YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်နမူနာ

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

6 ၏ နေ့ 5

ကိုယ်ပိုင်လမ်းညွှန်မှု ဒါမှမဟုတ် ဘုရားသခင် လမ်းညွှန်မှုနောက် လိုက်မလားဆိုတာ လူတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။


ဘုရားသခင် လမ်းညွှန်မှုနောက်ကိုလိုက် သည် ဆိုသည်မှာ ဘုရားသခင်အား အရာအားလုံးထက်ပို၍ ချစ်မြတ်နိုးခြင်း၊ မိမိကိုယ်ကိုချစ်သကဲ့သို့ အခြားသူများအား ထပ်တူချစ်မြတ်နိုးခြင်း ပင် ဖြစ်ပါတယ်။


ဒါက ရိုးရှင်းသလိုရှိပေမဲ့ ပြီးပြည့်စုံတဲ့ ချစ်မြတ်နိုးမှုမှာ လုပ်ဆောင်ရတာတွေ ရှိနေပါသေးတယ်။ အကယ်၍ တစုံတယောက်အကြောင်း မကောင်းတဲ့ အတွေးတစ်ခုဝင်မိရင်တောင် သင် အမှားပြုလုပ်မိပြီ ဖြစ်ပါတယ်။


ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီအစား ကိုယ် ပိုင် လမ်းညွှန်မှုနောက်ကို ရွေးချယ်ကြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော်တို့ ကိုယ်တိုင် (သို့) တခြားသူတွေကို နာကျင်ခံစားစေလာပါတယ်။


အခု သင်ကြုံတွေ့နေရတဲ့ နာကျင်မှုတွေက သင် ကိုယ်တိုင်နဲ့ ဘုရားသခင်ကို ချစ်မြတ်နိုးရမယ့်အစား တန်ခိုးအာဏာကိုသာ ရှာဖွေနေကြသော လူတစ်စုကြောင့် ဖြစ်တယ်။


ဒါပေမဲ့ နာကျင်မှုဆိုတာ အမြဲတစေ မရှိပါဘူး။ 


ဘုရားသခင်နဲ့ ဆက်နွှယ်ခြင်း၊ လမ်းညွှန်မှုနောက်လိုက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ် နဲ့ နှလုံးသားကို ဘေးကင်းလုံခြုံစေပါတယ်။


တခါတလေ ဘုရားသခင်က ကျွန်တော်တို့ ခန္ဓာကိုယ်ကိုလည်း ကာကွယ်စောင့်ရှောက်ပါတယ်။


စိတ်ဝိညာဉ် ဘေးကင်းလုံခြုံစေခြင်း ဆိုသည်မှာ ဘုရားသခင် ရဲ့လမ်းညွှန်မှုနောက်လိုက်မည်ဟု သင် ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ စတင်ပါတယ်။


ဒါက ဘဝ အပြောင်းအလဲ ဖြစ်ကြောင်းကို ၄ရက်မြောက်နေ့ တွင် သင် ဖတ်ပြီးသားဖြစ်ပါတယ်။


ဘုရားသခင် လမ်းညွှန်မှုနောက်လိုက်မည်လို့ သင်ပြောလိုက်တဲ့အချိန် မှာ လည်း တချိန်မှာ သင်နောက်ထပ် အမှားလုပ်မိဦးမယ်ဆိုတာ သူ သိပြီးသားဖြစ်ပါတယ်။ ဒါက ကိစ္စ မရှိပါဘူး။


ဘုရားသခင်ကို ဆက်လက် ချစ်မြတ်နိုးနေဖို့ပဲလိုပါတယ်၊ ကိုယ်တော်က သင့်ကို ပြောင်းလဲပေးပါလိမ့်မယ်။


ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို ဆက်လက်တောင်းခံပြီး ချစ်မြတ်နိုးပါ။


အရင်ထက်ပိုပြီး ချစ်မြတ်နိုးခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သည်းခံခြင်း၊ သိမ်မွေ့ခြင်းတို့ ပြည့်ဝလာတာကို သင်ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။


