YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သုံးပါးတစ်ဆူဘုရားကို သိ၍ချစ်ခြင်းနမူနာ

Knowing & Loving the Trinity

4 ၏ နေ့ 3

ဆုတောင်းကြပါစို့။ သခင်ယေရှု၊ ကျွန်ုပ်အဖို့အလိုငှာ ကိုယ်ကိုကိုယ်နှိမ့်ချတော်မှုခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။ လူ့ဇာတိကို ခံယူပြီး ကျွန်ုပ်အတွက်ကိုယ်စား အသေခံခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်၏မေတ္တာတော်ကို မီနိုင်သောသူတစ်ယောက်မျှ မရှိပါ။ ကိုယ်တော်ဘုရား၏ မဟာမေတ္တာတော်ကို နေ့ရက်စဉ်တိုင်းမှာ ပိုမိုနားလည်သဘောပေါက်နိုင်မည့်အကြောင်း ကူညီမစတော်မူပါ။






သားတော်ကို သိ၍ချစ်ခြင်း



ယေရှုခရစ်တော်သည် ဘယ်သူလဲဟူသောမေးခွန်းသည် ကျွန်တော်တို့ကိုယ်တိုင်မေးနိုင်သော အရေးကြီးဆုံးမေးခွန်းတစ်ခုဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်တော်တို့၏ ထာဝရကာလသည် ထိုအမှု၌ မူတည်ပါသည်။ ယေရှုသည် ပရောဖက်တစ်ပါး၊ တော်လှန်ရေးသမားတစ်ပါး၊ မိမိကိုယ်ကို ကူညီသောဆရာကြီးတစ်ပါး (သို့) လိမ်လည်လှည့်ဖြားသူတစ်ပါးဖြစ်သည်ဟု အချို့က ယူဆကြသည်။ သို့ရာတွင်၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်တည်းဟူသော ဘုရားလူသားဖြစ်သည်ဟု ဆိုခဲ့သောသူဖြစ်သည်ကို ယုံကြည်လက်ခံရန် အလွန်လျောက်ပတ်လှပါသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်တော်မူသည်ဟု ပြောဆိုဝန်ခံသောကြောင့် ကျောက်ခဲနှင့်ပစ်ခြင်းငှာ ခြိမ်းခြောက်ခြင်းခံခဲ့ရသည်။ လောကီသား အမြောက်အမြားသည် ယေရှုကို ရှိခိုးကိုးကွယ်သောအခါ၊ ကိုယ်တော်သည် ထိုသူတို့ကို မငြင်းပယ်ဘဲလျက် နေခဲ့ပါသည်။ (ရှင်ယောဟန်ဩဝါဒစာ၊ ၈း၅၈) တွင်၊ ယေရှုက၊ အာဗြဟံမဖြစ်မီ ငါဖြစ်ခဲ့သည်ဟု မိန့်တော်မူခဲ့သည်။



ပါရမီရှင်နှင့် ဓမ္မပညာရှင် ဆရာကြီးစီးအက်(စ်)လူးဝစ့်မှ (C.S. Lewis) ဤသို့ပြောဆိုခဲ့သည် - ယေရှုက၊ လူလိမ် (သို့) သူရူး (သို့) အရှင်သခင်ကြီး ဖြစ်ပါသည်။ အကယ်စင်စစ်၊ ယေရှုသည် ဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့အတွက်ကြောင့်၊ ကိုယ်တော်သည် မိမိအသရေကို စွန့်၍၊ ကောင်းကင်းဘုံ၌ရှိတော်မူသော ခမည်းတော်ဘုရားထံတော်မှ ကြွလာလျက် ကိုယ်ကိုကိုယ်နှိမ့်ချပြီး ဘုရားဇာတိအဖြစ်တော်ကို ပြောဆိုဝန်ခံခြင်းဖြင့် သူတစ်ပါး၏ ခြိမ်းခြောက်ခြင်း၊ ငြင်းဆိုခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံစေခြင်းငှာ ခွင့်ပြုခဲ့သည်။ ယေရှုဘူရား၏ လူဇာတိခံယူခြင်းသည် အလွန်နက်နဲသလို၊ အလွန်တင့်တယ်လျောက်ပတ်ပါသည်တကား။






နှုတ်ကပတ်တော်ကို စေ့စေ့ကြည့်ရှုကြပါစို့။




  1. (ရှင်ယောဟန်ခရစ်ဝင်၊ ၁ဝး၂၂-၃၁) ကို ဖတ်ရှုပါ။ ယေရှုသည် ထိုလူသဏ္ဌာန်ကို ပေါ်လာစေရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ဟု ထင်ပါသလဲ။

  2. (ရှင်ယောဟန်ခရစ်ဝင်၊ ၁း၁-၃၊ ၁၄) ကို ဖတ်ရှုပါ။ ယေရှုသည် နှုတ်ကပတ်တော်ဖြစ်သည်ဟု အဘယ်ကြောင့် ခေါ်ဝေါ်သမုတ်ခံခဲ့ပါသလဲ။

  3. (ဟေဗြဲဩဝါဒစာ၊ ၁း၁-၃ နှင့် ကောလောသဲဩဝါဒစာ၊ ၂း၉) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်များအားဖြင့်၊ ယေရှု၏ ဘုရားဇာတိအဖြစ်တော်ကို ဘယ်လိုဖော်ပြသလဲ။





ဘယ်လိုဆက်လုပ်မလဲ။




  1. မိမိကိုယ်ကိုမေးမြန်းပါ၊ ကျွန်တော်သည် ယေရှုခရစ်တော်အပေါ်ရှိ ကျွန်တော်၏အမြင်နှင့်အထင်ကို ဘယ်လိုပြောင်းရမလဲ။ ကျွန်တော်ပြောသောအရာများက ကိုယ်တော်အကြောင်း မှန်ပါသလား။

  2. ဘုရားသခင်သည် ကျွန်တော်တို့အတွက် မိမိကိုယ်ကိုနှိမ့်ချလျက် လူဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်နှင့်ပတ်သက်၍ ဘယ်လိုဖော်ပြသလဲ။

  3. မိတ်ဆွေဆုတောင်းသောအခါ၊ ဘုရားသခင်သည် ကျွန်တော်တို့အတွက် မိမိကိုယ်ကိုနှိမ့်ချစေသလို၊ မိတ်ဆွေသည် ဘုရားသခင်ရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချစေပါ။ ဒူးထောက်ပြီး၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ အသက်တော်စွန့်လွှတ်ခြင်းနှင့် မဟာမေတ္တာကရုဏာတော်အားဖြင့် ကျေးဇူးတော်ကို ချီးမွမ်းလျက် ဘုရားသခင်ထံ ဆုတောင်းပတ္ထနာပြုပါ။ ဘုရားသခင်ရှေ့တော်၌ ဒူးထောက်၍၊ လက်များကို ဆန့်ပြီး စိတ်နှလုံးပါလျက် ကိုယ်တော်မြတ်ထံ ချီးမွမ်းယဇ်ကို ပူဇော်လိုက်ပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Knowing & Loving the Trinity

ဤအစီစဉ်သည် သုံးပါးတစ်ဆူ၏အဖွဲ့ဝင် ပုဂ္ဂိုလ်သုံးပါးစီကို စေ့စေ့ကြည့်ရှုခွင့် ပေးသည်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ‌Grace Bible Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.grace-bible.org/college သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။