YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိယုံကြည်ခြင်းကို ဝေငှနည်းနမူနာ

Sharing Your Faith

5 ၏ နေ့ 3

သူများကို ဖိတ်ခေါ်ပါ



မိမိယုံကြည်ခြင်းကို အခြားသူများထံ ဝေငှဖို့ အလွန်ကောင်းသောနည်းလမ်းတစ်ခုကား ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ၊ ကျွန်တော်တို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး သူတစ်ပါးအား ဘယ်လိုပြောရမည်ကို မသိသော်လည်း၊ သတင်းကောင်းမြတ်ကို ကောင်းမွန်စွာ ကြားနာစေဖို့ သူများကို မိမိအသင်းတော်သို့ ဖိတ်ခေါ်ခြင်းသည် အစပြုလုပ်ဆောင်ဖို့အတွက် ကောင်းပါသည်။ အကယ်စင်စစ်၊ လူအများစုသည် ထုံးစံဓလေ့ကြောင့် ခရစ္စမတ် (သို့) အီစတာပွဲတော်များတွင် ဘုရားကျောင်းတက်ကြသည်။ လူတစ်စုံတစ်ဦးသည် ဖိတ်ခေါ်ခြင်းဖြင့် သခင်ယေရှုကို သိစေဖို့ မည်သို့မိတ်ဆက်ပေးနိုင်မည်ကို အစဉ်အမြဲ စောင့်ကြည့်လိုက်ပါ။



ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (၄) ရှိ၊ မှတ်သားဖွယ်ဇာတ်တော်တစ်ပုဒ်မှာ၊ အခြားသူများကို ဖိတ်ခေါ်ခြင်းအမှု ဖြစ်သည်။ အရှင်ယေရှုဘုရားနှင့် တပည့်တော်များသည် ယုဒပြည်တွင် လူများကို ဗတ္တိဇံပေးသောအချိန်ကာလ ရှိခဲ့သည်။ ကိုယ်တော်သည် ဂါလိလဲပြည်သို့ ပြန်ရာလမ်း၌ အနားယူပြီး ရေသွားယူစေဖို့ အနီးနားရှိ ရေတွင်းတစ်ခုတွင် ခေတ္တခဏ ထိုင်ခဲ့သည်။ ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ခြင်းငှာလာစဉ်၊ အရှင်ယေရှုဘုရားသည် ထိုရှမာရိအမျိုးသမီးကို ငါသောက်ဖို့ရေပေးပါဟု အမိန့်တော်ပေးခဲ့သည်။ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိသောကြောင့်၊ သူမသည် ယေရူ၏အကူအညီစကားတော်ကို အလွန်အံ့ဩသွားခဲ့သည်။



သူတို့၏ စကားစမြည်းပြောဆိုခြင်းအစတွင်၊ အရှင်ယေရှုဘုရားသည် အကြောင်းအရာတစ်ခုကို ရည်ညွှန်းသော်လည်း၊ အခြားအကြောင်းအရာဖြစ်သည်ဟု သူမတွေးမိခဲ့သည်။ ထို့နောက်၊ သူမသည် ထို အသက်ရေကို ပေးဖို့ရန် အရှင်ယေရှုဘုရားကို တောင်းဆိုခဲ့သည်။ သို့သော်၊ ကိုယ်တော်၏ တုံ့ပြန်မှုသည် အလွန်ထူးဆန်းခဲ့သည် - ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။ (ယော၊ ၄း၁၆) ထိုမိန်းမသည် အကျွန်ုပ်၌ လင်မရှိဟု ဆိုသောအခါ၊ အရှင်ယေရှုဘုရားသည် ယခင်ခင်ပွန်းငါးဦးနှင့် လက်ရှိနေထိုင်နေသော ချစ်သူ အပါအဝင် သူမ၏အတိတ်အကြောင်းကို ဆက်လက် ထုတ်ဖော်ပြောပြခဲ့သည်။



