YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိယုံကြည်ခြင်းကို ဝေငှနည်းနမူနာ

Sharing Your Faith

5 ၏ နေ့ 2

မိမိဘဝဇာတ်လမ်းကို ဝေငှပါ



အရှင်ယေရှုဘုရား၌ထားရှိသော ကျွန်တော်တို့၏ ယုံကြည်ခြင်းကို အကောင်းဆုံးဝေငှနည်းတစ်ခုမှာ ကျွန်တော်တို့၏ သက်သေခံချက် (သို့) ကိုယ်တွေ့အကြောင်းကို ဝေငှခြင်း ဖြစ်သည်။ သက်သေခံချက်ဆိုသည့် ဝေါ်ဟာရသည် ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အရာတစ်ခုကို ပြန်လည်ဝေငှခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ ဘ၀တွင်ဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုကို သက်သေခံခြင်း ဖြစ်သည်။ ကျွန်တော်တို့အကြောင်းကို ဝေငှခြင်းသည် အလွန်တန်ခိုးပါသည်။ အဘယ်ကြောင့်ဆိုသော်၊ သူတစ်ပါးသည် မိမိဘဝအကြောင်းကို မငြင်းနိုင်သည်သာမက၊ မိမိအထဲရှိ ပြောင်းလဲမှုကိုလည်း သူတစ်ပါး မြင်ကောင်းမြင်နိုင်လိမ့်မည်။



ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (၉) ၏အစတွင်၊ အရှင်ယေရှုဘုရားနှင့် တပည့်တော်များသည် လမ်း၌သွားစဉ်၊ မျက်စိကန်းသောသူတစ်ယောက်ကို တွေ့မြင်ခဲ့ကြသည်။ ဤသူသည် ကိုယ်အပြစ်ကြောင့် ကန်းသလောဟု တပည့်တော်များက သိချင်ခဲ့ကြသည်။ အရှင်ယေရှုဘုရားကလည်း၊ ကိုယ်အပြစ်ကြောင့် မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်း ဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။ (ယော၊ ၉း၃) နောက်ဆုံးတွင်၊ အရှင်ယေရှုဘုရားသည် မြေပေါ်မှာ တံတွေးကို ထွေး၍ ရွှံ့လုပ်ပြီး၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍ ထူးဆန်းစွာ ကုသပေးခဲ့သည်။ ထိုသူသည် သွား၍ ရှိလောင်ရေကန်၌ မျက်စိကို ဆေးပြီးမှ၊ မျက်စိမြင်သွားခဲ့သည်။



ဤသူသည် အမိဝမ်းတွင်းကပင် မျက်စိကန်းသူဖြစ်သည်ကို လူအားလုံးက သိကြသည်။ သူ၏ပတ်ဝန်းကျင်ရှိ လူအစုအဝေးအပေါင်းတိုနှင့် ပြန်လည်ဆက်ဆံသောအခါ၊ ထိုသူများသည် မိန်းမောတွေဝေလျက် သူ့ကိုမေးသောမေးခွန်များကို မြင်ယောင်ကြည့်နိုင်ပါသည်။
ထိုမြင်နေရသော မျက်မမြင်သူ၏ အမှုကိစ္စသည် အလွန်ကြီးမားသောကြောင့် စစ်ဆေးဖို့ရန် ဖာရိရှဲတို့ထံသို့ ပို့ဆောင်ကြသည်။ အစတွင်၊ ဥပုသ်နေ့၌ အရှင်ယေရှုဘုရားသည် ကုသပေးသောကြောင့် ဖာရိရှဲအချို့တို့သည် စိတ်ဆိုးကြသည်။ ထို့နောက်၊ ဖာရိရှဲတို့သည် မေးခွန်းများကို ထပ်မေးလျက်၊ ထိုလူသည် တကယ်မျက်မမြင်ဖြစ်ခဲ့ကြောင်းကိုပင် သံသယဝင်သွားကြသည်။ ဖာရိရှဲတို့သည် ထိုသူ၏မိဘများထံ လာရောက်စုံစမ်းခြင်းဖြင့် ၎င်းသံသယကို ပျောက်စေခဲ့သည်။



ကျွန်တော်တို့အများစုသည် ဖာရိရှဲများ၏ မေးခွန်းများကြောင့် - အထူးသဖြင့်၊ ဘုရားသခင်ကို ချီးမွမ်းလော့ဟု (ယော၊ ၉း၂၄) ထိုမျက်စိမြင်သွားသူကို အတင်းလုပ်ခိုင်းစေခြင်းဖြင့်၊ စိတ်ရှုပ်သွားစေလိမ့်မည်။ နောက်တွင်၊ သူသည် အလွန်စိတ်တိုသောအသံဖြင့် ဤသို့တုံ့ပြန်ခဲ့သည်ကို ကျွန်တော်တို့ မြင်ယောင်နိုင်သည်



လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်က မျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်ဟု ဆို၏။ (ယော၊ ၉း၂၅)



မိိတ်ဆွေ၏ဘဝဇာတ်လမ်းက ဘာလဲ။ ဘုရားသခင်က မိတ်ဆွေရဲ့စိတ်နှလုံးထဲမှာ ဘယ်လို လုပ်ဆောင်ခဲ့ပါသလဲ။ ဘုရားသခင်သည် မိမိဘဝကို ဘယ်လိုပြောင်းလဲစေခဲ့ပါသလဲ။ မိတ်ဆွေ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်ပြုခဲ့သောအမှုများကို ကြားလိုသူများစွာ ရှိပါသည်။ မိမိဘဝတွင် ဘုရားသခင်၏ အံ့ဩဖွယ်အမှုများကို မိတ်ဆွေထက် သာ၍ပြောဆိုနိုင်သူတစ်ယောက်မျှ မရှိပါ။ ကိုယ်တွေ့သက်သေခံချက်များသည် သူများ၏ဘဝကို ပြောင်းလဲစေတတ်သည်။



ဘုရားသခင်သည် မိတ်ဆွေ၏ဘဝတွင် မည်သို့ပြုခဲ့ပါသနည်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။ မိတ်ဆွေ၏ ကလေးတစ်ဦးအဖို့ အလွန်ထူးဆန်းသောအမှုတစ်ခုကို ပြုခဲ့သလို၊ ဘုရားသခင်သည် မိတ်ဆွေ၏ အနာရောဂါတစ်ခုကို ပျောက်စေသည့်အခွင့်လည်း ဖြစ်နိုင်သည်။ ဘဝနှင့်ပတ်သက်ပြီး မိတ်ဆွေ၏ အမြင်သည် လုံးဝဥဿုံ ပြောင်းလဲခဲ့ပြီး၊ ၎င်းပြောင်းလဲမှုသည် အရှင်ယေရှုဘုရား၏ အသက်တာပြောင်းလဲနိုင်သော တန်ခိုးတော်ကြောင့်သာ သိသွားခဲ့ပါသည်။ ဘုရားသခင်သည် မိတ်ဆွေကို သက်သေခံစေမည့်အကြောင်း မည်သည့်ဘဝဇာတ်လမ်းပေးခဲ့သည်ဖြစ်စေ၊ ထိုဘဝဇာတ်လမ်းကို ဝေငှလိုက်ပါ။


ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Sharing Your Faith

ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူ...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။