YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မရေရာမသေချာတယ့်ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 3

မရေရာတယ့် ကာလတွေမှာ ရေရာသေချာဖို့ ကျွန်တော်တို့ ‌ရွေးချယ်မယ်။



ကျွန်တော်တို့ အခြေအနေနဲ့ ပြဿနာများမှာ ရေရာသေချာမှုမရှိပေမယ့် ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပြီး ‌မစပေးတယ့် ဘုရားသခင်ဆီမှာ ရှိတာဖြစ်တယ်။



‌ရေရာသေချာမှု တစုံတရာက သေချာကြောင်း ခိုင်မာသောယုံကြည်ချက်၊ မှီခိုအားထားလို့ရသော မှန်ကန်မှု အရည်အသွေး၊ တစုံတခု ဖြစ်ပျက်ဖို့ သေချာကြောင်း သို့မဟုတ် မှန်ကန်သော အချက်အလက်။



မရေရာမသေချာမှု မသေချာသော အခြေအနေ။ တစုံတခုကြောင့် သို့မဟုတ် တစုံတ‌ယောက်ကြောင့် မသေချာမှု ခံစားရခြင်း။



ခရစ်တော်မရှိလျှင် ငြိမ်သက်ခြင်းမရှိပါ။ မသေချာမရေရာဖြစ်တယ်။ လူတိုင်းမှာ အသိတရားရှိပြီး သူတို့ မ‌‌ပျော်ရွှင်ခင် စိတ်ကျေနပ်မှုရှိမှဖြစ်တယ်။ အသိစိတ်ကို ငြိမ်သက်မှုပေးနိုင်သောအရာတခုပြီး ထိုအရာက ဘုရားနဲ့ သင့်ကြားက ဆက်ဆံရေးဘဲဖြစ်တယ်။



သင့်အတွက်အရေးကြီးတယ့် အရာအတွက် အားထုတ်ပါ။ သင့် ယုံကြည်ခြင်းအတွက် တိုက်ခိုက်ပါ။ သင့်မိသားစုအတွက် တိုက်ခိုက်ပါ။ သင့် အသက်အတွက် ရှင်သန်ပါ။ မကောင်းသောစိတ်ခံစားချက်နဲ့ မရေရာမသေချာမှုတွေကို သင့်စိတ်ထဲ မသွင်းပါနဲ့။ ဘုရားက ကောင်းချီးမင်္ဂလာပေးနေဆဲဖြစ်တယ်။



မရေရာမှုကို စွန့်ခွာပြီး သေချာမှုအတွက် လမ်းပြုလုပ်ပါ။ မကောင်းတယ့်စိတ်‌ခံစားချက် အနေကြာလာတာကြောင့် ကောင်းတယ့် စိတ်ခံစားချက်က တွန့်ဆုတ်လာတာဖြစ်တယ်။



သေချာတယ့် ယေရှုဆီကို မသေချာမရေရာတယ့် ကမ္ဘာကို ကျွန်တော်တို့ မိတ်ဆက်ပေးဖို့လိုတယ်။


နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှုရှိပါတယ်! ဒေးဗစ် ဗစ်လာ လို မသေချာ မရေရာမှုနဲ့ အဆိုးမြင် ၊ အပျက်သဘောကိုကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကိုရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဒေးဗစ်ဗီလာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင် https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။