YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 7

အခြားသောသူများနှင့်ခြားနားခြင်း





၁၉ ရာစုမှအမှုတော်ဆောင်ဆရာHorace Bushnellက အိမ်ထောင်ရေးနှင့်ပတ်သက်၍ပြောဆိုထားသည့်အရာကိုမိတ်ဆက်ပါရစေ။ ဆရာက “လင်းမယားစုံတွဲတစ်တွဲသည် အခြားစုံတွဲတစ်တွဲနှင့်တူညီသည်ဟူ၍မရှိပါ။ ဘုရားသခင်ကိုယ်တိုင်အဖော်အဖက်ရှိတော်မူသည့်အလျောက် လင်မယားစုံတွဲများအတွက် များစွာသောအစီအစဉ်ရှိတော်မူသည်။ ထို့ကြောင့် ကိုယ်တော်သည် လင်မယားစုံတွဲတစ်တွဲကိုအခြားစုံတွဲတစ်တွဲနှင့်နှိုင်ယှဉ်ရန် မည်သည့်အခါမျှမသတ်မှတ်ခဲ့ပါ“ ဟုပြောဆိုခဲ့သည်။





သင်သည် သူတစ်ပါးနှင့်မတူသော လင်မယားစုံတွဲ၏ထက်ဝက်တွင်ပါဝင်သူတစ်ဦးဖြစ်သည်။ သင်၌ရှိသော ပါရမီ၊ အားနည်းချက်၊ အတိတ်အတွေ့အကြုံ၊ လှုပ်ရှားမှုအင်အား၊ သားသမီးများနှင့်ခေါ်ယူတော်မူခြင်း စသည်တို့ကိုရရှိသည့် အခြားလင်မယားမရှိပါ။ လင်မယားစုံတွဲတစ်တွဲ၌ထင်ရှားသောလက္ခဏာကို ထိုအတိုင်းပင် လွတ်လပ်စွာလက်ခံရသောအခွင့်ရှိသည်။ ကျွန်ုပ်တို့သည် အချို့အပိုင်းတွင်အားသာပြီး အချို့အပိုင်းတွင်အားနည်းတတ်သည်။ ပျော့ညံ့သည့်အချိန်ရှိသကဲ့သို့ခိုင်မာစွာရပ်တည်နိုင်သည့်အချိန်ရှိသည်။ အချို့အရာ၌ထူးချွန်ပြီး အချို့အရာ၌ကျရှုံးတတ်သည်။ သို့သော် ဤလောကတွင် သူတစ်ပါးနှင့်မတူသောရည်ရွယ်ချက်အတွက် ဘုရားသခင်သည် သူတစ်ပါးနှင့်မတူသောကျွန်ုပ်တို့ကိုခေါ်ယူတော်မူသည်။





ဘုရားသခင်သည် သင်၏အိမ်နှင့်အိမ်ထောင်ကိုတည်ထောင်၍ ထိုကဲ့သို့ပင် သင့်အားအသက်ရှင်စေရန်အလိုတော်ရှိသည်။ အခြားသောအိမ်ထောင်ကိုကြည့်၍ သင်၏တန်ဖိုးကိုမဖြတ်ပါနှင့်။ အလိုတော်ကိုပြည့်စုံစေနိုင်ရန် ဘုရားသခင်ကိုသာမျက်မှောက်ပြုပါ။ အခြားသောလင်မယားစုံတွဲနှင့်နှိုင်းယှဉ်၍ သင်၏ပျော်ရွှင်မှုကိုမချင့်ချိန်ပါနှင့်။ သင့်အသက်တာအတွက် ဘုရားသခင်ပြင်ဆင်ပေးသောအရာကို သင်မည်မျှနာခံခဲ့သည်ကိုချင့်ချိန်၍ ၎င်းအပေါ်၌မည်မျှလောက် သစ္စာရှိခဲ့သည်ကို နှိုင်းယှဉ်ပါ။





သင်ကိုယ်တိုင်၏ဖြစ်စဉ်နှင့် လင်မယားစုံတွဲတစ်တွဲအဖြစ် သင်၌ထင်ရှားသောလက္ခဏာအပေါ်စိတ်လက်ချမ်းသာနေပါ။ ၎င်းကိုသာအားရပြီး မည်သည့်အရာနှင့်မျှမနှိုင်းယှဉ်ပါနှင့်။ သူတစ်ပါးနှင့်မတူသောသင်တို့အား ဘုရားသခင်ပေးတော်မူသည့် သူတစ်ပါးနှင့်မတူသောရူပါရုံအပေါ်၌သာ သစ္စာရှိပါ။ ဘုရားသခင်သည် မိမိဖန်ဆင်းပြီးသောလင်မယားစုံတွဲနှင့်တူညီသည့်စုံတွဲနောက်တစ်စုံကို ဖန်းဆင်းရန်အလိုတော်မရှိပါ။ ကိုယ်တော်သည် ထိုထက်မက ခြားနားသောအရာများစွာတို့ကိုဖန်ဆင်းနိုင်စွမ်းရှိတော်မူသည်။ ကိုယ်တော်သည် သူတစ်ပါးနှင့်မတူသော လင်မယားစုံတွဲဖြစ်သည့်သင်တို့ကို ထုတ်ပြန်ပြီး ကောင်းချီးပေးလိုသည်။





သင်သည် မိမိကိုယ်ကိုယ်အခြားမည်သို့သောလင်မယားတို့နှင့်နှိုင်းယှဉ်တတ်သနည်း။ ဘုရားသခင်သည် သင်တို့နှစ်ဦးစလုံးအတွက် ထူးခြားသောခရီးစဉ်ကိုပြင်ဆင်ပေးထားတော်မူကြောင်း သင်တို့ယုံကြည်ကြသလား။ ထိုရည်ရွယ်ချက်အတွက် မည်သို့အသက်ရှင်ကြဦးမည်နည်း။ဤဖတ်ရှုခြင်းအစီအစဉ်ကို သင်နှစ်သက်ပါသလား။ နှစ်သက်ခဲ့သည်ဆိုလျှင် ဖော်ပြပါလင့်ခ်သို့သွား၍ စာအုပ်အပြည့်အစုံကိုရယူပါ။ - http://www.dccpromo.com/a_lifelong_love/

ကျမ်းစာများ

နေ့ 6

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။