တခြားသူတွေအပေါ် ပိုမိုချစ်မြတ်နိုးလာပြီး ကောင်းသောအရာများ လုပ်ဆောင်လာတဲ့ သင့်ကိုယ်သင် လည်း တွေ့ရပါလိမ့်မယ်။


အရင်နှစ်တွေက သင့်ရဲ့ မကောင်းတဲ့ အလေ့အထတွေ စတင်ပျောက်ပြယ်ကုန်ပါလိမ့်မယ်။ ကိုယ့်ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မြင့်လာပြီး ဘုရားသခင်ထံ ယုံကြည်မှုလည်း တိုးပွားလာပါလိမ့်မယ်။


ဘုရားသခင်ကိုခွင့်လွှတ်ရန်နှင့်ကိုယ်တော်ကိုချစ်ရန်ရွေးချယ် ၍သင်ယုံကြည်မှသာဤအရာအားလုံး  ဖြစ်လာမှာဖြစ်ပါတယ်။


ဒါက လုပ်ဆောင်ရမှာတွေ များသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ရွေးချယ်သည့်အတွက် ကိုယ်တော်က သင်နဲ့အတူ ရှိနေမှာပါ။


ဒီပြောင်းလဲမှုအားလုံးကို စိတ်ဝိညာဉ်ရဲ့ အသီးအပွင့်များလို့ ခေါ်ပါတယ်။ ဘုရားသခင်ကို သင် ချစ်မြတ်နိုးကြောင်း သက်သေဖြစ်ပါတယ်။


အကယ်၍ သင့်ဘဝက ခက်ခဲနေရင်တောင် သင့်စိတ်ဝိညာဉ်က ကြံ့ခိုင်နေပါလိမ့်မယ်။ အထီးကျန်ခြင်း မရှိတော့ဘဲ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းတွေကို တခြားသူများ မရရှိရင်တောင် သင် ခံစားရပါလိမ့်မယ်။


တခြားသူများက သင့် ပြောင်းလဲမှုကို တွေ့မြင်ကြလိမ့်မည်ဖြစ်ပြီး သင်က သူတို့ရဲ့ဘဝတွေကို ထပ်ဆင့် ပြောင်းလဲပေးလာပါလိမ့်မယ်။


မသေဆုံးခင်အချိန်ထိ သင့်ဘဝမှာ နာကျင်မှုတွေ ကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သင်က ဘုရားသခင်ကို ချစ်မြတ်နိုးရင်၊ ဒီနာကျင်မှုတွေက သင့်ကို မထိန်းချုပ်ထားနိုင်ပါဘူး။ ခဏတာဖြစ်တယ်ဆိုတာ သင်သိမြင်လာပါလိမ့်မယ်။


အခုချက်ချင်း ဘုရားသခင်ထံ သင့်ကို စောင့်ရှောက်ပေးရန်၊ ဘုရားသခင်ကို ချစ်မြတ်နိုးဖို့ လမ်းပြပေးရန်၊ လမ်းညွှန်မှုနောက်လိုက်ရန်၊ မှီခိုရန်၊ ဘုရားသခင်အကြောင်း ပိုမိုသိရှိနိုင်ရန် ဆုတောင်းပါ။


အကယ်၍ ဘုရားသခင် လမ်းညွှန်မှုနောက်လိုက်ရန် သင် မဆုံးဖြတ်ရသေးပါကလည်း ဒီအရာများကို ဆုတောင်း ဝတ်ပြုနိုင်ပါတယ်။ ဆုတောင်းဝတ်ပြုနိုင်ရန် အောက်တွင်ဖော်ပြပေးထားပါတယ်။


ဆုတောင်းခံချက် : ဘုရားသခင်၊ ကျေးဇူးပြု၍ ကိုယ်တေ့ာ် အကြောင်း ပိုမိုသိရှိနိုင်ရန် ကျွန်တော့်/ကျွန်မကို ကူညီပေးပါ။


