YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သုံးပါးတစ်ဆူဘုရားကို သိ၍ချစ်ခြင်းနမူနာ

Knowing & Loving the Trinity

4 ၏ နေ့ 1

ဆုတောင်းကြပါစို့။ ကိုယ်တော်သည် အလွန်တရာ ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို အနံအလျား အနက်အမြင့်တို့ကို အကြွင်းမဲ့ မသိမကျွမ်းနိုင်သော်လည်း၊ ဤအစီစဉ်အားဖြင့်၊ ကိုယ်တော်အကြောင်း သိကျွမ်းခြင်းကို သာ၍တိုးပွားစေသလို၊ ကိုယ်တော်အဖို့ ချစ်ခြင်းမေတ္တာကိုလည်း သာ၍တိုးပွားစေမည့်အကြောင်း ဆုတောင်းပါ၏။ အာမင်။






ဘုရားသခင်၏ဇာတိအဖြစ်တော်ကို သိ၍ချစ်ခြင်း



ဘုရားတစ်ဆူသာ ရှိသည်။



ခမည်းတော်သည် ဘုရားဖြစ်သည်။



သားတော် (ယေရှု) သည် ဘုရားဖြစ်သည်။



သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။



သို့သော်၊ ခမည်းတော်သည် သားတော် (သို့) သန့်ရှင်းသောဝိညာဉ်တော် ဖြစ်တော်မမူ။



သားတော်သည် ခမည်းတော် (သို့) သန့်ရှင်းသောဝိညာဉ်တော် ဖြစ်တော်မမူ။



သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော် (သို့) သားတော် ဖြစ်တော်မမူ။



ထိုအံ့ဩဖွယ်ဖော်ပြချက်များသည် အခြေခံကျသော၊ ရှုပ်ထွေးလှသော၊ ထာဝရတည်သော၊ ခက်ခဲနက်နဲလျက် အလွန်မြင့်မြတ်သော သမ္မာတရားကို ဤသို့ဖော်ပြသည် - အနန္တစကြဝဠာ၏ဘုရားသခင်သည် သုံးပါးတစ်ဆူဘုရား ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်ယာန်များသည် သုံးပါးတစ်ဆူဝါဒကို ယုံကြည်လက်ခံသူများ ဖြစ်ကြသည်။ သို့သော်၊ သမ္မာကျမ်းအတွင်းတွင် သုံးပါးတစ်ဆူ ဝေါဟာရကို ဘယ်မှာရှိသလဲဟု စူးစမ်းဖတ်ရှုသူတချို့ မေးကောင်းမေးနိုင်သည်။ ဤအချက်အလက်များအကြောင်းကို ဆင်ခြင်စဉ်းစားသောအခါ၊ ဤအလွန်ကောင်းမွန်သောမေးခွန်းကို ဖြစ်စေသည့် စိုးရိမ်ပူပန်မှုများကို အလျင်အမြန် ဖြေရှင်းစေပါလိမ့်မည်။




  • သမ္မာကျမ်းစာတွင်၊ အထက်ပါဖော်ပြချက်များသည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်သည် သုံးပါးတစ်ဆူဘုရားဖြစ်ကြောင်းကို ဖော်ပြထောက်ပြသည့်အရာများစွာ ရှိပါသည်။

  • သမ္မာကျမ်းစာကို ရေးသားထုတ်ဝေပြီး မကြာမီတွင် အသင်းတော်သည် သုံးပါးတစ်ဆူနှင့်ဆိုင်သော ဝေါဟာရများကို လက်ခံကျင့်သုံးခဲ့သည်။

  • အသင်းတော်၏သမိုင်းမှာ အေဒီ (၃၂၅) တွင်၊ ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းခြင်း ငြိမ်သက်သွားသောအခါ၊ အသင်းတော်သည် သူတို့ယုံကြည်သောအရာကို ပိုမိုရှင်းလင်းစေဖို့ အတူတကွ စုရုံးလျက် ဓမ္မညီလာခံကို ကျင်းပကြပြီးနောက်၊ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်ကြောင်းကြေငြာချက်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။


