YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 6

သာသနာ့ဝန်ထမ်းကဲ့သို့သဘောထားပြီးအိမ်ထောင်ပြုခြင်း





လင်မယားတို့စကားများကြသည်မှာ မိမိတို့အိမ်ထောင်ဖက်ကို စိတ်ပျက်ကြသောကြောင့်ဖြစ်သည်မဟုတ်ပါသလော။ ကျွန်ုပ်တို့သည် သူတို့အား တစ်စုံတစ်ရာဖြစ်စေချင်သည်၊ တစ်စုံတစ်ခုလုပ်စေချင်သည်၊ တစ်စုံတစ်ခုဖမ်းစေချင်သည်၊ သို့သော်သူတို့မလုပ်ပေး (သို့) မလုပ်နိုင်သောအခါ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုယ်သနားတတ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်တော်မူသကဲ့သို့ သူတို့အား ကျွန်ုပ်တို့ကိုချစ်စေရန် ကျွန်ုပ်တို့လိုချင်တောင့်တသည်။ ကျွန်ုပ်တို့မနှစ်မြို့ဖွယ်သောနေ့ရှိသည့်အခါ သူတို့အား “စိတ်မပူနဲ့၊ ဘာမှမဖြစ်ပါဘူး၊ ဘာအထွေအထူးမှလုပ်ပေးစရာမလိုပါဘူး“ ဟုလိမ်ပြောလျက်နှင့် ကျွန်ုပ်တို့ခံစားချက်ကိုသူတို့သိရန် လိုချင်တောင့်တတတ်သည်။ သူတို့သည် ခွန်အားရှိစေရန်၊ ပျော့ပျောင်းစေရန်၊ အရှုံးပေးစေရန်နှင့်ခိုင်ခံ့စွာရပ်တည်ရန် ကျွန်ုပ်တို့အလိုရှိသည့်အတိုင်း ထိုသို့ဖြစ်စေရန် သူတို့အပေါ်ကျွန်ုပ်တို့လိုချင်တောင့်တတတ်သည်။ သူတို့သည် အမှန်ပင်ကျွန်ုပ်တို့ကိုချစ်လျှင် ထိုအချက်တို့ကိုသိရမည်မှာ ဟုတ်ပါ့မလား။





မှန်ကန်စွာစည်းစားကြည့်ပါ။ တစ်ခါတစ်ရံ သင်တို့သည် ဤကဲ့သို့ပင် ထင်မြင်ခံစားကြသည်မဟုတ်လော။လူသားဖြစ်သည့် သင့်အိမ်ထောင်ဖက်သည် ထိုသို့ပြုရန် မဖြစ်နိုင်ကြောင်းကိုလည်း သင်သိသည်မဟုတ်လော။သို့သော် သာသနာ့ဝန်ထမ်းတစ်ဦးကဲ့သို့သဘောထားပြီး ကျွန်ုပ်အိမ်ထောင်ပြုလျှင် မည်သို့ဖြစ်လာမည်နည်း။ ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်ထောင်ဖက်ထံမှ မည်သည့်အရာကိုမျှမမျှော်လင့်ဘဲ ဘုရားသခင်တစ်ပါးတည်းကိုသာအားကိုးပြီး ကျွန်ုပ်၏စိတ်ပိုင်းဆိုင်ရာလိုအပ်မှု၊ ဆက်ဆံရေးဆိုင်ရာလိုအပ်မှုအားလုံးတို့အတွက် ဘုရားသခင်ကိုသာလုံးလုံးအားကိုးမည်ဟုဆုံးဖြတ်လျှင် မည်သို့ဖြစ်မည်နည်း။





ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်ထောင်ဖက်မလုပ်ပေးသည့်အရာအတွက် မကျေမနပ်ဖြစ်နေမည့်အစား သူလုပ်ပေးသည့် အနည်းငယ်သောအရာအတွက် စိတ်ထဲတွင် (အကောင်းဘက်၌) ထူးကဲစွာခံစားလျက်နေရပေလိမ့်မည်။ မကျေနပ်စိတ်မဟုတ်ဘဲ ကျေးဇူးတင်လိုစိတ်နှင့်ပြည့်စုံလျက်နေပါလိမ့်မည်။





အိမ်ထောင်ရေးတွင် ဤအရာနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည့်အရာများဖြစ်ပျက်နေကြသည်မဟုတ်လော။ သင်သည် တစ်စုံတစ်ဦးကိုပိုးပန်းနေသည့်အချိန်မှာ သင့်အတွက်ကောင်းသောအရာကို ထိုသူလုပ်ပေးလျှင် “သိပ်ကောင်းတယ်“ဟုထင်မြင်တတ်သည်။ ထိုသူနှင့်အိမ်ထောင်ပြုပြီး သင်မျှော်လင့်ထားသကဲ့သို့ သင်လိုင်ချင်သည့်အရာများမဖြည့်ဆည်းပေးနိုင်သည့်အချိန်မှာမူ “ငါ့အတွက် တကယ် ဒီလောက်ပဲပေးနိုင်သလား “ဟု ထင်မြင်တတ်သည်။ထို့ကြောင့် ကျွန်ုပ်သည် သာသနာ့ဝန်ထမ်းတစ်ဦးကဲ့သို့သဘောထားပြီး အိမ်ထောင်ပြုလိုခြင်းဖြစ်သည်။ ထိုအခါ ဘုရားတရားကိုကိုင်းရှိုင်းသောသူတစ်ဦးနှင့်အိမ်ထောင်ပြုခွင့်ရသည်သာမက သာသနာ့ဝန်ထမ်းတစ်ဦး၏သဘောကဲ့သို့ မည်သည့်အရာကိုမျှမမျှော်လင့်ဘဲ ဘုရားသခင်တစ်ပါးတည်းကိုသာအားကိုးသဖြင့် ကျွန်ုပ်၏အိမ်ထောင်ဖက်ကောင်းချီးပေးသည့်အရာအားလုံးအတွက် အမှန်ပင်ကျေးဇူးတင်နိုင်ပါသည်။





သင်၏စိတ်သဘောသည် မကျေနပ်မှုနှင့်ပြည့်နေပါသလား။ သို့မဟုတ် ကျေးဇူးတင်လိုစိတ်နှင့်ပြည့်နေပါသလား။ သင်၏အိမ်ထောင်သည်ဘဝကို သာသနာ့ဝန်ထမ်းတစ်ဦးကဲ့သို့သဘောထားလျှင် သင်၏အိမ်ထောင်ဖက်နှင့်ဆက်ဆံမှုသည် မည်မျှတိုးတက်လိမ့်မည်နည်း။

ကျမ်းစာများ

နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။