ကိုယ်တော်ကို ချစ်မြတ်နိုးရန်နဲ့ ကိုယ်တေ့ာ် လမ်းညွှန်မှုနောက်လိုက်နိုင်ရန် ကျွန်တော့်/ကျွန်မကို တွန်းအားပေးပါ။


ကျေးဇူးပြု၍ ကျွန်တော့်ကို ပြောင်းလဲ စေပြီး ကိုယ်တေ့ာ် အကြောင်း ပိုမိုသင်ကြားပေးပါ။


ကိုယ်တော် ခွင့်လွှတ်ပေးခဲ့တာကို ကျွန်တော်/ကျွန်မ မှတ်မိနေအောင် ကူညီပေးပါ။ ကိုယ်တေ့ာ်ကို ယုံကြည်နေအောင်၊ အမြဲအားထားနေအောင် ကျွန်တော့် /ကျွန်မ ကို ကူညီပေးပါ။


ကျေးဇူးပြု၍  နာကျင်မှု ကိုကုစားပေးပါ။ ကျွန်တော် / ကျွန်မ သူငယ်ချင်း၊ မိသားစုနဲ့ တိုင်းပြည်ကို စောင့်ရှောက်ပေးပါ။


ယေရှုနာမတော်အားဖြင့်ဆုတောင်းပါတယ် အာမင်။




Everyone has the freedom to follow God or follow their own way. Following God means loving Him more than anything, and loving other people as you love yourself. It might sound simple, but perfect love takes a lot of work, and if you even think a hateful thought about someone, you’ve already made a mistake. So, we choose our own way instead, and we eventually cause suffering and pain for ourselves or someone else. The pain that you are probably experiencing right now is a result of people who are pursuing power instead of loving you and loving God.


But pain does not have to be permanent! Having a relationship with and following God guarantees us spiritual and emotional healing. Sometimes God also heals our bodies.


Spiritual healing begins when you decide that you want to follow God. It is the life change that you read about on Day 4. When you tell God that you want to follow Him, he knows that you will sin again, and that’s okay. He just wants you to keep loving Him and He will change you. Keep asking for forgiveness and keep loving him. You will start to see yourself becoming more loving, joyful, peaceful, patient, and gentle. You will see yourself start to love other people more and do what is good for them. Bad habits that you’ve had for years will begin to fade, you will gain more self-control, and you will develop more faith in God. All of these things happen only as you trust God to forgive you and choose to love Him. It might sound like a lot of work, but He will walk you through it every day that you choose Him.


All of these changes that happen are called fruits of the spirit, and they are the proof that you love God. Even if your life gets harder, your spirit will get stronger, you will feel less alone, and you will feel joy and hope even when no one else does. Other people will see this change in you too and you will begin to change their own lives. Your life will have painful moments until you die, but when you love God, you will start to see how temporary the pain is and it will not control you.


Right now you should pray and ask God to begin healing you, and help you love Him, follow Him, depend on Him, and help you learn more about Him. You can pray for these things even if you haven’t decided to follow Him. If you want, you can read the prayer below.


Prayer: God, please help me know more about you. Help me love you and give me the desire to follow you. Please change me and teach me more about you. Help me to remember that you have forgiven me and help me to trust you and rely on you always. Please heal me from this pain, heal my friends and family, and heal my country. In Jesus name I pray, amen.

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

(၆ )ရက်မြောက်နေ့ အတွက် သတိပေးချက်ကတော့ ကမ္ဘာကြီးတစ်ခုလုံး က သင့်ကိုဆန့်ကျင်နေမယ်ဆိုရင်တောင် ဘုရားသခင် က သင့်အတွက် အမြဲရှိနေပါတယ်။ သင်နဲ့ အတူသင့်မျှော်လင့်ချက် ရဲ့ နောက်ကွယ်မှာ လည်းဘုရားသခင် အမြဲရပ်တည်ပေးနေပါတယ်။

ဤအစီအစဉ်ကိုပေးအပ်သည့်အတွက်ကျွန်ုပ်တို့သည် Lane and Cary Terzieff  ကိုကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ https://laneandcary.com/ ကိုသွားပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။