YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သမ္မာကျမ်းစာကို စတင်ဖတ်ရှုနိုင်ပုံနမူနာ

How to Start Reading the Bible

4 ၏ နေ့ 2

နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအလေ့အထများ စတင်ရန်



ဘယ်တော့မှ နှစ်ခါမလွဲပါနှင့်။ တစ်ရက်ဖတ်ဖို့မေ့လျှင် မိတ်ဆွေတတ်နိုင်သမျှ အမြန်ဆုံးလိုက်မီရန် ကြိုးစားပါ - ဆရာ James Clear



သမ္မာကျမ်းစာကို မစတင်သေးသောအရာတစ်ခုဖြစ်ပါက၊ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် အလွန်ခက်ခဲနိုင်သည်။ သို့မဟုတ် တစ်ခါတလေမှ ဖတ်တာမျိူးဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယေဘုယျအားဖြင့် ၎င်းသည် မိတ်ဆွေ၏ နေ့စဉ်ဘဝ၏ အစိတ်အပိုင်း မဟုတ်ပါ။ ယနေ့ ကျွန်ုပ်တို့သည် ရိုးရှင်းသောအဆင့်အချို့ကို ထည့်သွင်းခြင်းအားဖြင့်ပြောင်းလဲနိုင်သည်။



နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းကို

ပုံမှန်ပြုလုပ်ရန်မှာ သတ်သတ်မှတ်မှတ် မဟုတ်ပါ။ မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်တို့ပြုလုပ််နိုင်ရန် ဘုရားသခင်သည် ခွန်အားပေးလမ်းပြပေးပါလိမ့်မည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း - ဘယ်တော့မှမပျက်ကွက်ပါနှင့်။ ဘုရားသခင် ကျွန်ုပ်တို့ကို စိတ်ဆိုးမှာ မဟုတ်ပါဘူး။ - ဒေါသလည်း မထွက်ပါဘူး။ သို့သော်၊ သမ္မာကျမ်းစာဖတ်ရှုခြင်းကို မိမိလက်လွတ်ဆုံးရှုံးလေလေ၊ လုံးဝရပ်တန့်ရန် ပို၍ လွယ်ကူလေဖြစ်သည်။ သမ္မာကျမ်းစာကိုဖတ်ရှုခြင်း၌ မိတ်ဆွေစတင်ဖို့ကူညီရန် အကြံပြုချက်များကို အောက်တွင်ဖော်ပြထားသည်။



ဓမ္မသစ်ကျမ်းကို ဖတ်ပါ။

ဓမ္မသစ်ကျမ်းသည် သခင်ယေရှု၏ဘဝနှင့် သွန်သင်ခြင်းများကို မှတ်တမ်းတင်ထားသောကြောင့် ၎င်းသည်အလွန်ကောင်းသောအစ ဖြစ်သည်။ ဓမ္မဟောင်းကျမ်းအကြောင်းနောက်မှ ပိုမိုဖတ်နိုင်သည်။ သို့သော်၊ အစပြုသူများ (သို့) ၎င်းကို နားမလည်သူများအတွက် ဤသည်မှာ မတ်ဆွေ၏အစ ဖြစ်သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းမှစတင်ပြီး နေ့စဉ်အခန်းကြီးတစ်ခန်းစီ ဖတ်ပါ။ ကျမ်းစာဖတ်နေစဉ်အတွင်း မေးသောမှတ်စုများ (သို့) မေးခွန်းများကို ချရေးပြီးသမ္မာကျမ်းစာနှင့် ပတ်သက်၍ အတွေ့အကြုံပိုမိုရှိပြီး ဗဟုသုတပိုမိုရှိသောသူငယ်ချင်း (သို့) သင်းအုပ်ဆရာကို အကူအညီတောင်းပါ။



ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို စတင်ပါ။

မိတ်ဆွေကို ကူညီရန် YouVersion တွင် ထောင်ပေါင်းများစွာသော ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို ပြင်ဆင်ထားသည်။ သမ္မာကျမ်းစာ၊ ယင်း၏သမိုင်းကြောင်းနှင့် နောက်ခံအကြောင်း အလွန်အမင်းတတ်ကျွမ်းသူများစွာရှိပြီး၊ ၎င်းကို နားလည်ရန် အမှန်ပင်အထောက်အကူပြုလိမ့်မည်။ သမ္မာကျမ်းစာဖြင့် အသက်တာလျှောက်လှမ်းနိုင်ရန် မိတ်ဆွေအား ကူညီမည့် နေ့စဉ်အစီစည်ကို ရှာဖွေခြင်းဖြင့် စတင်နိုင်ပါသည်။



လမ်းညွှန်မှုအတွက် ဆုတောင်းပါ။

သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ခြင်းသည် ပထမခြေလှမ်း ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းသည့် အစပြုခြင်းပါ။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖတ်ရှုလေ့လာရင်း ဘုရားသခင်နှင့်ပတ်သက်သော တန်ဖိုးရှိသော ထိုးထွင်းသိမြင်မှုကို ပြသရန် ဘုရားသခင်ထံ ဆုတောင်းပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်နိုင်ပြီး မိမိအသက်တာထဲမှာ ကြီးထွားအသက်ရှင်စေပါ။



သမ္မာကျမ်းစာကို ကျွန်ုပ်တို့မဖတ်လိုသောနေ့များ ရှိလိမ့်မည်။ အခြားအရာများက ကျွန်ုပ်တို့ကို အာရုံပျံ့လွင့်စေသည်။ သမ္မာကျမ်းစာကို ကျွန်ပ်တို့ဖတ်သော်လည်း နားမလည်နိုင်တဲ့အချိန်လည်း ရှိတတ်ပါသည်။ ဘာပဲဖြစ်ဖြစ်၊ သမ္မာကျမ်းစာဖတ်ဖို့ ဆုံးဖြတ်ချက်ချပါ။ တစ်ခ်တစ်ရံမှာ လက်တွေ့လုပ်တဲ့အခါမှာ သိပ်မခံစားမိသော်လည်း၊ တကယ်စလုပ်တဲ့အခါမှာတော့ ခံစားချက်ကလိုက်လာတတ်ပါသည်။

ယနေ့၊ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းလုပ်ရိုးလုပ်စဉ်ကို စတင်လုပ်ဆောင်လာသည်နှင့်အမျှ ဘုရားသခင်သည် မိတ်ဆွေမမြင်နိုင်သည့်အရာများကို ပြလိမ့်မည်။ ဤရင်းနှီးမြုပ်နှံမှုသည် မိမိ၏အသက်တာ၌ တည်မြဲသော ဝိညာဉ်ရေးရာ၌အကျိုးကျေးဇူးများရရှိလိမ့်မည်ဟု ယုံကြည်စိတ်ချပါ။



ဆင်ခြင်စဉ်းစားပါ




  • မိတ်ဆွေက ကျမ်းစာကို နေ့တိုင်းဖတ်ပါသလား။ ဘာကြောင့်လဲ။

  • လာမည့်ရက် (၃၀) အတွက် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရန် စိတ်ဆုံးဖြတ်ချက်ချပါ။ ဤစိန်ခေါ်မှုနှင့်အတူ မျှဝေရန်တစ်စုံတစ်ဦးကို ရှာဖွေချင်ပေမည်။ (မိမိ၏ကျမ်းစာအစီအစဉ်ကို သူငယ်ချင်းများနှင့် စတင်ပြီး မိတ်ဆွေနှင့်အတူပြုလုပ်ရန် သူတို့ကိုခေါ်ဖိတ်နိုင်သည်။)

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

How to Start Reading the Bible

ရိုးရိုးသားသားပြောပါရစေ။ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ကောင်းသောအကြံဖြစ်သည်ကို ကျွန်ုပ်တို့သိသော်လည်း၊ မည်သည့်နေရာမှစတင်ရမည်ကိုသိရန် အနည်းငယ်ခက်ခဲသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း၊ နေ့စဉ်ကျမ်...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။