YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မရေရာမသေချာတယ့်ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 4

အရာအားလုံးဟာ ကျွန်တော်တို့ စီစဥ်ထားတယ့်အတိုင်း အမြဲမဖြစ်လာပေမယ့် ဘုရားသခင်ရဲ့ အကြံစည်တော်နောက် လိုက်ပါလာမှာဖြစ်တယ်။



မည်သို့ပင်ဆိုစေကာမူ ဘဝမှာ အဖုအထစ်တွေမရှိဘဲ နေလို့မရပါဘူး။ ရှုံးနိမ့်ခြင်းက ဒီအထစ်အငှော့တွေကြားမှာ မတွေ့နိုင်ပါ။ ကျွန်တော်တို့ သွားရာလမ်းကြောင်းမှာ ထိုအဖုအထစ်တွေကို ရပ်တန့်ခွင့်ပေးလိုက်မှသာလျှင် ရှုံးနိမ့်ခြင်းကို တွေ့ရမှာဖြစ်တယ်။ နှောင့်နှေးမှုများကြောင့် သင့်ရည်ရွယ်ချက်ရှာ‌ဖွေနေခြင်းကို အရှုံးပေးရလောက်အောင် စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်တို့တွေ့ကြုံနေရတယ့် အရာများကို ထိန်းချုပ်လို့မရပါ။ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကိုဘဲ ထိန်းချုပ်လို့ရတာဖြစ်တယ်။ ဘဝမှာ ၁၀ရာခိုင်နှုန်းက သင်ကြုံတွေ့ရတာတွေဖြစ်ပြီး ၉၀ရာခိုင်နှုန်းက သင် ထိုအရာများကို ဘယ်လိုတုံ့ပြန်လဲဆိုတာဖြစ်ကြောင်း ဓမ္မဆရာ ချားလ်စ် အာ ဆွင်‌ဒေါကပြောကြားဖူးတယ်။



သင့် စိတ်နေသဘောထားက အစွမ်းအစ အရှိဆုံးဖြစ်တယ်။ အောင်မြင်နေတယ့်သူတွေက သူတို့မှာ အရည်အချင်းတွေ၊ ဆုကျေးဇူးတွေပိုရှိလို့ အောင်မြင်နေရခြင်း မဟုတ်ကြောင်း ကျွန်တော် ယုံတယ်။ ရှုံးနိမ့်နေတယ့် အချိန်မှာတောင် အောင်မြင်ချင်တယ့် စိတ်နေသဘောထားရှိနေသောကြောင့် အောင်မြင်သောသူတွေဖြစ်နေပါတယ်။



လမ်းခရီး ဘယ်လောက်ဘဲကြမ်းတမ်းနေပါစေ လမ်းခရီးစဥ်ကို ယုံကြည်ဖို့လိုတယ်။ ဘုရားက သင့်အတွက် ရည်ရွယ်ထားပြီးပြီဖြစ်သော အကြံစည်တော်ကို လုပ်ဆောင်နေပြီဖြစ်တယ်။ ကျွန်တော်တို့သွားမယ့် ပန်းတိုင်သို့ ဘုရားက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေး‌ရန်"ဆွဲဆန့်ခြင်းကာလ"ကို ဖြတ်ကျော်ရန် ကျွန်တော်တို့ကို ဘုရားက နေရာချထားတယ်။



မရေရာသောအချိန်မှာ ရေရာသေချာမှုရှိနေခြင်းက သင့်ပတ်ဝန်းကျင်က အခြေအနေတွေကို လျစ်လျူရှုလိုက်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။ သင့်မှာ ကြောက်ရွံ့စိတ်မရှိဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့က လူသားတွေဖြစ်ကြတယ်။ ကြောက်ရွံ့ခြင်းနှင့် မကောင်းစိတ်များဝန်းရံနေလျှင် ခရစ်တော် နောက်လိုက်သူတွေ အနေနဲ့ ကျွန်တော်တို့ ယုံကြည်ခြင်းရှိဖို့ ရွေးချယ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ကြောက်ရွံ့ခြင်းရှိနေတာတောင် ဘုရားက ကျွန်တော်တို့ကို ထောက်ပံ့မယ်ဆိုတာ ကျွန်တော်တို့ သိနေခြင်းဖြစ်တယ်။



မရေရာမသေချာတယ့် အချိန်ကာလမှာ ကျမ်းစာက ရေရာသေချာပါတယ်။



ဘုရားသခင်က သေချာတယ်။



ယေရှုက ဆုံးဖြတ်ထားပြီး။



ကျွန်တော်တို့က အကန့်အသတ်ရှိတယ့် ကမ္ဘာမှာ‌နေပေမယ့် အကန့်အသတ် မရှိတယ့် ဘုရားကို ကျွန်တော်တို့ အစေခံနေတာဖြစ်ကြောင်း သင်တွေ့ပြီလား။

ကျမ်းစာများ

နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှုရှိပါတယ်! ဒေးဗစ် ဗစ်လာ လို မသေချာ မရေရာမှုနဲ့ အဆိုးမြင် ၊ အပျက်သဘောကိုကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကိုရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဒေးဗစ်ဗီလာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင် https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။