YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သုံးပါးတစ်ဆူဘုရားကို သိ၍ချစ်ခြင်းနမူနာ

Knowing & Loving the Trinity

4 ၏ နေ့ 2

ဆုတောင်းကြပါစို့။ အဖဘုရားသခင်သည် သနားတတ်သောသဘော၊ ကရုဏာကြွယ်ဝသောသဘော ရှိပြီး စုံလင်သောဖခင်ဖြစ်တော်မူသည့်အတွက် ကျေးဇူးတင်ပါ၏။ ကျွန်တော်၏မနောစိတ်ထဲမှာ ကိုယ်တော်၏ဇာတိအဖြစ်တော်မြတ်ကို မှန်ကန်စွာ ဖော်ပြလျက် ၎င်းဖော်ပြခြင်းဖြင့် ကျွန်တော်သည် ကိုယ်တော်ကို ပိုမိုချစ်နိုင်မည့်အကြောင်း ကူညီမစတော်မူပါ။







ခမည်းတော်ကို သိ၍ချစ်ခြင်း



အဖေဟူသော စကားလုံးကို ကြားသောအခါ သတိရလာမည့် ပုံရိပ်များ၊ စပ်ဆိုင်မှုများနှင့် ခံစားချက်များပေါ်တွင် လူ (၁၀၀) ပြည့်သည့်အခန်းကို စစ်တမ်းကောက်ယူမည်ဆိုလျှင် ထူးထူးခြားခြား ခြားနားသောအဖြေ (၁၀၀) ကို ရရှိနိုင်ပါလိမ့်မည်။ မိတ်ဆွေသည် အဖေဝေါ်ဟာရအကြောင်း စဉ်းစားသောအခါ၊ ဥပေက္ခာပြုခြင်း၊ ကြမ်းတမ်းသောအုပ်ထိန်းခြင်း (သို့) မရှိခြင်းဟူသော စိတ်နာသောအရာကို ခံစားကောင်းခံစားနိုင်ပါသည်။ သို့မဟုတ်၊ ဉာဏ်မရှိ၊ မိုက်မဲသော၊ ပုံမကျပန်းမကျ အရက်သမားဖခင်ပုံစံကို တွေးကြည့်နိုင်ပါသည်။ သို့မဟုတ်၊ ခမည်းတော်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ထားသည့် ဖခင်ကြီးတစ်ဦးနှင့် ကြီးပြင်းလာသောကြောင့် နူးညံ့သိမ်မွေ့သောချစ်ခြင်းမေတ္တာနှင့် နွေးထွေးသော ခံစားချက်များကို ညင်သာစွာ နှိုးဆော်စေသည်။



ကျွန်တော်တို့အားလုံးသည် ဖခင်ဟူသည် ဖြစ်ပုံ၊ လုပ်ဆောင်ပုံနှင့် စိတ်ဓာတ်ကို မည်သို့ဖြစ်သင့်သနည်းကို အခြေခိုင်သော အယူအဆ ရှိကြသည်။ သို့ရာတွင်၊ အလွန်မြင့်မြတ်သည့် အဖြစ်မှန်ကား၊ ၎င်းအယူအဆအားလုံးသည် ကျွန်တော်တို့၏ ကောင်းကင်ဘုံရှိ စုံလင်တော်မူသော ခမည်းတော်၏ ဖြစ်ခြင်းကို နှိုင်းယှဉ်လျှင် မမီနိုင်ပါ။ ကျွန်တော်တို့ရှေ့ဆက်ရမည့်တာဝန်မှာ၊ ခမည်းတော်ဘုရားသခင်၏ စစ်မှန်သောဖြစ်ခြင်းကို သိမြင်နိုင်မည့်အကြောင်း ကျွန်တော်တို့၏ စိတ်များကို မှန်ကန်စွာ ပြန်လည်ပြုပြင်စေဖို့ ဖြစ်သည်။



ကိုယ်တော်သည် ပုံမကျပန်းမကျ ဝေးလှသောသူ ဖြစ်ပါသလား (သို့) ကျွန်တော်တို့နှင့်အတူရှိလျက် သတိနှင့်ကြည့်ရှုနေပါသလား။



