YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်နမူနာ

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

6 ၏ နေ့ 2

ဘဝ ကဘာလို့ တရားမျှတ မှုမရှိတာလဲလို့ တစ်စုံတစ်ယောက်ကိုမေးဖူးလား?


တချို့သောသူတွေမှာကော ဘာလို့အရာအားလုံးပြီးပြည့်စုံနေတာလဲ? 


တချို့တွေမှာကျ တော့ဘာလို့အစားအစာတောင်မရှိရှာတာလဲ? ဘာလို့တချို့လူတွေကျတော့လွတ်လပ်နေပြီးတော့ တချို့တွေကျတော့ ဖိနှိပ်ခံနေရတာပါလဲ?


ဘယ်လိုများ ဆိုးသွမ်းတဲ့လူတွေကျတော့ ခွန်အားတွေရှိနေပြီးတော့ ကောင်းမွန်တဲ့လူတွေကျတော့ ခွန်အားမဲ့ နေကြတာလဲ?


အဲ့လိုမေးခွန်းတွေကို ကျွန်တော် အကြိမ်များစွာမေးဖူးတယ် ။


သင်ကိုယ်တိုင်လည်း ဘုရားသခင်က ကောင်းမွန်တဲ့ သူလား ၊ ဘုရားသခင်က အစစ်အမှန် လား ၊ ဘာလို့များဘုရားက လူတွေရဲ့ ဘဝတွေ မှာ မတရားမှု တွေကိုခွင့်ပြုခဲ့တာလဲ အစရှိတဲ့ အဲ့လိုမေးခွန်းတွေကိုမေးဖူးမှာပါ။ 


အဖြေကတော့ ဘဝ ဆိုတာ ကျွန်တော်တို့ ရရှိခဲ့တာ အားလုံးမဟုတ်လို့ပါပဲ။


ဘုရားသခင်ကိုရှာဖွေဖို့ တခြားသူတွေကိုချစ်မြတ်နိုးဖို့ မိမိကိုယ်ကို ချစ်မြတ်နိုးဖို့ တခြားသူတွေကိုနာကျင်စေဖို့ အတွက်ကမ္ဘာမြေပေါ်က အချိန်တွေကို ကျွန်တော်တို့အတွက် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။


လူတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ရွေးချယ်ခွင့်တွေကို မဖယ်ရှားနိုင်သရွေ့ ကျွန်တော်တို့ အားလုံးသည်းခံရမှာဖြစ်ပါတယ်။ 


ဒါပေမဲ့ ဘုရားသခင်ကိုရှာဖွေသောသူနဲ့ လူတွေကိုချစ်သောသူတွေအဖို့ ၊ ကျွန်တော်တို့သေဆုံးပြီးနောက် ဘုရားသခင်နဲ့ အစဉ်ထာဝရနေနိုင်ရန် ကျွန်တော်တို့အတွက်ပြီးပြည့်စုံတဲ့ နေရာလေးရှိပါတယ်။ 


ကျွန်တော်တို့ရဲ့ အသက်တာက ကမ္ဘာမြေပေါ်မှာ ရှည်လျားသည်ဟုခံစားရပေမဲ့ ထာဝရနှင့်နှိုင်းယှဉ်မည် ဆိုလျှင် မျက်စိတစ်မှိတ်လေးသာ ဖြစ်ပါတယ်။


ရှင်ယာကုပ်ဩဝါဒစာ(၄:၁၄), ဆာလံကျမ်း(၃၉:၅), ဆာလံကျမ်း(၁၄၄း၄)
သင့်အတွက် ထာဝရနေထိုင်နိုင်ရန် ဘုရားသခင်စီစဉ်ပေးသောနေရာတွင် ပြီးပြည့်စုံ၍ငြိမ်းချမ်းပြီးဆင်းရဲငတ်မွတ်ခြင်း၊ မျက်ရည်ကျခြင်း၊ နာကျင်ခြင်း ၊ ဆာလောင်ခြင်းတို့ရှိမည်မဟုတ်ပါ။ 


မည်သူတစ်ဦးတစ်ယောက်မျှ ဆာလောင်ငတ်မွတ်၍သေဆုံးခြင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ မျက်စိကွယ်ခြင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖိနှိပ်ခံရမည်လည်း မဟုတ်ပါ။ 


အဲ့နေရာလေးကိုတော့ ကောင်းကင်ဘုံလို့ခေါ်ပါတယ်။ သင်တို့ကောင်းကင်ဘုံကို အလိုရှိပါက ရနိုင်ပါတယ်။ ကျွန်တော်တို့ (၃)ရက်မြောက်နေ့ကိုဆက်ပြီး လေ့လာကြတာပေါ့။ 


ကျွန်တော်တို့ မည်သို့သော နာကျင်မှုသို့မဟုတ်ဆာလောင်မှု ကိုခံစားနေပေမဲ့ မျှော်လင့်ချက်တော့ရှိနိုင်ပါတယ်။ဘယ်လိုပင်ကြီးမားနေပါစေ ၊ အချိန်တန်ရင်ပြီးဆုံးသွားမှာဖြစ်ပါတယ်။ 


သေဆုံးခြင်းက အဆုံးသတ်မဟုတ်ပါဘူး၊ ထာဝရနဲ့ ယှဉ်ကြည့်ရင် မျက်စိတစ်မှိတ်တောင်မရှိတဲ့အတွက် ကျွန်တော်တို့သေဆုံးခြင်းကို ကြောက်ရွံ့စရာမလိုပါဘူး။


Have you ever asked why life is unfair? Why do some people have everything? And others not even have food? Why are some people free and others oppressed? How can bad people have power and good people feel powerless?


I’ve asked these things many times. Maybe you’ve also asked this question... If God is real and if he is good, why did he allow life to be unfair?


The answer is that this life is not all we get. Our time on Earth is designed for us to decide whether we will seek God and choose to love others, or serve ourselves and hurt others. Everyone has this choice, and it cannot be taken away, so we all must endure the choices of one another, good and bad. But for those who choose to seek God and love people, He has a perfect place for us where we can be with Him forever after we die. Although we feel like our life on Earth is long, it is like the blink of an eye compared to eternity (James 4:14; Psalm 39:5; Psalm 144:4). In the place that God has planned for you to spend eternity, there will be no suffering, no tears, no pain, no hunger, and perfect peace. Nobody will starve to death, nobody will be blind or crippled, and nobody will be oppressed. This place is called Heaven and if you want it, you can have it. Read ahead to day 3.


When we experience any kind of pain or suffering, we can have hope because even though it may feel overwhelming, it will pass. And we don’t even have to fear death because death is not the end. It’s not even the blink of an eye.




နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Hope in Hard Times အခက်အခဲ ကြားမှ မျှော်လင့်ချက် ပန်းတိုင်

(၆ )ရက်မြောက်နေ့ အတွက် သတိပေးချက်ကတော့ ကမ္ဘာကြီးတစ်ခုလုံး က သင့်ကိုဆန့်ကျင်နေမယ်ဆိုရင်တောင် ဘုရားသခင် က သင့်အတွက် အမြဲရှိနေပါတယ်။ သင်နဲ့ အတူသင့်မျှော်လင့်ချက် ရဲ့ နောက်ကွယ်မှာ လည်းဘုရားသခင် အမြဲရပ်တည်ပေးနေပါတယ်။

ဤအစီအစဉ်ကိုပေးအပ်သည့်အတွက်ကျွန်ုပ်တို့သည် Lane and Cary Terzieff  ကိုကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ https://laneandcary.com/ ကိုသွားပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။