YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 2

နောင်ဘဝကိုရှုမျှော်ပါ





သင်၏အိမ်ထောင်သည်ဘဝတွင် နောက်ဆုံး ဘာမျှမဟုတ်ခဲ့သည့်အရာများတွက် ဘယ်နှကြိမ်ရန်ဖြစ်ခဲ့သနည်း ဟုမိမိကိုယ်ကိုမေးမြန်းပါ။ လင်မယားတို့သည် တောင်ပေါ်ဒေသနာတော်ကို တစ်လတစ်ခါအတူတူဖတ်ရှုလျှင် အိမ်ထောင်ရေးဆိုင်ရာပြဿနာများကို ဘယ်လောက်ဖြေရှင်းနိုင်မည်နည်း။





ဤလောကအရာကို အထင်အမြင်သေးအောင် ဤသို့ကျွန်ုပ်ပြောဆိုသည်မဟုတ်ပါ။ ထိုသို့ပြုရန်မလိုပါ။ ကောင်းကင်ဘုံ၌ရှိသောအရာကို မြှင့်တင်လို၍သာဖြစ်သည်။ ဆရာJonathan Edwardsက သူရေးသားသောစာထဲတွင် “ဖခင်၊ မိခင်၊ လင်၊ မယား၊ သားသမီး၊ လောကီမိတ်ဆွေအပေါင်းအသင်းအားလုံးတို့သည် အရိပ်များသာဖြစ်ကြပြီး ဘုရားသခင်၌ရှိသောဝမ်းမြောက်ခြင်းက ကိုယ်ထည်အမှန်ဖြစ်သည်။ ၎င်းတို့သည် ပြန့်ကြဲသောရောင်ခြည်များသာဖြစ်ကြပြီး ဘုရားသခင်က နေရောင်ခြည်ဖြစ်သည်။ ၎င်းတို့သည် စမ်းချောင်းများသာဖြစ်ကြပြီး ဘုရားသခင်က စမ်းရေပေါက်ဖြစ်သည်။ ၎င်းတို့သည် ရေစက်မျှသာဖြစ်ကြပြီး ဘုရားသခင်က ပင်လယ်ဖြစ်သည်“ဟု ကဗျာဆန်ဆန်ရေးထားခဲ့သည်။





ဤအရာအားလုံး၏အဓိပ္ပာယ်ကား ကျွန်ုပ်တို့သည် အဓိကဖြစ်သောအရာတွင်အာရုံစိုက်လျက် ထိုအရာကိုသာ ကပ်ငြိစွဲလမ်းရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် လင်မယားအကြားတွင် ပွင့်လင်းစွာစကားပြောခြင်း၊ ငွေရေးကြေးရေးပိုင်းအဆင်ပြေအောင်လုပ်ဆောင်နေခြင်း၊ ချစ်အာရုံကိုပို၍လန်းဆန်းစေရန်နှင့်ပျော်ရွှင်စေရန် ကြိုးစားခြင်း စသည့် (အရေးကြီးသော်လည်း) တန်ဖိုးနည်းသောရည်ရွယ်ချက်အပေါ် အာရုံစိုက်လျက်နေကြပါလိမ့်မည်။ ဤအရာတို့သည် ကျွန်ုပ်တို့၏အသက်၊ ကျွန်ုတို့၏နောက်ဆုံးပန်းတိုင်မဟုတ်ကြောင်း အောက်မေ့ရပါမည်။ ချုံငုံပြောရလျှင် ဆရာEdwardsပြောဆိုသကဲ့သို့ “





ကျွန်ုပ်တို့၏အသက်တာလမ်းခရီးသည် ကောင်းကင်သို့ဦးတည်နေသည်မဟုတ်လျှင် ငရဲသို့ဦးတည်နေခြင်းဖြစ်သည်“ သင်သည် သင့်အသက်တာကိုပြောင်းလဲစေရန် ဆန္ဒရှိလျှင် သင်၏အိမ်ထောင်ဖက် (သို့) သင်နှင့်ရင်းနှီးသောမိတ်ဆွေအုပ်စုနှင့် လစဉ်ပြောဆိုဆွေးနွေးပါ။ ကောင်းကင်အရာကိုမျှော်လင့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏တစ်ဦးကိုတစ်ဦးချစ်ခြင်း၊ ကလေးများကိုကြည့်ရှုထိန်းသိမ်းခြင်း၊ ငွေကြေးများအသုံးပြုခြင်း၊ အချိန်များအသုံးချခြင်း စသည်တို့ကို မည်သို့ပြောင်းလဲစေသည်ကို တစ်ဦးနှင့်တစ်ဦး မေးမြန်းဆွေးနွေးကြပါ။ သင်နှင့်သင်၏အိမ်ထောင်ဖက်သည် ကောင်းကင်အရာကိုမျှော်လင့်ခြင်းအားဖြင့် နေ့စဉ်မည်သို့အသက်ရှင်နေကြသနည်း။ သင်သည် ထာဝရအရာကို ဦးတည်မျှော်မှန်းနိုင်သည်ဆိုလျှင် သင်၏နေ့စဉ်အသက်တာသည် မည်မျှပြောင်းလဲသွားမည်နည်း။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။