YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဝိညာဉ်ပကတိကြောင့်အသက်ရှင်ပါ - ဆရာဂျွန်ပိုက်ပါမှ ဖတ်ရှုဝတ်ပြုအစီအစဉ်နမူနာ

Live By The Spirit: Devotions With John Piper

7 ၏ နေ့ 2

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့ကို လမ်းပြတော်မူသည်။

အိမ်ထောင်ပျက်ကျခြင်း၊ နားမထောင်သောကလေးများ၊ မူးယစ်ဆေးစွဲခြင်း၊ စစ်မက်ဖြစ်ပွားနေသောနိုင်ငံများ၊ နွေဦးတွင် သစ်ရွက်အသစ်များ ပြန်ရောက်လာခြင်း၊ ကျွန်တော်တို့စိတ်နှလုံး၏ မပြည့်စုံနိုင်သောအလိုဆန္ဒများ၊ သေမင်းကို ကြောက်ရွံ့ခြင်း၊ သားဖွားခြင်း၊ လောကဓံတရား၏ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်း၊ မာန်မာနပျံ့နှံ့မှုနှင့် မိမိကိုယ်ကိုငြင်းပယ်ခြင်း၏ ဂုဏ်အသရေးဟုစသည့် ဘဝပဟေဠိများအား သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ပိုမိုနားလည်သဘောပေါက်စေခြင်းငှာ အဖန်ဖန် ကူညီလမ်းညွှန်ပေးပါသည်။


သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းမှုကို ထပ်တလဲလဲ အတည်ပြုစေပြီး လောကဓံတရား၏အနက်ကို ဖွင့်စေလျက် သဟဇာတဖြစ်စေသောနည်းလမ်းကိုလည်း ညွှန်ပြပါသည်။ထို့ကြောင့်၊ ယုံကြည်သူများသည် သေလောက်အောင် (အသက်ရှင်စေဖို့လည်း) မြတ်နိုးတန်ဖိုးထားသော အယူဝါဒများထဲမှ တစ်ခုဆိုသည့် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာကျမ်းစာ တစ်အုပ်လုံးကို ရေးသားသူဖြစ်သည်ဟု ကျွန်တော်ယုံကြည်မျှော်လင့်သည်။


အို၊ ဤအယူဝါဒ၏ဂုဏ်ကျေးဇူးအကြောင်းကို တစ်နေကုန် ပြောဆိုနိုင်ခွင့်ရှိလျှင် အလွန်ကောင်းပါမည်။ ခမည်းတော်ဘုရားနှင့် သားတော်ဘုရားစပ်ကြားရှိ အနန္တမေတ္တာတော်နှင့် မွေ့လျော်သောစိတ်ဝိညာဉ်ဟူသော ထာဝရသန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာကျမ်းစာကို ရေးသောပုဂ္ဂိုလ်တော်မြတ်ဖြစ်သည်။


  • သစ္စာတရားဖြစ်ပြီး (ဆာ၊ ၁၁၉း၁၄၂)၊ မုသားကင်းလျက် မဖောက်မပြန် မပြောင်းလဲနိုင်သောအရာလည်းဖြစ်သည်။ (ဟေဗြဲ၊ ၆း၁၈)
  • ကျွန်တော်တို့အထဲတွင် ကြီးမားသောတန်ခိုးအားဖြင့် ပြုပြင်စေလျက် (၁သက်၊ ၂း၁၃)၊ အကျိုးမရှိဘဲ ဘုရားသခင်ထံ မပြန်ရ။ (ဟေရှာ၊ ၅၅း၁၀-၁၁)
  • သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှာ၊ မိုက်၌ ခုနစ်ကြိမ်စစ်သောငွေ့ကဲ့သို့ ဖြစ်သည်။ (ဆာ၊ ၁၂း၆)
  • ယုံကြည်သူတို့ကို သန့်ရှင်းစေတတ်သည်။ (ယော၊ ၁၇း၁၇)
  • အသက်ရှင်စေတတ်သည်။ (ဆာ၊ ၁၁၉း၃၇၊ ၅၀၊ ၉၃၊ ၁၀၇၊ ယော၊ ၆း၆၃၊ မ၊ ၄း၄)
  • မလိမ္မာသောသူတို့ကို လိမ္မာစေတတ်သည်။ (ဆာ၊ ၁၉း၇၊ ၁၁၉း၉၉-၁၀၀)
  • ဝမ်းသာဝမ်းမြောက်စေလျက် (ဆာ၊ ၁၉း၈၊ ၁၁၉း၁၆၊ ၉၂၊ ၁၁၁၊ ၁၄၃၊ ၂၇၄)၊ ကြီးလှသောအကျိုးကို ပေးတတ်သည်။ (ဆာ၊ ၁၉း၁၁)
  • အားနည်းသောသူတို့ကို တည်ကြည်စေလျက် (ဆာ၊ ၁၁၉း၂၈)၊ ဆင်းရဲဒုက္ခခံသောသူတို့ကို ချမ်းသာစေလျက် (ဆာ၊ ၁၁၉း၇၆)၊ စိတ်ရှုပ်ထွေးသောသူတို့၏လမ်းခရီးကို လင်းစေလျက် (ဆာ၊ ၁၁၉း၁၀၅) ပျောက်ဆုံးသူများကို ကယ်တင်ပေးတတ်သည်။ (ဆာ၊ ၁၁၉း၁၁၅၊ ၂တိ၊ ၃း၁၅)

သမ္မာကျမ်းစာတွင် ဘုရားသခင်၏ဉာဏ်တော်သည် အနန္တဖြစ်သည်။ ဤအယူဝါဒသည် မှန်ကန်ပါက၊ ဤအယူဝါဒ၏ သက်ရောက်မှုများသည် အလွန်လေးနက်သလို အလွန်ကြီးကျယ်သောကြောင့် ကျွန်တော်တို့အသက်တာ၏ အစိတ်အပိုင်းတိုင်းကို သက်ရောက်ပြောင်လဲသင့်သည်။


ပိုမိုသိလိုပါက၊ http://www.desiringgod.org/messages/the-holy-spirit-author-of-scripture


နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Live By The Spirit: Devotions With John Piper

ဆရာဂျွန်ပိုက်ပါမှ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (၇) ရက်တာ လေ့လာဖတ်ရှုခြင်း အစီအစဉ်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော John Piper နှင့် Desiring God ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.desiringgod.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။