YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သမ္မာကျမ်းစာကို စတင်ဖတ်ရှုနိုင်ပုံနမူနာ

How to Start Reading the Bible

4 ၏ နေ့ 1

သမ္မာကျမ်းစာဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။



သမ္မာကျမ်းစာကို အသေအချာဖတ်ရှုခြင်းသည် ဖွံ့ဖြိုးသောဝိညာဉ်ရဲ့လက္ခဏာတစ်ခု ဖြစ်သည်။ - အမည်မသိ



ဘုရားသခင့်နှုတ်ကပတ်တော် (သို့) ဘုရားသခင်၏စကားတော် အဖြစ်မကြာခဏရည်ညွှန်းလေ့ရှိတဲ့ သမ္မာကျမ်းစာဟာ ခရစ်တော်ရဲ့နောက်လိုက်တစ်ယောက်အနေနဲ့ ကျွန်ုပ်တို့ရဲ့လမ်းညွှန်စာအုပ် ဖြစ်တယ်။ သခင်ယေရှုထံချဉ်းကပ်ရန် အထောက်အကူပြုသော အဓိကအရာ ဖြစ်သည်။ ကျွန်ုပ်တို့၏ မေးခွန်းများအားလုံးကို သမ္မာကျမ်းစာက အဖြေမပေးနိုင်သော်လည်း ဘုရားသခင်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ သူတစ်ပါးနှင့် မည်သို့ဆက်ဆံရမည်၊ ရည်ရွယ်ချက်ဖြင့် မည်သို့အသက်ရှင်ရမည်ကို လမ်းညွှန်ပေးသည်။ ထာဝရအသက်ကို မည်သို့ရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။



လုပ်ဆောင်ရခက်တဲ့အရာတစ်ခုကို ပြောပါဆိုရင် ကျမ်းစာဖတ်သင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သို့သော်၊ ကျွန်ုပ်တို့သည် တန်ခိုးနှင့်ပြည့်စုံသော ကျမ်းစာအမှန်တရားကို သင်ယူနိုင်ပြီးနောက် ၎င်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင်လိုက်လျှောက်နိုင်ရန် ကျွန်ုပ်တို့ကို အားပေးလိမ့်မည်။



ပထမဦးစွာသမ္မာကျမ်းစာအကြောင်း ကို ပြောကြပါစို့။



သမ္မာကျမ်းစာသည်...

နှင့်ဖွဲ့စည်းထားသည်


  • စာအုပ် (၆၆) ခု...

  • ... နှစ်ပေါင်း (၁၅၀၀) ကျော်ပြုစုခဲ့သည်။

  • ... ဘာသာစကားသုံးမျိုးဖြင့်...

  • ... မတူညီသောစာရေးသူ (၄၀) ကျော်...

  • ... တိုက်ကြီးသုံးတိုက်တွင် နေထိုင်သည်။

  • ... အားလုံးသည် ဘုရားသခင်မှုတ်သွင်းခြင်း ဖြစ်သည်။


ထိုစာအုပ်များကို အမှီအခိုကင်းစွာရေးသားခဲ့ကြသော်လည်း ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ရပ်လုံးတွင် ပျံ့နှံ့နေသောအကြောင်းအရာခေါင်းစဉ်ကို ဖော်ပြထားသည်။ ယေရှုခရစ်တော်။



သခင်ယေရှု၏ဘဝနှင့် လုပ်ဆောင်မှုကို ဓမ္မဟောင်းကျမ်းပရောဖက်ပြုချက် (၃၀၀) ကျော်နှင့် ၄င်းတို့အားလုံးသည်သူ၏ဘ၀တွင် ပြည့်စုံခဲ့သည်။ ဤကွဲပြားခြားနားမှုအားလုံးနှင့် လမ်းခရီး၌ သမ္မာကျမ်းစာကို ရေးသားချိန်တွင် ဤစာရေးဆရာများ ကြိုတင်မြင်နိုင် (သို့) အတူတကွ စုစည်းနိုင်သည့်ရှင်းပြချက် မရှိပါ။



