YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

၂၀/၂၀- မြင်၏ ရွေးချယ်ခံရ၏ ပို့ဆောင်တော်မူ၏ ခရစ်စတင်း ကိန်းနမူနာ

20/20: Seen. Chosen. Sent. By Christine Caine

7 ၏ နေ့ 6

သခင်ယေရှုရဲ့နောက်ဆုံးအမိန့်တော်ကိုသင့်ရဲ့အကြီးမြတ်ဆုံးဦးစားပေးမှုဖြစ်စေပါ


သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၈း၁၉-၂၀



ဘုရားသခင်သည် ကျွန်မတို့အား “သွား၍ တပည့်ဖြစ်စေ” ရန် ညွှန်ကြားထားသောကြောင့် ဤအခန်းငယ်များကို ကြီးမြတ်သောညွှန်ကြားချက်ဟု မကြာခဏရည်ညွှန်းလေ့ရှိသည်။ ဤအရာများသည် ကောင်းကင်ဘုံသို့မတက်မီ ယေရှုမိန့်တော်မူခဲ့သော နောက်ဆုံးစကားဖြစ်ကြောင်း ရှင်မဿဲမှတ်တမ်းတင်ခဲ့သည်။



တစ်ယောက်ယောက်ပြောတဲ့ နောက်ဆုံးစကားက အမြဲတမ်း အရေးကြီးတယ်မဟုတ်ပါသလား။ အကယ်၍ တစ်စုံတစ်ယောက်သည် နောက်ဆုံးဆန္ဒနှင့် ဓမ္မစာကို ရေးသားနေပါက၊ ၎င်းတို့သည် ၎င်းတို့၏ နောက်ဆုံးညွှန်ကြားချက်များနှင့် အောက်မေ့သတိရခြင်းများကို ရေးသားနေခြင်းဖြစ်သည်။ ထိုစကားတွေကို ကျွန်မတို့ ဘယ်တော့မှ မမေ့ဘူး မဟုတ်လား။



အမေ ဆုံးပါးသွားတဲ့အချိန်က ကျွန်မရဲ့ အသက် ၅၀ ပြည့် မွေးနေ့ဖြစ်ပါသည်။ နစ်ခ်သည် သူငယ်ချင်းများစွာဖြင့် ကျွန်မအတွက် ခမ်းနားထည်ဝါသော ပါတီကို ကျင်းပပေးခဲ့ပြီး အိမ်အပြန်လမ်းတွင် အစ်ကိုဖြစ်သူ အန်ဒရူးထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများ အများအပြားနဲ့အတူ ရိုးရိုးရှင်းရှင်း "မေမေ သွားပြီ။" ဆိုသောစာသားကိုတွေ့လိုက်ရသည်။ ကျွန်မရဲ့နောက်ထပ်အစ်ကို တစ်ယောက်ဖြစ်တဲ့ ဂျော့ဂ်ျက အမေနဲ့ FaceTime ပြောဖို့ ကျွန်မကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ ပါတီပြီးရင် ‌အမေ့ကို ဖုန်းပြန်ခေါ်ပြီး အပျော်အပါးတွေအကြောင်း အပြည့်အစုံကို ပြောပြမယ်ဟု ပြောခဲ့သည်။ ကျွန်မအမေ့ရဲ့ မျက်နှာမှ အပြုံံးနှင့်အတူကျွန်မကိုချစ်တယ်ဆိုသော အမေ့ရဲ့နောက်ဆုံး စကားကို နောက်ဆုံးအမှတ်တရအနေနှင့်သိမ်းထားချင်ပါသည်။



