YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 5

နိုင်ငံတော်ကိုဦးစွာရှာပါ





ခရစ်တော်ထံမှကျွန်ုပ်တို့ရရှိသောစေခိုင်းချက်သည် “ဘုရားသခင်၏နိုင်ငံတော်ကိုဦးစွာရှာပါ“ ဟူ၍ဖြစ်လျှင် ဘုရားသခင်ကိုရိုသေသည့် အောင်မြင်သောအိမ်ထောင်ရေးဘဝကို စေခိုင်းချက်ဟုလည်းသတ်မှတ်နိုင်ပါသည်။ ရင်းနှီးဖော်ရွေသောအိမ်ထောင်ရေး၊ ပျော်ရွှင်သောအသက်တာ၊ နာခံမှုရှိသောကလေးနှင့်အခြားအရာတို့ကို ဦးစွာရှာရန် ကျွန်ုပ်တို့အားကိုယ်တော်မိန့်မှာခဲ့သည်မဟုတ်ပါ။ သခင်ယေရှုက ဦးစွာရှာရမည့်အရာကိုတစ်ခုတည်းသာပြောထားခဲ့သည်။ ၎င်းမှာကိုယ်တော်၏နိုင်ငံနှင့်ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုရှာရန်ဖြစ်သည်။ (ဤစကားလုံးနှစ်လုံးသည် တစ်လုံးနှင့်တစ်လုံးဆက်နွှယ်မှုရှိသဖြင့် တစ်ခုတည်းသောရည်ရွက်ချက်ကိုဆိုလိုသည်။) အောင်မြင်သောအိမ်ထောင်ရေးသည် အရူးအမှူစွဲလမ်းသောရင်းနှီးဖော်ရွေမှုမရှိမီ နိုင်ငံတော်ကိုဦးစွာရှာဖွေခြင်းအားဖြင့်သာ ရရှိရနိုင်သည်။





ဤရည်မှန်းချက်မပါသောအသက်တာ၊ ဤရည်ရွယ်ချက်မပါသောအိမ်ထောင်သည် ၎င်းတို့၏ဂုဏ်ရည်ကို များစွာဆုံးရှုံးရပါလိမ့်မည်။ ယနေ့ကျွန်ုပ်တို့သည် အတူတကွပူပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းဖက်၍တောင်တက်အဖွဲ့ကဲ့သို့ အလုပ်လုပ်ခြင်း၊ ကျွန်ုပ်တို့၏အမြင့်ဆုံးအိပ်မက်ကမ္ဘာမှဆင်းလာခြင်း၊ တစ်နေ့တာကုန်ဆုံးသောအခါ တစ်ဦးနှင့်တစ်ဦးဖက်ရမ်းခြင်းစသည်တို့ကိုဆာငတ်တောင့်တနေသည်။ ဘုရားသခင်သည် ဤသို့သောဆာငတ်တောင့်တခြင်းကို လင်မယားအားလုံးတို့ထဲ၌ ထည့်သွင်းစိုက်ပျိုးထားသည်။ ၎င်းသည် အပေါင်းအသင်းကောင်းဖြစ်ခြင်း၊ ဘဝအသစ်ကိုဖန်တီးခြင်း စသည်တို့ထက်ကြီးသောဆာငတ်တောင့်တခြင်းဖြစ်ပြီး အရာရောက်သောအရာတစ်စုံတစ်ခုကို အတူတကွလုပ်ဆောင်လိုသော တတိယဆာငတ်တောင့်တခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အရ ကိုယ်တော်သည် ထူးခြားမှုရှိစေရန် ကျွန်ုပ်တို့ကိုပူပေါင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် စေခိုင်းချက်အတွက် အိမ်ထောင်ပြုခြင်းဖြစ်သည်။





စေခိုင်းချက်အတွက် အိမ်ထောင်ပြုခြင်းဖြင့် လိုက်ဖက်မဖြစ်ဟုထင်မြင်ကြသောအိမ်ထောင်ဖက်တို့ကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေနိုင်သည်။ ထိုသို့သောလင်မယားအများစုတို့သည် ရည်ရွယ်ချက်ကင်းမဲ့သဖြင့် ထိုသို့ခံစားနေရခြင်းဖြစ်နိုင်သည်ဟု ကျွန်ုပ်သံသယရှိသည်။ ရှင်မဿဲခရစ်ဝင် ၆း၃၃ တွင် တစ်ဦးစီတို့အား သခင်ယေရှုမိန့်မှာခဲ့သည့်စကားသည် အိမ်ထောင်သည်အတွက်ပို၍ထိရောက်သည်ဟုကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်တို့သည် အသက်ကိုစွန့်သောအခါ ၎င်းကိုပြန်တွေ့ရှိမည်ဖြစ်သည်။ မိမိတို့အိမ်ထောင်ရေးအသက်တာပြင်ပဘက်သို့ အာရုံပြုသောအခါ မိမိတို့အိမ်ထောင်ရေးကို ပို၍ခိုင်ခံ့စေနိုင်ပါသည်။





သင်၏အိမ်ထောင်ရေးသည် စေခိုင်းချက်နှင့်အညီဖြစ်ပါသလား။ သင်နှင့်သင်၏အိမ်ထောင်ဖက်သည် စေခိုင်းချက်နှင့်ညီသောအသက်တာကို မည်သို့ပို၍ပြည့်စုံစေနိုင်သနည်း။
နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။