ဒီအချက်တွေက တကယ်ကိုအံ့သြစရာပဲ။ သမ္မာကျမ်းစာကိုလေ့လာခြင်းနှင့် သင်ယူခြင်းဟာ ထာဝရကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့သည် အကန့်အသတ် အဆုံးမဲ့ဘုရားသခင် ကို နားလည်ရန် ကြိုးစားနေသောလူများဖြစ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း၊ ကျွန်ုပ်တို့၏ နားလည်မှုအတွက် ကြီးထွားနိုင်ရန်အတွက် ဘဝတစ်လျှောက်လုံးဆက်လက်သင်ယူနိုင်ပါသည်။



သမ္မာကျမ်းစာကို ကျွန်ုပ်တို့မဖတ်ပါက ကျွန်ုပ်တို့၏အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သည်ကို ကျွန်ုပ်တို့သိလိုကြသည်။ တစ်နေ့မဖတ်ရရင် အကြီးအကျယ်ခြားနားမှာမဟုတ်ဘူးလို့ ထင်တတ်ကြတယ်။ သို့ပေမဲ့ ၎င်းသည်၊ ကျွန်ုပ်တို့တွင်ရှိသော အခြေအနေအတွက်မူးယစ်ဆေးဝါးသောက်သုံးခြင်းနှင့်တူသည်။ ထိုအရာသည် များစွာအလုပ်လုပ်လိမ့်မည်ဟု မထင်မှတ်နိုင်သော်လည်း ၎င်းကို မသောက်တော့ပါကကြီးမားသော ခြားနားချက်ကို သတိပြုမိနိုင်သည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အပေါ်လွှမ်းမိုးမှုရှိသည်ဟု အမြဲခံစားရမည် မဟုတ်ပါ။ သို့သော်၊ ၎င်းကို သခင်ယေရှုနှင့်နေ့စဉ်လျှောက်လှမ်းခြင်းမှ သွေဖယ်လျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးငတ်မွတ်မှုကို တွေ့ရှိလိမ့်မည်။



ဒီကျမ်းစာအစီအစဉ်ကို လေ့လာကြည့်တဲ့အခါ နေ့စဉ်သင်ယူမှုအလေ့အထကို ဘယ်လိုဖွံ့ဖြိုးလာတယ်ဆိုတာလေ့လာပြီး လက်တွေ့ ဘုရားသခင့်နှုတ်ကပတ်တော်ကို ကျင့်သုံးပါ။ သူ၏အသက်တာနှင့် ယုံကြည်မှု ဘုရားသခင်နှင့် ပုံမှန်အချိန်ယူပါ။



ဆင်ခြင်စဉ်းစားပါ




  • မိတ်ဆွေသည် သမ္မာကျမ်းစာ၏ တန်ဖိုးနှင့် အရေးကြီးမှုကို ယုံကြည်ပါသလား။ ဘာ့ကြောင့်လဲ?

  • အကယ်၍ ဤအကြောင်းအရာကို ပိုမိုလေ့လာလိုလျှင်၊ အွန်လိုင်းပေါ်မှာသူတို့ဘဝတစ်လျှောက်သမ္မာကျမ်းစာကိုလေ့လာပြီး ဖော်ထုတ်ထားတဲ့ လူများရဲ့အကြောင်းကို လေ့လာနိုင်ပါသည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

How to Start Reading the Bible

ရိုးရိုးသားသားပြောပါရစေ။ သမ္မာကျမ်းစာကိုဖတ်ခြင်းသည် ကောင်းသောအကြံဖြစ်သည်ကို ကျွန်ုပ်တို့သိသော်လည်း၊ မည်သည့်နေရာမှစတင်ရမည်ကိုသိရန် အနည်းငယ်ခက်ခဲသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း၊ နေ့စဉ်ကျမ်...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှ ဖန်တီးပြီးထောက်ပံ့ပေးသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။