အမေ့ရဲ့ နောက်ဆုံးစကားတွေကို ကျွန်မ ဘယ်လိုမှ မမြတ်နိုးဘဲနေရပါမလဲ။



သင့်ကို နောက်ဆုံးစကားပေးဖူးတဲ့သူ ရှိပါသလား။ ထိုနောက်ဆုံးစကားမှာ ညွှန်ကြားချက်တစ်ခုပါရင် သင်ဘာလုပ်မလဲ။ “မင်းအစ်ကိုကို ဂရုစိုက်ပါ” သို့မဟုတ် “ငါ့ကိုယ်စား မင်းအမေကို စောင့်ရှောက်ပါ” ဆိုတဲ့ အသနားခံစကားတွေ ပါ၀င်တယ်ဆိုရင် ထိုတောင်းဆိုချက်သည် သင့်ဘဝတွင် မစ်ရှင်တစ်ခုဖြစ်လာမည် မဟုတ်ပါသလား။ ထိုတောင်းဆိုမှုသည် သင်၏ အကြီးမားဆုံးဦးစားပေး ဖြစ်လာမည် မဟုတ်ပါလား။



ယေရှု၏ နောက်ဆုံးစကား နောက်ဆုံးမိန့်မှာချက်ကို ကျွန်မတို့၏ အကြီးမြတ်ဆုံးဦးစားပေး‌အဖြစ် ထားရမည့်အချိန်ရောက်ပြီလော။



ဘုရားသခင်ရဲ့ ကရုဏာတော်၊ တန်ခိုးတော်၊ မျက်မှောက်တော်၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာကို လူအများ သိစေရန် ကျွန်မတို့၏ အသက်တာကို ဘုရားသခင်ထံ ပူဇော်ပါက ဘာဖြစ်မည်ကို စိတ်ကူးကြည့်ပါ။ ကျွန်မတို့သွားလေရာရာ၌၊ ကျွန်ုပ်တို့၏ အပြန်အလှန်ဆက်ဆံမှုတိုင်းသည် “ဘုရားသခင်၊ ကျွန်ုပ်သည် အပြည့်အဝ အဖအတွက်ဖြစ်ပါတယ်၊ ကျွန်ုပ်ကို သုံးပါ၊ ဒီအချိန်ကိုအသုံးပြုပြီး အခြားသူများကို သခင့်ထံလာရန် ဤအပြန်အလှန်တုံ့ပြန်မှုကို အသုံးပြုပါ။” လို့ ရိုးရိုးရှင်းရှင်း ဆုတောင်းကြည့်ပါ။ ထိုဆုတောင်းချက်ကို ဘုရားသခင်ဖြေမည်ဟု သင်ထင်ပါသလား။ သူဖြေမယ်လို့ ကျွန်မယုံကြည်ပါတယ်။



ဤလောက၌ ဘုရားသခင်ကို သိစေရန် ဘုရားသခင်သည် သင်နှင့်ကျွန်ုပ်ကို ရွေးချယ်ခဲ့သည်။ ဒါဟာဒုတိယအစီအစဥ် မဟုတ်ပါ။ ကျွန်မတို့သည် ဘုရားသခင်၏ ဦးစာပေး ပထမအစီအစဉ် ဖြစ်ပါသည်။ ကျွန်မတို့၏ အကြီးမားဆုံးဦးစားပေး နောက်ဆုံးအမိန့်တော်ကိုသွားပြောကြပါစို့။



ဆုတောင်းချက်



ဘုရားသခင်၊ ယနေ့ ကျွန်မသွားလေရာရာတိုင်း၊ ကျွန်မသည် ဘုရားသခင်တွက် အဆင်သင့်ရှိပါပြီ။ ထိတွေ့မှုတိုင်းတွင် အခြားသူများကို ဘုရားသခင်ထံ ရောက်ရှိရန် ကျွန်မကို အသုံးပြုပါ။ ကျွန်မသည် ယေရှု၏နာမကို အမှီပြု၍ ဘုရားသခင်၏ တပည့်တော်များ ပွားများစေရန် အဆင်သင့်ဖြစ်နေပါပြီ၊ အာမင်



Adapted from 20/20: Seen.Chosen.Sent by Christine Caine. Copyright © 2019 by Christine Caine. Reprinted with permission of Lifeway Women. All rights reserved.


နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

20/20: Seen. Chosen. Sent. By Christine Caine

သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် ခရစ်စတင်းကိန်း A21, Propel, CCM ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက http://www.christinecaine.com/2020study သို့ ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။