YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်နမူနာ

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

6 ၏ နေ့ 1

တစ်ခါတစ်လေမှာ ကမ္ဘာကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့နေရာတစ်ခုလိုပဲ။ 


သင်ကိုယ်တိုင်ဘယ်သူပဲဖြစ်နေပါစေ၊ ပိုက်ဆံတွေဘယ်လောက်ချမ်းသာနေပါစေ၊ နောက်ဆုံးမှာ သူတို့က သင့်ကိုစိတ်ပျက်စေပြီး သင်နဲ့ သင့်ရဲ့ မျှော်လင့်ချက်တွေ ခြေလှမ်းတွေ ကိုရိုက်ချိုးနေသလိုခံစားရလိမ့်မယ်။


အခုလက်ရှိ သင်ကိုယ်တိုင်ခံစားနေရတာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် ဒီစာကိုဖတ်နေရင်းနဲ့ နောက်ထပ်ခြေလှမ်းတွေမှာ မျှော်လင့်ချက်ပန်းတိုင် ဘယ်လိုထားရမလဲ ဆိုတာလည်းလေ့လာနေတာဖြစ်နိုင်တယ်။


ဘာပဲဖြစ်ဖြစ်ဒီ နေ့စဉ် စာဖတ်ခြင်းအစီအစဉ်မှာ ပါဝင်တဲ့စကားလုံးတွေကနေ သင်ဟာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်ပန်းတိုင်အသစ်တွေ ၊ ခွန်အားတွေ ၊ ယုံကြည်ချက်တွေ ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။


ဒီစာဖတ်ခြင်းအစီအစဉ်က သင့်ကို ဘုရားသခင်အကြောင်း နဲ့ သူ့ရဲ့ ဆန္ဒ အကြောင်း ကို သိစေဖို့ ကျွန်တော်ရေး ထားတာဖြစ်ပါတယ်


တချို့နေ့ရက်တွေကတော့ ဆုတောင်းခြင်းတွေနဲ့အဆုံးသတ်ပြီးတော့ တချို့သောနေ့ရက်တွေ ကျတော့ ကျမ်းစာဖတ် ရှုခြင်းဖြင့် တစ်ရက်တာကုန်ဆုံးသွားပါတယ် ။


ကျမ်းစာထဲမှာ မသိသေးတဲ့ အကြောင်းအရာ ဗဟုသုတတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် ကျေးဇူးပြုပြီး ကျမ်းစာကိုသေချာဂရုတစိုက်နဲ့ဖတ်ရှုပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။


သင့်ကိုဘုရားသခင် က ဘယ်လိုစဉ်းစားလဲ ၊ သင်နဲ့ပတ်သက်ပြီးတော့ ဘုရားသခင်ဘယ်လိုခံစားရလဲ ဆိုတာကို ဖတ်ရှုတဲ့ အခါ နှိမ့်သိမ့်မှုခွန်အားတွေ ရမယ်လို့လည်းကျွန်တော် မျှော်လင့်ပါတယ်။ 


အကယ်၍ ဘုရားသခင် ရဲ့အကြောင်းကိုမသိချင်ဘူးဆိုရင်တောင်မှ အခု သင်ဖတ်ရှုမဲ့အကြောင်းအရာတွေကတော့မှန်ကန်နေဆဲဖြစ်နေမှာပါ။


ပထမ ဦးဆုံး ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက သင့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေကို ဘုရားသခင်က ကြည့်နေတယ်ဆိုတာပါပဲ။


ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ လူတွေ(ကျွန်တော်တို့ သင်တို့ တွေ့ဖူးသမျှ လူတွေအားလုံးပေါ့) နာကျင်မှုတွေဆုံးရှုံးမှုတွေကြုံတဲ့အခါ သူကိုယ်တိုင်လည်းသင်တို့လိုပဲ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေပါတယ်။


