YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

၂၀/၂၀- မြင်၏ ရွေးချယ်ခံရ၏ ပို့ဆောင်တော်မူ၏ ခရစ်စတင်း ကိန်းနမူနာ

20/20: Seen. Chosen. Sent. By Christine Caine

7 ၏ နေ့ 5

ကျွန်မတို့ရဲ့အိမ်နီးချင်းများကို ချစ်ကြပါစို့



တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ဖတ်သနည်းဟု မေးတော်မူလျှင်၊ ထိုသူက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။
ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။ ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန်ပြုလိုသောစိတ်နှင့် ယေရှုကို လျှောက်ပြန်သော်။ (ရှင်လုကာခရစ်ဝင်၊ ၁၀း၂၅-၂၉)



ကောင်းသောရှမာရိပုံပြင်သည် မရောက်သင့်သောနေရာတစ်ခုကို မရောက်သင့်သောအချိန်မှာ ရောက်လာကာ ဓားပြများတိုက်ခိုက်ခံရပြီး သေဆုံးလုနီးနီး လမ်းဘေး၌ ပစ်ထားခံရသော လူတစ်ဦးအကြောင်း ယေရှုပြောခဲ့သည့် ဥပမာတစ်ခု ဖြစ်သည်။



ဇာတ်ကြောင်းအရ ‌ပထမနှင့် ဒုတိယလူတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်ကို သိပြီး တရားစရပ်တွင် အခွင့်အာဏာရသော ဂျူးလူမျိုး ယဇ်ပုရောဟိတ်နှင့် လေဝိသား ဖြစ်သည်။ သူတို့နှစ်ယောက်လုံး ထိုသူ့ကို ဖြတ်သွားကြသည်။ သို့သော် ဘာသာရေးမကိုင်းရှိုင်းသော ရှမာရိပြည်သား တတိယလူမှာ ကရုဏာစိတ်ရှိခဲ့ပြီး ဒဏ်ရာရသူ သူ့ဆီသွားခဲ့သည်။



သုံးယောက်စလုံး နေရာတစ်နေရာသို့ သွားနေကြသော်လည်း ရှင်မာရိလူမျိုးတစ်ဦးတည်းကသာ ပုဂ္ဂိုလ်ရေးရာများကို ဖျက်၍ ကူညီရန်ဆန္ဒရှိခဲ့သည်။ သူတစ်ဦးတည်းကသာ သူ့အချိန်နှင့် အကူအညီတွေကို ပေးခဲ့သည်။ သူသည် ဂျူးလူမျိုးတို့ မထီမဲ့မြင်ပြုသော ရှမာရိလူမျိုးဖြစ်သည်။ သို့သော်၊ ဤလူသည် ဘုရားသခင် ချစ်သကဲ့သို့ ချစ်ပြီး၊ သူ့အိမ်နီးနားချင်းကို သူကိုယ်တိုင်ကဲ့သို့ ချစ်ခဲ့သည်။



ယေရှုသည် ဤအကြောင်းအရာကို ဟောတော်မူပြီးနောက်သင်သည် သွား၍ ထိုနည်းတူ ပြုလော့ဟု မိန့် တော်မူ၏။ (လု၊ ၁၀း၃၇)



ကျွန်မ လူကုန်ကူးမှုအကြောင်း ပထမဆုံး သိလာသောအခါတွင်၊ ဘုရားသခင်သည် ဤဇာတ်လမ်းကို အသုံးပြုခဲ့ပြီး ကျွန်မကို လမ်းပြခဲ့သည်။ ဘုရားသခင်က ဒဏ်ရာရသူနားကို ချဉ်းကပ်ရန် ညွှန်ကြားပေးခဲ့သည်။ (လု၊ ၁၀း၃၄)



ကျွန်မသည် ဇနီး၊ သားနှစ်ယောက်မိခင် ဖြစ်သကဲ့သို အလုပ်များသော အမျိုးသမီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ့အကြံအစည်အတွက် ကျွန်မကို အသုံးပြုချင်ခဲ့သည်။ ဘုရားသခင်က ကျွန်မ တစ်ခါမှမတွေ့ဖူးသော မသိဖူးသော လူတွေကို ကူညီပေးစေချင်ခဲ့သည်။ မျက်မှောက်ခေတ် ကျွန်ပြုမှုတွင် ပိတ်မိနေသော အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ကျွန်မအား ရှာဖွေစေလိုခဲ့သည်။



သင်ရဲ့အိမ်နီးချင်းက ဘယ်သူများလဲ?



ကျွန်မအတွက်ကတော့ လူကုန်ကူးခံရသူတွေဟာ ကျန်မရဲ့အိမ်နီးချင်းတွေပါ။ ဘုရားကျောင်းမှာတွေ့တဲ့ လူတွေကလည်း အိမ်နီးနားချင်းတွေပါပဲ။ ကျွန်မအိမ်ရှေ့မှာနေတဲ့ အမျိုးသမီးကလည်း ကျွန်မရဲ့အိမ်နီးချင်းပါ။ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့သူကလည်း ကျွန်မအိမ်နီးချင်းဖြစ်သကဲ့သို့ ကျွန်မရဲ့အကူအညီ လိုအပ်နေသူကလည်း ကျွန်မအိမ်နီးချင်းပါပဲ။



ကျွန်မတို့ကမ္ဘာတွင် လူတိုင်းသည် ကျွန်ုပ်တို့၏အိမ်နီးချင်းဖြစ်ကြောင်း သိမြင်ရန် လိုသည်။ သူတို့၏ ယုံကြည်ချက်၊ အပြုအမူ သို့မဟုတ် သဘောထားများ မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို လူတိုင်းသည် ခံထိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ချစ်စဖွယ်ကောင်းပြီး သူ၏ကျေးဇူးတော်အားဖြင့် ရွေးနုတ်နိုင်သူများအဖြစ် မြင်သည်။



ဆုတောင်းချက်


ဘုရားသခင်၊ ကျွန်မ်၏ အိမ်နီးချင်းကို ကူညီရန်၊ မိမိကိုယ်ကိုချစ်သကဲ့သို့ သူတို့ကို ချစ်ရန် ကျွန်ုပ်ရွေးချယ်ခဲ့ပါသည်။ သူတို့အတွက် ကျွန်မ သိပ်အလုပ်မရှုပ်ပါဘူးဆိုတာ ကျွန်မကို အမြဲသတိပေးပြီး မှတ်မိအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါသည်၊ သခင်ယေရှု၏နာမ၌ ဆုတောင်းပါ၏။ အာမင်။



ကိုးကားချက် 20/20: Seen.Chosen.Sent by Christine Caine. Copyright © 2019 by Christine Caine. Reprinted with permission of Lifeway Women. All rights reserved.


နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

20/20: Seen. Chosen. Sent. By Christine Caine

သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် ခရစ်စတင်းကိန်း A21, Propel, CCM ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက http://www.christinecaine.com/2020study သို့ ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။