YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

၂၀/၂၀- မြင်၏ ရွေးချယ်ခံရ၏ ပို့ဆောင်တော်မူ၏ ခရစ်စတင်း ကိန်းနမူနာ

20/20: Seen. Chosen. Sent. By Christine Caine

7 ၏ နေ့ 2

ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ပါတယ်


ဧဖက်ဩဝါဒစာ၊ ၁း၃-၆။

ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊
ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။



"ခရစ်စတင်း၊ အမေတို့ အမှန်တရားအကြောင်းပြောနေတာဆိုတော့ အမှန်တရားတစ်ခုလုံးကို သမီးသိချင်လား"လို့ အမေက မေးပါတယ်။


အဲ့ချိန်တုန်းက ကျွန်မ အသက် (၃၃) နှစ်ရှိပါပြီ။ ဒါကြောင့် အမေ ဒီမေးခွန်းကို မေးစရာအကြောင်းရင်းတစ်ခုပဲ ရှိတယ်လို့ ကျွန်မသိနေခဲ့ပါတယ်။



ကျွန်မ မယုံနိုင်စရာသတင်းတစ်ခုကြားလို့ အမေ့အိမ်ကို ‌အပြေးလားခဲ့တာ ဖြစ်ပါတယ်။ ကျွန်မမောင် ဂျော့ က သူက မွေးစားခံခဲ့ရကြောင်း စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ သူက အမေ့ကို စာလှမ်းပေးနေတဲ့အချိန် ကျွန်မအမေ့အိမ်ရှေ့ကို ရောက်နေခဲ့ပါတယ်။


အမေရဲ့လက်တွေ တုန်ခါနေတာ ကျွန်မ မှတ်မိနေပါတယ်။ အကြောက်တရားများကိုလည်း သူမမျက်လုံးမှ မြင်နေရပါတယ်။ အမေမှာ ပြောစရာစကားလုံးတွေလည်း ပျောက်ကွယ်နေပြီး ကျွန်မတို့ အားလုံး မျက်ရည်ကိုယ်စီနဲ့ ဖြစ်နေပါတယ်။


အမေစကားပြန်ပြောတဲ့အချိန်မှာ သူမရဲ့ကြေကွဲနေတဲ့ အသံနဲ့ "ဒီကိစ္စကို သားဒီလိုမျိိုးသိရတာကို ‌အမေစိတ်မကောင်းဘူး သားကို အမေတို့ မထိခိုက်စေချင်ဘူး။ သားကို သားအဖေလည်းချစ်သလို အမေလည်း ကိုယ်မွေးတဲ့သားလိုပဲ ချစ်တယ်"


တချိန်တည်းမှာပဲ ကျွန်မတို့အားလုံး မီးဖိုချောင်းကို ရောက်လာပြီး စားစရာတွေကို စားပွဲပေါ်ချလိုက်ကြတယ်။ ဘာလို့လဲဆိုတော့ ဂရိမိသားစုတွေက ပြဿနာဖြေရှင်းဖို့ဆို အရင်ဆုံး အစားလက်ဆုံစားလိုက်ကြလို့ပါပဲ။



ကျွန်မ ဘက်လဗာထည့်ထားတဲ့ ပန်းကန်ကို နှိုက်မဲ့အချိန်မှာမှ အမေက ကျွန်မတို့သိချင်နေတဲ့ မေးခွန်းကိုမေးတယ်။ ကျွန်မသိနှင့်နေခဲ့ပါတယ်။ ကျွန်မထင်တာ မဖြစ်ပါစေနဲ့လို့ အမေ့ရဲ့မျက်လုံးတွေထဲမှာ အဖြေရှာနေခဲ့တယ်။ ဒါမဲ့ အမေ့အစားကျွန်မပဲ ဖြေလိုက်မိတယ် "ကျွန်မလည်း မွေးစားခံရတာပါ" လို့။


မိနစ်အနည်းငယ်အကြာမှာ အမေက အလှပဆုံးစကားတစ်ခုကို ပြောတယ်။ ကျွန်မရဲ့ နာကျင်မှုတွေကို ကုသပေးတဲ့ စကားလုံးတချို့။ ‌

ကျွန်မကို မသိခင်ကတည်းက ကျွန်မကို အမေချစ်နေခဲ့ပါတယ်လို့ ပြောခဲ့တယ်။

‌ဒီစကားကို ‌ရက်တော်တော်ကြာကြာထိ အမေက ခဏခဏ ပြောပါတယ်


ဒီကနေထိ အဲ့ဒီစကားကို ကျွန်မမမေ့နိုင်ပါဘူး။ ဒီစကားလုံးတွေကနေတစ်ဆင့် အမေက ကျွန်မကို မသိခင်ကတည်းက ကျွန်မကို တောင့်တနေခဲ့တယ်၊ လိုချင်နေခဲ့တယ်၊ ရွေးချယ်ခဲ့တဲ့ အမေ့ရဲ့နှလုံးသားကို ကျွန်မ သိခွင့်ရခဲ့တယ်။



အမေ့ရဲ့ စကားလုံးတွေကို စဉ်းစားလိုက်တဲ့အခါမှာ ကောင်းကင်ဘုံရှင်ထာဝရဘုရားရဲ့ နှလုံးသားကိုလည်း ကြားယောင်မိတယ်။ ဘုရားသခင်က အမေကျွန်မကို မသိခင်ကတည်းက ကျွန်မကို အလိုရှိခဲ့ပါတယ်။ ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။


ထိုဘုရားသခင်က သင့်ကိုလည်း ရွေးချယ်ခဲ့ပါတယ်


ဆုတောင်းချက်


ဘုရားသခင် ကျွန်ုပ်ကို ဘုရားသခင်ရဲ့ သားသမီးအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့သားတော် သခင်ယေရှုကို ကျွန်ုပ်တို့ကမ္ဘာထဲ ပို့ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ကို ဘုရားသခင် လူသားတွေကို သိမြင်သလို့ သိမြင်နိုင်ရုံမက ထိုသူတွေဆီကို သွားရောက်၍ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်ဖို့ အခွင့်ပေးသနားပါ။ သတ္တိပေးသနားပါ။ ထိုသူတွေကိုယ်တိုင် အဖရဲ့ ရွေးချယ်ခံရမှုကို သိမြင်ဖို့ ကူညီပေးနိုင်ခွင့်ပေးသနားပါ အဖ။ အာမင်။



ကိုးကားချက် 20/20: Seen.Chosen.Sent by Christine Caine. Copyright © 2019 by Christine Caine. Reprinted with permission of Lifeway Women. All rights reserved.


နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

20/20: Seen. Chosen. Sent. By Christine Caine

သင့်ကို ဘုရားသခင်က သိမြင်ကြောင်းသတိပြုမိတာကြောင့် သင်ကိုယ်တိုင် အခြားသူများကို သိမြင်တာမျိုး တွေးကြည့်ဖူးပါသလား။ သင်တဲ့ ပုံမှန်တစ်နေ့တာဘဝမှာ ထင်ရှားတဲ့ ထာဝသက်ရောက်မှုရှိနေတာ တွေးကြည့်ဖူးပါသလား။ Christine Caine ရဲ့ (၇) ရက...

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် ခရစ်စတင်းကိန်း A21, Propel, CCM ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက http://www.christinecaine.com/2020study သို့ ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။