(ယော၊ ၄း၂၆) တွင်၊ ဆက်လက်ဆွေးနွေးနှီးနှောစဉ်၊ အရှင်ယေရှုဘုရားသည် အမျိုးသမီးကို ကိုယ်တော်တိုင် မေရှိယဖြစ်ကြောင်း ဖော်ပြပြောဆိုခဲ့သည်။ ထိုအခါ၊ သူမသည် သူမ၏ရေအိုးကို ထားခဲ့ပြီး၊ မြို့ထဲသို့ ထွက်ပြေး၍၊ သူ့အကြောင်းအကုန်သိသောသူကို တွေ့ခဲ့ပြီဟု လူများတို့အား စတင်ဝေငှခဲ့သည်။ မြို့သူမြို့သားများသည် ကိုယ်တော်ရှိသောနေရာထံသို့ ရောက်စေဖို့၊ အမျိုးသမီးနောက်ကို လိုက်လာခဲ့ကြသည်။ ထိုအချိန်၌၊ သူမ၏ဖိတ်ခေါ်ခြင်းသည် အံ့ဖွယ်အမှုတစ်ခုကို ဖြစ်စေခဲ့သည်။



ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသောအမှုအရာတို့ကို သူသည် ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။ (ယော၊ ၄း၃၉)


ထိုအခြေနေကို မြင်ယောင်နိုင်ပါသလား။ အမျိုးသမီးတစ်ဦးကို ရေတောင်းဆိုသည့် အမျိုးသားတစ်ဦး၏ ဇာတ်လမ်းသည် အဆုံးတွင် ဧဝံဂေလိဖြစ်ရပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤအမျိုးသမီးသည် သူများကို အရှင်ယေရှုဘုရားနှင့်တွေ့စေဖို့ ဖိတ်ခေါ်ခဲ့သောကြောင့်၊ လူအမြောက်အမြား၏ဘဝများကို ပြောင်းလဲခဲ့သည်။ သူမသည် အကုန်မသိ၊ အကုန်မပြောနိုင်သော်လည်း၊ လာ၍ကြည့်ကြပါဟု ရိုးရှင်းစွာ ဖိတ်ခေါ်ခြင်းဖြင့် လူများသည် လာခဲ့ကြသည်။



အရှင်ယေရှုဘုရားအကြောင်း လူတို့ကြားနာစေနိုင်သည့်နေရာထံသို့ ရောက်ရှိရန် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်နိုင်သည့် အကြောင်းအရာတစ်ခုကို ကျွန်တော်တို့ အားလုံး ရှာဖွေနိုင်ပါသည်။ မိတ်ဆွေသည် သူတစ်ပါးကို မိမိအသင်းတော်ထံ ဖိတ်ခေါ်နိုင်သလို၊ ဧဝံဂေလိဟောပြောပွဲ (သို့) ဓမ္မညီလာခံထံသို့ ဖိတ်ခေါ်နိုင်သည်။ သို့မဟုတ်၊ ကျမ်းစာလေ့လာခြင်းအဖွဲထံသို့ ဖိတ်ခေါ်နိုင်သလို၊ မိတ်ဆွေနှင့်အတူ ခရစ်ယာန်စာအုပ်တစ်အုပ်ကို အတူတကွ ဖတ်ရှုစေဖို့ ဖိတ်ခေါ်နိုင်ပါသည်။ မိတ်ဆွေသည် သူများကို Youversion ဖုန်းအက်ပ်ကို မိတ်ဆက်ပြီး၊ ကျမ်းစာဖတ်ရှုခြင်းအစီစဉ်တစ်ခုကို အတူတကွ ဖတ်ရှုလေ့လာနိုင်ပါသည်။



သူတစ်ပါးသည် အရှင်ယေရှုဘုရား၏ သမ္မာတရားနှင့် ကျေးဇူးတော်တရားအကြောင်းကို ကြားစေဖို့ ဖိတ်ခေါ်နိုင်သော နည်းလမ်းများစွာ ရှိပါသည်။ မိတ်ဆွေ၏ ယုံကြည်ခြင်းအကြောင်း ဝေငှနိုင်သည့် နည်းဗျူဟာထဲသို့ အစပြုအကောင်အထည်ဖော်နိုင်စေသည့်နည်းလမ်းများကို စဉ်းစားကြည့်ပါ။


နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Sharing Your Faith

ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူ...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။