YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ

Live By The Spirit: Devotions With John Piper

7 ၏ နေ့ 3

သန့်ရှင်းသောဝိညာဉ်တော်သည် ကြောက်ရွံ့မှုကို အောင်နိုင်သည်။

ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကိုလည်းကောင်း၊ သင်၏အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း ငါသွန်းလောင်းမည်။ — (ဟေရှာ၊ ၄၄း၃)


တနင်္လာနေ့ (တစ်ပတ်တွင် ပထမအလုပ်လုပ်ရက်)ထက် သောကြာနေ့(တစ်ပတ်တွင် နောက်ဆုံးအလုပ်လုပ်ရက်)မှာ သူများအပါ် ကြင်နာကောင်းမြတ်စေဖို့ ဘာကြောင့် ပိုမိုလွယ်သလဲဆိုတာ သိပါသလား။


သောကြာနေ့တွင် အနားယူခြင်းနှင့် အပန်းဖြေခြင်းတို့သည် ရောက်ခါနီးသောကြောင့် ထိုအရာတို့ကို မြည်းစမ်းနိုင်သည်။ မျှော်လင့်ခြင်းအားဖြင့် နားရက်များ၏အရသာကို မြည်းစမ်းနိုင်သည်။ ကျွန်တော်တို့၏ ပျော်ရွှင်ခြင်းလှောင်ကန်ကို စတင်ဖြည့်သွင်းလာစေသည်။ နားရက်များသည် လုံးလောက်စွာ တောက်ပနေပါက၊ ကျွန်တော်တို့၏ ပျော်ရွှင်ခြင်းလှောင်ကန်သည် အဖျားထိပြည့်စေ၍ ပြည့်လျှံလျက် ရှိလိမ့်မည်။


သူတစ်ပါးအပေါ်သွန်းလောင်းပေးသည့် လျှံလျက်ရှိသောပျော်ရွှင်ခြင်းသည် ချစ်ခြင်းမေတ္တာဟု ခေါ်ဝေါ်သည်။ ထို့ကြောင့်၊ မိမိအနာဂတ်အကြောင့် ဝမ်းသာဝမ်းမြောက်ခြင်း ရရှိခံစားသောအခါ၊ သူများအပေါ် အမြဲတမ်းကြင်နာတတ်သောသဘော ရှိသည်။ မျှော်လင့်ခြင်းသည် ပျော်ရွှင်ခြင်းကို ပြုစုစေပြီး၊ ထိုပျော်ရွှင်ခြင်းသည် လျှံလျက်ရှိလျက် ကောင်းသောအကျင့်များ၊ ကောင်းသောစကားများနှင့် ချိုသောမျက်နှာကို ဖြစ်စေတတ်သည်။ လူအများစုအဖို့ နားရက်များမတိုင်မီ၊ မွေးနေ့များမတိုင်မီ၊ ခရစ္စမတ်ပွဲတော်မတိုင်မီနှင့် သောကြာနေ့တွင် မိမိပျော်ရွှင်ခြင်းကို လျှံလျက်ရှိစေသည်။


ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ၊ ကောင်းကင်ဘုံတွင် တနင်္လာနေ့များသည် သောကြာနေ့များကဲ့သို့ဖြစ်ပြီး အကြွင်းမဲ့စိတ်ချနိုင်စေသည့်အာမခံလည်း ရှိသည်။ သန့်ရှင်းသောဝိညာဉ်နှင့် ပြည့်ဝလျှင်၊ မနက်ဖြန်၏မကောင်းမသင့်သောအရာကို ကြောက်စရာမလိုပါ။ မိသားစုအခက်အခဲ၊ ကျန်းမာရေးအခက်အခဲ၊ စီးပွားရေးအခက်အခဲ၊ မနက်ဖြန်များ၏အခက်အခဲ၊ စသည့် မည်သည့်အခက်အခဲရှိသည်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်းလောင်းခြင်းကိုခံစေဖို့ မိမိစိတ်နှလုံးကို ကျယ်စွာဖွင့်လျက် နှုတ်ကပတ်တော်ရှိ ကတိတော်များကို စေ့စေ့ကြည့်ရှုလျှင် မိတ်ဆွေသည် မျှော်လင့်ခြင်းနှင့် ပြည့်ဝပြီး မိမိကြောက်ရွံ့မှုများကို အနိုင်ယူနိုင်ပါလိမ့်မည်။


သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းသောခါ၊ မိမိကြောက်ရွံမှုများကိုပယ်ပြီးရုံသာမက၊ မိမိစိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ရသည်။ ကျွန်တော်တို့၏ဝိညာဉ်သည် ကိုယ်တော်အဖို့ တောင့်တခြင်းကို ပြေစေပါပြီ (သို့) ကိုယ်တော်၌ လုံလောက်သောကျေနပ်မှုကို မြည်းစမ်းပြီး ဘဝတစ်လျှောက်လုံး ဆက်လက်သောက်ရမည့်နေရာကို သိကျွမ်းလာလိမ့်မည်။


ကျွန်တော်တို့၏ အနာဂတ်သည် အကြောင်းအရာနှစ်ခုကြောင့် ဆိုးဝါးစေနိုင်သည် — ဆင်းရဲဒုက္ခ သက်ရောက်လာမည့် အလားအလာနှင့် ဝမ်းမြောက်ချမ်းသာမသက်ရောက်သည့် အလားအလာ ဖြစ်သည်။ ထို့ပြင်၊ ဆင်းရဲဒုက္ခခြင်း သက်ရောက်လာမည့် အလားအလာနှင့် ဝမ်းမြောက်ချမ်းသာခြင်း မသက်ရောက်သည့်အလားအလာများသည် လူသားစိတ်နှလုံးကို ပင်ပန်းစေသည့်အရာများ မဟုတ်ပါလား။ ထိုအရာမှန်လျှင်၊ ဟေရှာယ ပေးခဲ့သောကတိတော်ကို လိုအပ်နေဆဲဖြစ်သည်— သန့်ရှင်းသောဝိညာဉ်သည် ကျွန်တော်တို့စိတ်နှလုံးထဲတွင် သွန်းလောင်းသောအခါ၊ ကြောက်ရွံခြင်းသဘောကို ဖယ်ရှားပြီ တောင်တခြင်းသဘာကို ရောင့်ရဲစေပါလိမ့်မည်။ ထို့ကြောင့်၊ မိတ်ဆွေအသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံစားလိုပါက၊ နေ့ညမပြတ် နှုတ်ကပတ်တော်မြတ်ဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကိုယ် ဆက်ကပ်အပ်နှံပါစေဟု ကျွန်‌တော်တိုက်တွန်းနှိုးဆော်ချင်သည်။


ပိုမိုသိလိုပါက၊ http://www.desiringgod.org/messages/a-precious-promise-the-outpouring-of-gods-spirit


ကျမ်းစာများ

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Live By The Spirit: Devotions With John Piper

ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ လေ့လာဖတ်ရှုခြင်း အစီအစဉ်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော John Piper နှင့် Desiring God ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.desiringgod.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။