေ့ရက်များ ဆက်မသွားခင်၊ ခေတ္တခဏရပ်လျက်၊ ယေရှုဘုရားကို လိုအပ်နေသူ သုံးဦးမှ ငါးဦးကို သင်၏စိတ်နှလုံးတွင် ထည့်သွင်းဖော်ပြစေရန် တောင်းလျှောက်ဆုတောင်းပါ။ ထို့နောက်၊ သူတို့၏နှလုံးသားများ ပျော့ပြောင်းလျက် ထိရောက်သော ဝေငှမှုဖြစ်စေဖို့ ဆုတောင်းပါ။


နေ့ 2

ဤအစီအစဉ်အကြောင်း

Sharing Your Faith

ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူ...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။