YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ

Live By The Spirit: Devotions With John Piper

7 ၏ နေ့ 1

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ နှစ်သက်ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။

သန့်ရှင်သောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်လျက်၊ လမ်းပြ၊ စင်ကြယ်ပေးသူသည် အခြားသူမဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဥ်တော်ဘုရားသာဖြစ်သည်။ ထိုအကြောင်းအရာများကို ထင်ရှားစေသည့် သက်သေလက္ခဏာများမှာ ဘုရားသခင်၏ဝိညာဉ်တော်ဟု သမ္မာကျမ်းတွင် မကြာခဏ ခေါ်ဝေါ်သတ်မှတ်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဖန်ဆင်းသောကြောင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်သည် ဘုရားသခင်၏ဇာတိတော်ရှိပြီး ဘုရားသခင်ထံမှ ကြွလာလျက် နိစ္စထာဝရတည်သောကြောင့် ဘုရားသခင်၏ဝိညာဉ်ဖြစ်သည်။ (၁ကော၊၂:၁၀–၁၂ ကိုဖတ်ရှုပါ)


ဘုရားသခင်၏သားတော်သည် ခမည်းတော်ဘုရားကဲ့သို့ ထာဝရတည်သည်ဟု (ယော၊ ၁း၁-၃) တွင် ရှင်းလင်းစွာ ဖော်ပြထားသကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်ဘုရားနှင့် သားတော်ဘုရား နှစ်ပါးစလုံးနှင့်အတူ ထာဝရတည်သည်။ အဘယ်ကြောင့်ဆိုသော်၊ ခရစ်တော်၏ဝိညာဉ်တော်နှင့် ဘုရားသခင်၏ဝိညာဉ်တော်ကို တညီတညွတ်တည်းဖြစ်သည်ဟု (ရော၊ ၈း၉-၁၁) တွင် ဖော်ပြထားသည်။ ထိုသို့မဟုတ်ပါက၊ သားတော်ဘုရား၌ ဝိညာဉ်တော်မရှိ၊ ခမည်းတော်ဘုရား၌လည်း ဝိညာဉ်တော်မရှိသည့်အချိန်ကာလတစ်ခု ရှိခဲ့ပြီဟု တွေးကြည့်ရပါလိမ့်မည်။ သို့သော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော်နှင့် သားတော်ကြား မိတ်သဟာယဖွဲ့စေဖို့ မရှိမဖြစ် လိုအပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ခမည်းတော်ဘုရားနှင့် သားတော်ဘုရား၏ အပြန်အလှန် ထာဝရမေတ္တာတော်၊ မွေ့လျော်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းကို ပို့ဆောင်သောယာဉ်တော်နှင့် ကြီးလှသောအကျိုးကျေးဇူးဖြစ်ပါသည်ဟု ဆရာဟန်လီစီဂီးမို(လ်)ကို ပြောဆိုခဲ့သည်။ (သန့်ရှင်းသောဝိညာဉ်တော်၏ အဖြစ်တော်မြတ်နှင့် အမှုတော်မြတ် - စာမျက်နာ၊ ၂၈)


ရှေ့ကမ္ဘာဆက်ဆက်မှစ၍ ခမည်းတော်ဘုရားနှင့် သားတော်ဘုရား၏ အချင်းချင်းရှိသော အနန္တမေတ္တာတော်နှင့် မွေ့လျော်သောစိတ်ဝိညာဉ် ရှိခဲ့ပါသည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်တိုင် ပုဂ္ဂိုလ်တော်မြတ်တစ်ပါးဖြစ်သည်။ ထို့ကြောင့်၊ (ယော၊ ၁၇း၂၆) မှာ၊ ယေရှုဘုရားသည် ခမည်းတော်ဘုရားထံ အသင်းတော်အဖို့ ဆုတောင်းပတ္ထနာပြုစဉ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်းမှတစ်ပါး အခြားအရာများကို မတောင်းခဲ့ပါ။ - ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်တော်မူသောမေတ္တာသည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။


သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အသက်တာထဲသို့ ကြွလာသောအခါ၊ သူသည် ခမည်းတော်၏ဝိညာဉ် (သို့) သားတော်၏ဝိညာဉ်တော်အဖြစ်သာ မဟုတ်ဘဲ၊ ခမည်းတော်နှင့် သားတော်စပ်ကြားတွင် အနန္တမေတ္တာစိတ်ဝိညာဉ်တော်အဖြစ် ကိုယ်တော်တိုင် ကြွလာခဲ့သည်။ ထို့ကြောင့်၊ သားတော်သည် ခမည်းတော်ကို အလွန်ချစ်သလို၊ ကျွန်တော်တို့ကိုလည်း သားတော်၏မေတ္တာတော်ဖြင့် ခမည်းတော်ကို အလွန်ချစ်နိုင်စေမည်အကြောင်းသော်လည်းကောင်း၊ ခမည်းတော်သည် သားတော်ကို အလွန်ချစ်သလို၊ ကျွန်တော်တို့လည်း ခမည်းတော်၏မေတ္တာတော်ဖြင့် သားတော်ကို အလွန်ချစ်နိုင်စေမည်အကြောင်း အခွင့်ပေးသည်။ ထိုသမ္မာတရားသည် ဤလာမည့် (၇) ရက်တာ ဝတ်ပြုဆုတောင်းအစီအစဉ်တွင် အကြီးမြတ်ဆုံးသော သမ္မာတရားပင် ဖြစ်ပါလိမ့်မည်။

ပိုမိုသိလိုပါက၊ http://www.desiringgod.org/messages/the-holy-spirit-he-is-god


နေ့ 2

ဤအစီအစဉ်အကြောင်း

Live By The Spirit: Devotions With John Piper

ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ လေ့လာဖတ်ရှုခြင်း အစီအစဉ်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော John Piper နှင့် Desiring God ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.desiringgod.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။