လူတွေက တရားမျှတမှုတွေ ငြိမ်းချမ်းမှုဆိုတဲ့ အကာအကွယ်တွေ နဲ့ ရှိနေတဲ့ အခါ သူကိုယ်တိုင်သင်တို့နဲ့ တန်းတူ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ 


လူသားတွေ က သူတို့ လိုချင်တာရဖို့မကောင်းမှုဒုစရိုက်တွေလုပ်တဲ့ အခါမှာတော့ သူလည်း သင်တို့နဲ့ ထပ်တူ အမျက်ဒေါသထွက် စိတ်ဆိုးပါတယ်။


ဘုရားသခင်က ရုန်းကန်​မှုတွေပြိုင်ဆိုင်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့ သင်နဲ့ တူတူအမြဲရှိနေပေးတဲ့အတွက်ကြောင့် သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။ 


သင်ခွန်အားတွေ အကာအကွယ်တွေ အတွက် အကူအညီ တောင်းတဲ့အခါ မှာလည်း သူအမြဲနားထောင်နေပါတယ်။


သင့်ဆုတောင်းတွေအတွက် ဘုရားသခင်က သူကိုယ်တိုင်နားထောင်ပေးပါတယ်။


ဘုရားသခင် က စစ်ပွဲတိုင်း အောင်နိုင်ဖို့ရာအတွက် မျှတမှု၊ ငြိမ်းချမ်းမှုကိုပဲ အလိုရှိသောသူဖြစ်ပါတယ်။


ငြိမ်းချမ်းမှု နဲ့ မျှတမှု အတွက် ပေးဆပ်နေတဲ့ သင့်အတွက် ဘုရားသခင် ကသင့်ကို 


တစ်ယောက်တည်း ပစ်မထားပါဘူး ။ မေ့လည်းမမေ့ပါဘူး။အမြဲတူတူရှိနေပါတယ်။ 


ဘုရားသခင်ကဘယ်တော့မှသင့်ကိုမမေ့ပါဘူး ။




The world is a scary place sometimes. No matter who you are, how much money you have, or what you look like, you will eventually run into trials that feel like they are crushing you and stealing your hope. Maybe you are experiencing those trials right now, or maybe you’re reading this to learn how to have hope in your next trial. Either way, I hope that the words in this daily reading plan fill you with new hope, strength, and confidence that you are not alone.


This reading plan is made to tell you a little about God and His desire to know you and help you. Some days end with a prayer that you can pray if you want, and each day ends with readings from the Bible. Please read the Bible words carefully, because they have a lot of hidden knowledge! I hope that you are filled with comfort as you read the way that God thinks and how he feels about you. Even if you decide that you don’t want to know Him, all of what you read will still be true.


The first thing I want to tell you is that God is watching everything that you go through. He is filled with deep sadness when the people he created (you and everyone you have ever met) suffer pain and loss. He is filled with joy when people peacefully defend justice and equality. He feels angry when humans do evil things to get what they want. So you are not alone. God is with you as you face this struggle.


He is also listening as you ask for strength, protection, and help. He is listening to you personally. He wants justice and peace to win in every battle. When you are working for justice and peace, He is with you. He will never leave you or forget you.


You are not invisible, and you are not forgotten.




နေ့ 2

ဤအစီအစဉ်အကြောင်း

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

(၆ )ရက်မြောက်နေ့ အတွက် သတိပေးချက်ကတော့ ကမ္ဘာကြီးတစ်ခုလုံး က သင့်ကိုဆန့်ကျင်နေမယ်ဆိုရင်တောင် ဘုရားသခင် က သင့်အတွက် အမြဲရှိနေပါတယ်။ သင်နဲ့ အတူသင့်မျှော်လင့်ချက် ရဲ့ နောက်ကွယ်မှာ လည်းဘုရားသခင် အမြဲရပ်တည်ပေးနေပါတယ်။

ဤအစီအစဉ်ကိုပေးအပ်သည့်အတွက်ကျွန်ုပ်တို့သည် Lane and Cary Terzieff  ကိုကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ https://laneandcary.com/ ကိုသွားပါ။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။