YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 6

စနေနေ့





အမျိုးသမီးတစ်ဦးသည် သူ့ဘူးကိုခွဲပြီးလျှင် သူ့ဆီမွှေးအားလုံးကိုသွန်းလောင်းခဲ့သည်။ သူသည် မိမိအတွက်တန်ဖိုရှိသည့်အရာအားလုံးကို ဖောဖောသီသီသုံးဖြုန်းခဲ့သည်။ သူသည် မိမိဘူးကိုခွဲခြင်းအားဖြင့် ထိုဆီမွှေးကို မိမိအတွက်နှင့်နောက်နောင်တွင်သုံးနိုင်သည့်အခွင့်ကို လုံးဝဖယ်ရှားခြင်းဖြစ်သည်။ ယခင်၊ ယခုနှင့်အနာဂတ်တွင် မိမိပိုင်ဆိုင်သည့်အရာအားလုံးကို ကိုယ်တော်အားပေးခြင်းဖြစ်သည်။ သူ၏မှတ်သားဖွယ်ဖြစ်သောမေတ္တာကို လူတို့အစဉ်အမြဲအောက်မေ့မည်ဖြစ်ကြောင်း သခင်ယေရှုပြောဆိုခဲ့သည်။ ထို့နောက် နောက်ဆုံးသောပွဲတော်တွင် နောက်တစ်ဖန်ထိုနည်းတူသောစကား ထွက်ပေါ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိမိကိုယ်ခန္ဓာတော်ကိုချို့ဖဲ့၍ မိမိသွေးတော်ကို သွန်းလောင်းတော်မူခဲ့သည်။ “ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့“ ဟုမိန့်တော်မူခဲ့သည့် သခင်ယေရှု၏စကားတော်ကို ယခုဖတ်သောအခါ မုန့်နှင့်စပျစ်ရည်ကိုသာမအောက်မေ့ဘဲ ပွဲတော်အားဖြင့် ကျွန်ုပ်တို့ကိုမည်သည့်အမှုအတွက် ခေါ်တော်မူသည်ကို အောက်မေ့ပါ။ ကိုယ်တော်သည်ချိုးဖဲ့ခြင်းခံရ၍ သွန်းလောင်းခြင်းခံရသကဲ့သို့ ကျွန်ုပ်တို့ကိုလည်းထိုသို့ပြုရန် ကျွန်ုပ်တို့ကိုလက်ယပ်ခေါ်နေပါသည်။ အားလုံးအပ်နှံထားပါ။ မည်သည့်အရာကိုမျှ အရန်မထားပါနှင့်။ အခွင့်အားလုံးကိုစွန့်လွှတ်ပါ။ ထိုသို့ပြုခြင်းသည် သခင်ယေရှုပြုတော်မူခဲ့သည့်အရာကို အမှန်ပင်အတုယူပြုလုပ်ခြင်းဖြစ်သည်။ ထုံးတမ်းဓလေ့ကိုမြတ်နိုင်းခြင်းမဟုတ်ဘဲ အထိမ်းအမှတ်ဖြစ်စေရန်ပြုလုပ်ခြင်းဖြစ်သည်။ ထိုဘူးခွဲခြင်းနှင့်သွန်းလောင်းခြင်းအမှုသည် သင့်အသက်တာတွင် မည်သို့သောပုံသဏ္ဌာန်ရှိသနည်း။
နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

The Story of Easter

သင့်အသက်တာသည် တစ်ပတ်သာကျန်နေသည် ဟုသင်သိလျှင် ထိုနောက်ဆုံးအပတ်ကို သင်မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုက လူသားအဖြစ်ကိုခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့်နောက်ဆုံးအပတ်သည် ပရောဖက်ပြုဟောထားချက်ကိုပြည့်စုံစေခြင်း၊ အတွင်...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကိုကျေးဇူးတင်လိုပါသည်။ LifeChurch.tvအကြောင်းကိုပိုမိုသိရှိလိုပါက www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။