YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သမ္မာကျမ်းစာကို စတင်ဖတ်ရှုနိုင်ပုံနမူနာ

How to Start Reading the Bible

4 ၏ နေ့ 4

ဘုရားသခင်ကို သူ၏နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ကိုးစားရန် သင်ယူပါ။



ခက်ခဲနေတဲ့အချိန် ဘဝမှာအမှောင်ကျနေတဲ့အချိန် ဘုရားသခင်ကိုကိုးစားခြင်းဟာ စစ်မှန်တဲ့ယုံကြည်ခြင်းဖြစ်တယ်။ ဆရာ Charles Spurgeon



သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို ပို၍တိုးတက်စေလိမ့်မည်။ သို့သော်၊ တစ်ခါတစ်ရံ သမ္မာကျမ်းစာ ကျွန်ုပ်တို့ဦးတည်ရှာဖွေနေသောအရာနှင့် ဖတ်ရှုနေသောကျမ်းစာမှာ တစ်ထပ်တည်းမဖြစ်တာလည်း ရှိတတ်ပါသည်။ ကျွန်ုပ်တို့ရိုးသားစွာ ပြောရမည်ဆိုလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့တောင်းလျှောက်သည့်အရာများကို မပေးတာဟာ ဘုရားသခင်ဟာ မကောင်းမြတ်လို့မဟုတ်ပေ။



ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသေအချာလေ့လာကြည့်မည်ဆိုလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အကျိုးအတွက် ကောင်းသောအရာများကို ပြင်ဆင်ထားပါသည်။ သို့သော်၊ ထိုအရာသည် ကျွန်ုပ်တို့၏အကောင်းဆုံးမဟုတ်ဘဲ သူ ၏အကောင်းဆုံး ဖြစ်သည်။ ကျွန်ုပ်တို့အတွက် သူ၏အကြံအစည်သည်ကောင်းမွန်ပြီး ကျွန်ုပ်တို့မတောင်းလျှောက်ခင်ကပင် ကျွန်ုပ်တို့လိုအပ်သောအရာများကို ကြိုတင်သိနှင့်သောသူ ဖြစ်ပါသည်။ ဘုရားသခင်အကြောင်းပိုသိလာလေ ဘုရားကို ပိုကိုးစားဖို့ ဖြစ်လာပါသည်။



ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အားနေ့စဉ်ယုံကြည်စိတ်ချမှုရှိစေရန် ကူညီပေးပါမည်။ သူက ကျွန်ုပ်တို့အား ကျမ်းစာ၌ကတိတော်များပေးပြီး သူတို့တောင်းသည့်အခါမျှော်လင့်ချက်ပေးသည်၊ သို့သော်၊ အချို့ကို ကြည့်ကြစို့။ ဘုရားသခင်ကတိထားသောအရာများမှာ။



... ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ (၁ ယော၊ ၁း၉)

... ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ (မ၊ ၁၁း၂၈-၂၉)

... ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည် (ယော၊ ၈း ၁၂)

... အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌ တည်၏၊ ထိုသူသည်များစွာသောအသီးကို သီးတတ်၏။ (ယော၊ ၁၅း ၅)

...ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသောဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ (ယာ၊ ၁း ၅)

...သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ (ရော၊ ၁၀း၉)



ကျွန်ုပ်တို့ကျမ်းစာဖတ်ချိန်တွင် တချို့အရာများကို နားမလည်နိုင်ပေ။ သို့သော်၊ သင်းအုပ်ဆရာအန်ဒီစတန်လေက "တစ်စုံတစ်ခုကို ယုံကြည်ဖို့အားလုံးကို နားလည်စရာ မလိုပါဘူး။"လို့ ပြောထားပါသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ပို၍ ရှာဖွေလေ၊ သူ့ကို ပိုမိုသိကျွမ်းလေဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ပို၍ သိကျွမ်းလေ၊ ကိုယ်တော်ကိုယုံကြည်လေလေ ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုနေ့၏အစိတ်အပိုင်းတစ်ခုဖြစ်လာသည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့၏လမ်းပြ၊ ဉာဏ်ပညာပေးရှင်၊ နှစ်သိမ့်ပေးသူ၊ မျှော်လင့်ခြင်းနှင့် အဘယ်သူသည်ငြိမ်းချမ်းရေးကို ဆောင်တတ်၏။



ဆင်ခြင်စဉ်းစားပါ




  • မိတ်ဆွေသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံပါသလား။ မယုံပါက၊ ဘာဆီးတားမှု ရှိနေပါသလဲ။

  • ခဏတာစဉ်းစားပါ။ ထိုအရာများကို သူသိပြီးဖြစ်သောကြောင့် မတွန့်ဆုတ်ပါနှင့်။ ထို့နောက်၊ မိတ်ဆွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသောအရာအားလုံးကို ကိုယ်တော့်ထံ ချထားပါ၏ဟု ဆုတောင်းပါ။

နေ့ 3

ဤအစီအစဉ်အကြောင်း

How to Start Reading the Bible

ရိုးရိုးသားသားပြောပါရစေ။ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ကောင်းသောအကြံဖြစ်သည်ကို ကျွန်ုပ်တို့သိသော်လည်း၊ မည်သည့်နေရာမှစတင်ရမည်ကိုသိရန် အနည်းငယ်ခက်ခဲသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း၊ နေ့စဉ်ကျမ်...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။