ကိုယ်တော်သည် ဒေါသကြီးပြီး ကြမ်းတမ်းသဘောရှိပါသလား (သို့) ဖြည်းညင်းခြင်းသဘောနှင့် ကရုဏာကြွယ်ဝသောသဘော ရှိပါသလား။



ကိုယ်တော်သည် ရိုင်းစိုင်းပြီး ပရိယာယ်ပြုတတ်သောသူ ဖြစ်ပါသလား (သို့) အလွန်ကြင်နာပြီး သစ္စာတော်နှင့် မြဲမြံသောသူ ဖြစ်ပါသလား။



ကိုယ်တော်သည် တန်ခိုးမရှိ၊ မတတ်စွမ်းနိုင်ပါသလား (သို့) အနန္တတန်ခိုးရှင်ဖြစ်ပြီး ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်ပါသလား။







သန့်ရှင်းသောဝိညာဉ်တော်သည် မိမိနှုတ်ကပတ်တော်အားဖြင့် သမ္မာတရားကို ကျွန်တော်တို့အား အကြွင်းမဲ့ သွန်သင်ပြသမည်အကြောင်း အတူတကွ ဆုတောင်းကြပါစို့။







နှုတ်ကပတ်တော်ကို စေ့စေ့ကြည့်ရှုကြပါစို့။




  1. (တရားဟောရာကျမ်း၊ ၁း၃၀-၃၁) ကို ဖတ်ရှုပါ။ တရားဟောသောသူ မောရှေသည် ဓမ္မဟောင်းကျမ်းရှိ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို ဘယ်လိုဖော်ပြခဲ့သလဲ။

  2. (ကောရိန္သုဩဝါဒစာပထမစောင်၊ ၈း၆) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်အားဖြင့်၊ ခမည်းတော်ဘုရားအကြောင်းကို ဘယ်လိုဖော်ပြပါသလဲ။

  3. (ရောမဩဝါဒစာ၊ ၈း၁၄-၁၇) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်များအားဖြင့်၊ ဘုရားသခင်၏ မိသားစုတော်ထံ မွေးစားခဲ့သော ကျွန်တော်တို့အကြောင်းကို ဘယ်လိုဖော်ပြပါသလဲ။

  4. (ရှင်ယာကုပ်ဩဝါဒစာ၊ ၁း၁၇) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်များအားဖြင့်၊ ဘယ်လိုဖခင်မျိုးကို ဖော်ပြပါသလဲ။ ဒေါသကြီးပြီး ဝေးကွာနေသောသူလား (သို့) သဘောတော်ကောင်းလျက် မေတ္တာကရုဏာတော်အရှင် ဖြစ်ပါသလား။






ဘယ်လိုဆက်လုပ်မလဲ။




  1. ကျွန်တော်သည် ခမည်းတော်ဘုရားကို ဘယ်လိုမှားယွင်းစွာ ရှုမြင်ခဲ့ပါသလဲ။ ခမည်းတော်ဘုရားသည် အဘဖြစ်တော်မူသည်ဟူသော ကျွန်တော်၏အမြင်ကို ဘယ်လိုပြောင်းရမလဲလို့ ဆင်ခြင်စဉ်းစားလိုက်ပါ။

  2. ဤရက်သတ္တပတ်ရှိ နေ့ရက်စဉ်တိုင်းတွင် ခမည်းတော်ဘုရားအပေါ် မိမိမေတ္တာကို ပိုမိုတိုးပွားစေမည့်အကြောင်း ဆုတောင်းပတ္ထနာပြုလိုက်ပါ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Knowing & Loving the Trinity

ဤအစီစဉ်သည် သုံးပါးတစ်ဆူ၏အဖွဲ့ဝင် ပုဂ္ဂိုလ်သုံးပါးစီကို စေ့စေ့ကြည့်ရှုခွင့် ပေးသည်။

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ‌Grace Bible Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.grace-bible.org/college သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။