သို့သော်၊ ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟူသော သမ္မာတရားသည် အလွန်ပျင်းဖို့ကောင်းသောတရားဖြစ်ပြီး ကျွန်တော်တို့၏ နေ့စဉ်အသက်တာနှင့် မစပ်ဆိုင်ဘဲ၊ ၎င်းတရားသည် ဓမ္မပညာရှင်များအတွက်သာ ကိုင်တွယ်ဖြေရှင်းပါစေဟု ငြင်းဆိုလျက် ဥပေက္ခာပြုသောသူတချို့ ရှိကြသည်။ သို့ရာတွင်၊ ဤအစီစဉ်၏ ရည်ရွယ်ချက်မှာ၊ မိမိကိုယ်ကို အလွန်ရေးကြီးလှသော မေးခွန်းတစ်ခုမေးခြင်းဖြင့် ထိုခံယူချက်ကို စိန်ခေါ်ရန်ဖြစ်သည် - ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်တည်းဟူသော သမ္မတရားသည် မထင်မရှား ဖယ်ထားသင့်သော အယူဝါဒတစ်ခု မဟုတ်ဘဲ၊ လက်ခံယုံကြည်ရမည့် အံံ့ဩဖွယ်ရာ၊ ကြည်နူးဖွယ်ကောင်းသော၊ မိမိအသက်တာနှင့်ဆိုင်သည့် သမ္မာတရားတစ်ခု ဖြစ်ပါလျှင်၊ ဘုရားသခင်သည် တစ်ဆူတည်းတွင် ပုဂ္ဂိုလ်သုံးမျိုးရှိသည်ဟူသော အယူဝါဒသည် သူ၏ဂုဏ်အင်္ဂါတော်များနှင့် အံ့ဖွယ်သောအမှုတို့ကို ပိုမိုအဓိပ္ပာယ်ရှိစေသည်ဟု ဆိုပါလျှင်၊ ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်ကြောင်းအချက်သည် ကျွန်တော်တို့၏ ယုံကြည်ခြင်းအတွက် အကောင်းဆုံးကာကွယ်မှုဖြစ်ပါလျှင်၊ ကိုယ်တော်၏ ဇာတိအဖြစ်တော်မြတ်ကို ပိုမိုနားလည်သဘောပေါက်သောကြောင့်၊ ကျွန်တော်တို့သည် ဘုရားသခင်ကို ပိုမိုနက်နဲစွာ ကိုးကွယ်စေဖို့ သခင်ဘုရား အလိုတော်ရှိပါလျှင်၊ အောက်ပါမေးခွန်များကို အတူတကွ ဖြေကြပါစို့။






နှုတ်ကပတ်တော်ကို စေ့စေ့ကြည့်ရှုကြပါစို့။




  1. (တရားဟောရာကျမ်း၊ ၆:၄-၉) ကို ဖတ်ရှုပါ။ ဘုရားသခင်သည် လူများကို သူ၏အကြောင်းနှင့်ပတ်သက်၍ ဘာသိလိုပါလဲ။

  2. (ရှင်ယောဟန်ခရစ်ဝင်၊ ၁၄း၁၆-၁၇) ကို ဖတ်ရှုပါ။ ဘယ်သူပြောနေသလဲ။ ဘာပြောနေသလဲ။ ၎င်းအရာသည် ဘုရားသခင်အကြောင်းကို ဘယ်လိုဖော်ပြသလဲ။

  3. (ရှင်မဿဲခရစ်ဝင်၊ ၂၈း၁၉) ကို ဖတ်ရှုပါ။ သခင်ယေရှုသည် မိမိတပည့်တော်များ (ကျွန်တော်တို့ အပါအဝင်) တို့ကို ဘယ်လိုစေခိုင်းခဲ့သလဲ။ ကိုယ်တော်ပေးဆောင်သော ဗတ္တိဇံပေးနည်းတွင် ဘယ်သူကို ကိုယ်စားပြုသလဲ။ နာမတော်မြတ်သုံးပါးအား အဘယ်ကြောင့် ပါသလဲ။





ဘယ်လိုဆက်လုပ်မလဲ။




  1. ကိုယ်တော်၏ ဇာတိအဖြစ်တော်မြတ်အဖို့နှင့် မိတ်ဆွေကို ချစ်စေဖို့ ရွေးချယ်ပေးခဲ့သည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းလျက် ဘုရားသခင်ထံ ဆုတောင်းပါ။

  2. သုံးပါးတစ်ဆူဖြစ်ခြင်းနှင့်ပတ်သက်ပြီး မိမိခံစားချက်များနှင့် အတွေးအမြင်များကို ဘုရားသခင်ထံ ပွင့်လင်းစွာ ဝန်ခံဆုတောင်းပါ။ စိတ်ရှုပ်ထွေးခြင်း၊ မသေချာခြင်း (သို့) ဘုရားသခင်သည် ဝေးဝေးနေသည်ဟု ခံစားရပါက၊ ကိုယ်တော်ကို ပြောပြပါ။

  3. ယနေ့၊ လှည့်ပတ်ကြည့်ရှုပြီး၊ ဤလောကကြီးမှာ ကျွန်တော်တို့ကို ပျော်ရွှင်မွေ့လျော်စေသောအရာများနှင့် အလွန်များလှသည်ကို ကြည့်လိုက်ပါ။ အနန္တစကြာဝဠာကြီးသည် အလွန့်အလွန် လှပပြီး အံ့သြဖွယ်ရာများနှင့် ပြည့်စုံနေသည်ကို ကြည့်ရှုလိုက်ပါ။ ထိုသို့ ပြုလုပ်စဉ်၊ ကောင်းမွန်လှပသောအရာများ၊ ကြည်နူးဖွယ်ရာများအားလုံးကို ဖန်ဆင်းပေးသည့်အတွက် ဘုရားသခင်ကို ချီးမွမ်းလိုက်ပါ။

နေ့ 2

ဤအစီအစဉ်အကြောင်း

Knowing & Loving the Trinity

ဤအစီစဉ်သည် သုံးပါးတစ်ဆူ၏အဖွဲ့ဝင် ပုဂ္ဂိုလ်သုံးပါးစီကို စေ့စေ့ကြည့်ရှုခွင့် ပေးသည်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ‌Grace Bible Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.grace-bible.org/college သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။