YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

၂၀/၂၀- မြင်၏ ရွေးချယ်ခံရ၏ ပို့ဆောင်တော်မူ၏ ခရစ်စတင်း ကိန်းနမူနာ

20/20: Seen. Chosen. Sent. By Christine Caine

7 ၏ နေ့ 1

ဘုရားသခင်က သင့်ကို မြင်ပါတယ်။


ဓမ္မရာဇဝင်ပထမစောင်၊ ၁၆း၇။

ထာဝရဘုရားက၊ သူ၏မျက်နှာ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအား မိန့်တော်မူ၏။



လွန်ခဲ့သောနှစ်တစ်ခုက မိသားစုများနှင့် ခရီးသွားစဉ် ကျွန်မ လေယာဉ်ပေါ်မတက်မီ ကော်ဖီဆိုင်တစ်ခုသို့ဝင်ခဲ့ပါတယ်။ နစ်က နေရာယူဖို့အတွက် သမီးလေးတွေနဲ့ အရင်သွားနှင့်ခဲ့တယ်။ ကျွန်မ ဂိတ်ကို ပြန်ရောက်ပြီး လေယာဉ်ပေါ်တက်ရန် ဂျက်တံတားပေါ်ရောက်တော့ လေယာဉ်လိုင်းဝန်ထမ်းတစ်ယောက်က ကျွန်မကို လေယာဉ်ပေါ်တက်လို့ မရကြောင်းပြောပါတယ်။



ကျွန်မလည်း အံ့ဩစွာနဲ့ သူဘာကိုဆိုလိုတာလည်းလို့ ပြန်မေးလိုက်တယ်။



သူက ကော်ဖီသွားဝယ်ဖို့အချိန်ရှိရင် လေယာဉ်ပေါ်တက်ဖို့ အချိန်မရှိဘူးလို့ ပြန်ပြောတယ်။



ကျွန်မကတော့ အလွန်အံ့ဩသွားတယ်။ ဒါအဓိပ္ပာယ်မှမရှိတာ။ လေယာဉ်ပေါ်တက်ရဖို့ အချိန်လည်းမကျော်နေသေးပါ။ ဒီတော့ ကျွန်မက ဂိတ်မပိတ်သေးတာကြောင့် ကျွန်မကို ဝင်ခွင့်ပေးဖို့ ပြောပါတယ်။



လေယာဉ်ဝန်ထမ်းက တုပ်တုပ်မှ မလှုပ်ပါ။



ကျွန်မက ထပ်ပြီး ကျွန်မ အမျိုးသားနှင့်သမီးတွေ လေယာဉ်ပေါ်မှာရှိတာကြောင့် ကျွန်မကို လေယာဉ်ပေါ်တက်ခွင့်ပေးဖို့ ပြောတယ်။



သူနည်းနည်းမှ မလှုပ်ပါ။



အဲ့ဒီလိုမျိုး ကူကယ်ရာမဲ့ပြီး တုန်လှုပ်ဖွယ်သေးသိမ်ရတဲ့ ခံစားမှုကို ကျွန်မ သတိရမိပါတယ်။ ထိုဝန်ထမ်းက ကျွန်မကို စာနာမှု တစ်စက်လေးမှ မပြခဲ့ပါဘူး။ ကျွန်မမိသားစုနဲ့ ကွဲကာနေမှုကိုလည်း သူဂရုစိုက်ပုံ မရပါဘူး။ သူက ကျွန်မကို ကြည်နေပေမဲ့ ကျွန်မကို မမြင်ပါ။



နောက်ဆုံးမှာတော့ ကျွန်မ လေယာဉ်ပေါ်ရောက်ခဲ့ပါတယ်။ ဒါမဲ့ အဲ့ဒီဝန်ထမ်းကြောင့် ကျွန်မခံစားရခဲ့တာတွေကို မမေ့နိုင်ပါဘူး။ ဒါပေမဲ့၊ ကျွန်မကိုယ်တိုင်လည်း သခင်ယေရှုလို တုန့်ပြန်မဲ့အစား ထိုဝန်ထမ်းလိုပဲတန်ပြန်တုန့်ပြန်ခဲ့တာကို သတိပြုမိပါတယ်။ ကျွန်မကြည့်လိုက်ပေမဲ့ မမြင်နိုင်ခဲ့ပါဘူး။ ကျွန်မတို့ကို ဝန်ဆောင်မှုပေးတဲ့ စားပွဲထိုး ဒါမှမဟုတ် အလှပြင်ဆိုင်က ဝန်ထမ်း ဒါမှမဟုတ် ဈေးဆိုင်က ဝန်ထမ်းကို သတိမမှုဘဲ ကျော်သွားဖို့ ဘယ်လောက်လွယ်ကူပါသလဲ။ ကော်ဖီဆိုင်မှာ ကော်ဖီလာချပေးတဲ့ ဝန်ထမ်းကို ဖုန်းကြည်နေတာကြောင့် သတိမမူခဲ့တာ ဘယ်နှစ်ခါလောက်ရှိမလဲ။ ကျွန်မတို့ တစ်စုံတစ်ယောက်ကို ဘယ်နှစ်ခါလောက် သတိမမူဘဲ ကျော်ကြည့်မိခဲ့သလဲ။



ကြည့်လိုက်တာက မြင်တာနဲ့ မတူပါ။ လေယာဉ်ဂိတ်ဝန်ထမ်းက ကျွန်မကို ကြည်ပေမဲ့ မမြင်ခဲ့ပါဘူး။ သူ့ အကြည့်တွေက ကျွန်မဆီမှာရှိပေမဲ့ ကျွန်မရဲ့ အခြေအနေကို သူပြည့်ပြည့်ဝဝ နားမလည်ပါဘူး။



ဆုတောင်းချက်


ထာဝရဘုရားသခင် ကျွန်ုပ်ဘေးနားကလူတွေကို မြင်နိုင်အောင် ကျွန်ုပ်ရဲ့ စိတ်နှလုံးတံခါးကို ဖွင့်ပေးတော်မူပါ။ နောက်တစ်ခါ လူတွေကို ကျော်မကြည့်မိအောင် ကျွန်ုပ်ရဲ့ စိတ်နှလုံးတံခါးကို ဖွင့်ပေးတော်မူပါ။ ကျွန်ုပ်အနားမှလူတွေကို မြင်အောင်၊ သိအောင်၊ ကြားနိုင်အောင်၊ အသိမှတ်ပြု တန်ဖိုးထားနိုင်အောင် ကျွန်ုပ်လုပ်ပေးနိုင်အောင် ကူညီမစတော်မူပါ။ ဒီဆုတောင်းချက်ကြောင့် ကျွန်ုပ် အရင်ကထက် လူများအားမြင်နိုင်ရန် ကြီးထွားရင့်သန်လာမှုကို ပြသပေးပါ။ အဖဘုရားမြင်သကဲ့သို့ ကျွန်ုပ်ကို မြင်နိုင်စေပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်



ကိုးကာချက် 20/20: Seen.Chosen.Sent by Christine Caine. Copyright c 2019 by Christine Caine


နေ့ 2

ဤအစီအစဉ်အကြောင်း

20/20: Seen. Chosen. Sent. By Christine Caine

သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် ခရစ်စတင်းကိန်း A21, Propel, CCM ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက http://www.christinecaine.com/2020study သို့ ကြည့်ရှုနိုင်ပါသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။