YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မရေရာမသေချာတယ့်ကာလမှာ ရေရာသေချာမှုနမူနာ

Certainty In Times Of Uncertainty

5 ၏ နေ့ 1

‌ကမ္ဘာပေါ်က လူတွေအားလုံးက နေ့တိုင်း သူတို့ရဲ့ တီဗွီကို ဖွင့်ပြီး သတင်း ကြည့်ရှုနားထောင်ကြတယ်။



ချယ်နယ်တိုင်းမှာ ကမ္ဘာတဝှမ်းဖြစ်ပျက်နေသောအရာများကို တင်ဆက်ပြသနေကြတယ်။



အင်တာနက်ပေါ်မှာ ‌မကောင်းတယ့်အရာတွေ ပျံ့နှံ့နေတယ်။



မဂ္ဂဇင်းနှင့် သတင်းစာတွေက အရင်ချိန်ကလောက် လူကြိုက်မများတော့ပေမယ့် ပေါများစွာရှိနေသေးကြောင်း တွေ့ရတယ်။



ကြောက်ရွံ့မှုနှင့် မကောင်းမှုတွေလဲ များပြားစွာရှိကြောင်း တွေ့နေရဆဲပါ။



သင်‌‌ရှောင်လွှဲလို့မရနိုင်ပါ။ ၂၄နာရီလုံး ကျွန်တော့်တို့ မျက်နှာရှေ့ရောက်နေတာဖြစ်တယ်။ မကောင်းတယ့်စိတ်နေသဘောထားက ‌ရောဂါတမျိုးဖြစ်တယ်။



ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။



ကျွန်တော်တို့ အသံပိုချဲ့မယ်။



လင့်ခ်ကိုကျွန်တော်တို့ နှိပ်ကြမယ်။



စာမျက်နှာ နောက်တရွက်လှန်ကြမယ်။



ဒီမကောင်းတယ့်အရာတွေကို ကျွန်တော်တို့ စိတ်ထဲကို စိမ့်ဝင်ဖို့ ခွင့်ပြုလိုက်မယ်။ စတော့စျေးကွက် ဘာတွေလုပ်နေပါစေ၊ ရောဂါအသစ်တခု ပျံ့နှံ့နေပါစေ၊ စစ်ပွဲတွေဖြစ်နေပါစေ ကျွန်တော်တို့ စိုးရိမ်ပူပန်ကြတယ်။



ကျွန်တော်တို့ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ဒီ သတင်းအချက်အလက်ကြောင့် ကျွန်တော်တို့စိတ်ထဲ ဘာဖြစ်ပေါ်နေလဲ။



ကျွန်တော်တို့ ကြောက်ရွံ့တုန်လှုပ်ကြတယ်။



ဒီ‌လောကမှာ အမှောင်တရားပြည့်နှက်နေတာက လျှို့ဝှက်ချက်မဟုတ်ပါ။ ထိုအမှောင်တရားအောက်မှာ နားထောင်ဖို့ စိတ်ဆန္ဒရှိသူများကို ဆွဲခေါ်သွားဖို့ အဆင့်သင့်ပါ။



ဒါ‌ပေမယ့် အလင်းအများကြီးရှိပါသေးတယ်။



ကျွန်တော့် အမှောင်မိုက်ဆုံး အချိန်များမှာ အလင်းပေးနိုင်ခဲ့တာ ဘုရားရဲ့ နှုတ်ကပတ်တော်ဘဲဖြစ်တယ်။ ဒါကြောင့် သင်ဘယ်လိုအခြေအနေမှာ ရောက်နေပါစေ ကျမ်းစာက သင်လျှောက်ရမယ့် ခြေလှမ်းတွေကို ပြသပေးမှာဖြစ်တယ်။ ‌ငွေရေးကြေးရေးပြဿနာများ၊ သင့်အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြဿနာများ၊ အလုပ်က ပြဿနာများ၊ ကျောင်းကပြဿနာများ၊ ကမ္ဘာလုံးဆိုင်ရာပြဿနာများက ဘုရားနဲ့ ထာဝရကိုနှိုင်းယှဥ်ရင် သေးသိမ်သွားတယ်။ သမ္မာကျမ်းက သင့်ရဲ့ မကုန်ခမ်းနိုင်သော အလင်း အရင်းအမြစ်ဖြစ်တယ်။



အမှောင်မိုက်ဆုံး အခန်းထဲမှာတောင် မီးအိမ်ဖွင့်လိုက်သောအခါ အလင်းက အမှောင်ထုကို လွှမ်းမိုးသွားတယ်။ မရေရာ မသေချာမှုတွေမှာ၊ အခက်အခဲတွေထဲမှာ၊ ပြဿနာများကြားမှာ ဘုရားရဲ့ အလင်းဟာ ကျွန်တော်တို့အပေါ် လွှမ်းခြုံနေပါတယ်။ ထိုထက် ကြီးမြတ်သော အရာမရှိပါ။ ထိုထက် လင်း‌သောအရာမရှိပါ။



အမှောင်ထုကြားမှာ အလင်းဆီသို့ချဥ်းကပ်ရန် ကျွန်တော်ရွေးချယ်ပါတယ်။ ကျွန်တော့်ဝိညာဥ်အပေါ် လင်းစေပြီး ပိုကောင်းသော နေ့ရက်များကို လမ်းပြရန် ခွင့်ပြုပါတယ်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Certainty In Times Of Uncertainty

မသေချာမှုတွေအလယ်မှာ ဘုရားကတော့ တိကျသေချာ‌မှုရှိပါတယ်! ဒေးဗစ် ဗစ်လာ လို မသေချာ မရေရာမှုနဲ့ အဆိုးမြင် ၊ အပျက်သဘောကိုကျော်ပြီး ဒီထက်ပိုကောင်းတဲ့အရာကိုရောက်ရှိနိုင်စေရန် သူ့နောက်ဆုံးနည်းတွေနဲ့အတူ ဒီအစီစဉ်မှာ ပါဝင်လိုက်ပါ။

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော ဒေးဗစ်ဗီလာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သတင်းအချက်အလက်များ ပိုမိုသိလိုလျှင် https://davidvilla.me သို့ သွားရောက်နိုင်ပါတယ်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။