YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သမ္မာကျမ်းစာကို စတင်ဖတ်ရှုနိုင်ပုံနမူနာ

How to Start Reading the Bible

4 ၏ နေ့ 3

သမ္မာကျမ်းစာကို မိမိ၏အသက်တာ၌ လက်တွေ့လိုက်လျှောက်ကျင့်သုံးခြင်း



သမ္မာကျမ်းစာကို လက်တွေ့မလိုက်လျှောက်ဘဲ လေ့လာရုံသက်သက် မပြုလုပ်မိပါစေနဲ့ - ဆရာ Francis Chan



ကျွန်ုပ်တို့ပြောခဲ့သလိုပဲ သမ္မာကျမ်းစာကိုဖတ်ရှုခြင်းသည် ခရစ်တော်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းအတွက်အလွန်အရေးကြီးသည်။ သို့သော်၊ နောက်ခံအချက်အလက်အချို့ကို ဖတ်ရုံနှင့် သင်ယူရုံမျှဖြင့် ထိုဗဟုသုတနှင့် ဘာမျှမလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့်၊ ကျွန်ုပ်တို့ခရစ်တော်၏နောက်လိုက်များအနေဖြင့် ဆက်၍ ကြီးထွားလာနိုင်ရန် ဖတ်ရှုလေ့လာသိရှိရာကို လက်တွေ့ကျင့်သုံးရမည်



ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏လက်နက်ဖြစ်ပြီး သန်လျက်တကာတို့ထက်ထက်သောအရာ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ သိုဝှက်ထားပါက၊ ကျွန်ုပ်တို့ကို အပြစ်တရားမှဝေးကွာစေရုံသာမက မကောင်းသောအရာများကို အောင်မြင်အောင်ကူညီပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့ရန်သူသည် ဘုရားသခင်နှင့် သမ္မာကျမ်းစာကို မယုံဖို့ပါသွေးဆောင်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးရန်သူများသည် ကျွန်ုပ်တို့သိရှိခဲ့ရာများကို လျစ်လျူရှုရန် မျှော်လင့်နေကြသည်



သို့သော်၊ သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် အစွမ်းထက်ဆုံးအရာများထဲမှတစ်ခုမှာ ကျွန်ုပ်တို့သည်ခရစ်တော်၌ရှိခြင်းနှင့် ထိုသမ္မာတရားများကို ကျွန်ုပ်တို့၏ဘဝတွင် လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။ အောက်တွင်ဖော်ပြထားသောလိမ်လည်မှုများနှင့်အချို့သောတားဆီးမှုများကို ကျွန်ုပ်တို့ကျော်လွှားအောင်နိုင် ရမည်ဖြစ်သည်။



ကျွန်ုပ်တို့ယုံကြည်သောလိမ်လည်မှုများ - ကျွန်ုပ်ဟာအရှုံးသမား မှန်မှန်ကန်ကန် လုပ်လို့မရဘူး

ဘုရားသခင်၏သမ္မာတရားကို လိုက်လျှောက်ပါ - ငါ့ကိုခွန်အားနှင့်ပြည့်စုံတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏ (ဖိ၊ ၄း၁၃)



ကျွန်ုပ်တို့ယုံကြည်သောလိမ်လည်မှုများ - ကျွန်ုပ်၏ဘဝကို ဒီလိုဖြစ်အောင် ဘုရားသခင်က ဘာ့ကြောင့် ခွင့်ပြုထားတာလဲ။

ဘုရားသခင်၏သမ္မာတရားကို လိုက်လျှောက်ပါ။ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ (ရော၊ ၈:၂၈)



ကျွန်ုပ်တို့ယုံကြည်သောလိမ်လည်မှုများ - ငါကတော့အမြဲဒီအတိုင်းပဲဖြစ်နေမှာပဲ။
ဘုရားသခင်၏သမ္မာတရားကို လိုက်လျှောက်ပါ။ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ ကော၊ ၅:၁၇)



ကျွန်ုပ်တို့ယုံကြည်သော မုသားများကို စဉ်းစားပါ။ လိမ်ညာခြင်းသည် သဘာဝကျသည်။ လိမ်ညာရတာတော်တော်လေးကို လွယ်ကူသည်။ အကြောင်းမှာ မုသားသည် ကျွန်ုပ်တို့၏ဘဝအတွက် တစိတ်တပိုင်းဖြစ်လာကြသောကြောင့် ဖြစ်သည်။ သို့သော်၊ ဤအရာသည် ဘုရားသခင်၏အကောင်းဆုံး မဟုတ်ပါ။ ထိုအရာသည် မုသား၊ လိမ်ညာခြင်း မကောင်းသောအရာကိုသိသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် အောင်ပွဲသို့လမ်းတဝက်ရောက်နေပြီဖြစ်သည်။ သမ္မာတရားကို သိနိုင်ရန် ကျွန်ုပ်တို့ကို သူနှုတ်ကပတ်တော်ပေးခဲ့သည်၊ အကြောင်းမှာ နှုတ်ကပတ်တော် သည်ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။



ကျွန်ုပ်တို့ဟာ အသက်တာအသစ်ကို ဖြစ်စေခြင်း၊ မျှော်လင့်ခြင်းအသစ်ကို သယ်ဆောင်ပေးခြင်းနှင့် မာရ်နတ်ကိုနှင်ထုတ်နိုင်သော နှုတ်ကပတ်တော်၏တန်ခိုးဖြင့် သာ၍ အောင်မြင်သောသူအဖြစ် အသက်ရှင်ကြပါစို့။



ဆင်ခြင်စဉ်းစားပါ




  • မိတ်ဆွေ ဖတ်ရှုထားသောနှုတ်ကပတ်တော်ကို လက်တွေ့လိုက်လျှောက်ကျင့်သုံးပါရဲ့လား။ သို့မဟုတ်၊ လက်တွေ့လိုက်လျှောက်ဖို့ မိမိအသက်တာထဲမှာ အစွမ်းခွန်အား မရှိဘူးလား။

  • ယခု၊ မိတ်ဆွေအခက်ခဲဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသလား။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အချိန်ပေးပြီးဖတ်ရှုခြင်းနှင့် လက်တွေ့လိုက်လျှောက်ခြင်းဖြင့် မိတ်ဆွေရဲ့အသက်တာကို အောင်မြင်ခြင်းရရှိနိုင်မည်ဖြစ်သည်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

How to Start Reading the Bible

ရိုးရိုးသားသားပြောပါရစေ။ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ကောင်းသောအကြံဖြစ်သည်ကို ကျွန်ုပ်တို့သိသော်လည်း၊ မည်သည့်နေရာမှစတင်ရမည်ကိုသိရန် အနည်းငယ်ခက်ခဲသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း၊ နေ့စဉ်ကျမ်...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။