YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 7

တနင်္ဂနွေနေ့





ဤအံ့ဩဖွယ်ကောင်းသောနေ့တွင် လက်ဝါးကပ်တိုင်၊ ဗလာသင်္ချိုင်းမှစ၍ ၎င်းတို့ကကျွန်ုပ်တို့ကိုပေးသောအရာများနှင့်ပတ်သက်၍ အချိန်ယူဆင်ခြင်ကြပါစို့။ သို့သော် “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့“ ဟူသည့်စေခိုင်းတော်မူချက်အကြောင်းကိုလည်း ဆင်ခြင်ကြပါစို့။ ခရစ်တော်က မိမိတပည့်တော်တို့အား လက်ဆင့်ကမ်းခဲ့သည့်ကောင်းမြတ်သောသတင်းအစစ်မှာ ရယူရန်သာမဟုတ်ဘဲ လက်ဆင့်ကမ်းရသည့် ကျေးဇူးတော်ဆိုင်ရာကောင်းမြတ်သောသတင်းဖြစ်သည်။ သခင်ယေရှုသည် မိမိတပည့်တော်တို့အား အခြားတပည့်များကိုလည်းမွေထုတ်ပြီး အသီးသီးကြရန် တာဝန်ပေးထားခဲ့သည်။ လူတို့သည် တစ်ဆင့်ပြီးတစ်ဆင့်အခြားသူတို့ကို တပည့်တော်ဖြစ်အောင်လုပ်ဆောင်လာခဲ့သည့်အတွက် ဤအမှုသည်ဖြစ်မြောက်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ဤသို့ဖြင့် နှစ်ပေါင်း ၂၀၀၀ အတွင်း လက်ဆင့်ကမ်းလာခဲ့ကြသည်။ သို့သော် ခေတ်ကာလတိုင်းတွင် အထူးသဖြင့် ကျွန်ုပ်တို့၏ခေတ်ကာလတွင် ကောင်းမြတ်သောသတင်းသည် ပို၍အားနည်းလာပုံရှိပါသည်။ မှန်ကန်စွာအသီးသီးမည့်အစား ကျွန်ုပ်တို့သည် အစေ့မပါသောစပျစ်သီးကိုသာ စိုက်ပျိုးနေကြသည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း၊ ခံရစားရသည့်ကျေးဇူးတော်ကိုချီမွမ်းခြင်းစသည့်အမှုတို့ကို ယနေ့ အချိန်ယူပြုကြသောအခါ ထိုကျေးဇူးတော်ကို လက်ဆင့်ကမ်းနိုင်သည့်အစွမ်းသတ္တိကို ပို၍ရရှိနိုင်ရန်နှင့် မဟာစေခိုင်းခြင်းအတွက် အသက်ရှင်နိုင်ရန် ဆုတောင်းကြပါစို့။
နေ့ 6

ဤအစီအစဉ်အကြောင်း

The Story of Easter

သင့်အသက်တာသည် တစ်ပတ်သာကျန်နေသည် ဟုသင်သိလျှင် ထိုနောက်ဆုံးအပတ်ကို သင်မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုက လူသားအဖြစ်ကိုခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့်နောက်ဆုံးအပတ်သည် ပရောဖက်ပြုဟောထားချက်ကိုပြည့်စုံစေခြင်း၊ အတွင်...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကိုကျေးဇူးတင်လိုပါသည်။ LifeChurch.tvအကြောင်းကိုပိုမိုသိရှိလိုပါက www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။