YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်နမူနာ

The Story of Easter

7 ၏ နေ့ 1

တနင်္ဂလာနေ့





ဘုရားသခင်က ကျွန်ုပ်တို့အား အသက်ရှင်နေထိုင်စေလိုသည့်ပုံကို လူသားတစ်ဦးအနဖြင့် နမူနာပြခြင်းဟုသည့် ဤလောကတွင် သခင်ယေရှုသက်တော်ထင်ရှားခြင်းရည်ရွယ်ချက်ထဲမှတစ်ချက်ကို ဤအပိုဒ်တွင်ရှင်းလင်းဖော်ပြထားပါသည်။ သခင်ယေရှုက “သင်တို့၌ငါပြုသကဲ့သို့ သင်တို့သည်လည်းပြုကြလော့“ဟုမိန့်မှာခဲ့ပါသည်။ ကိုယ်တော်သည် ထိုသို့မိန့်မှာခဲ့သည်သာမက ကျွန်ုပ်တို့အား ထိုသို့ပြုနိုင်သည့်အစွမ်းကိုလည်းပေးတော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ့်စွမ်းနှင့်ကိုယ် ဘုရားသခင်၏သားတော်ကဲ့သို့အသက်ရှင်နိုင်ဖို့ကြိုးစားရမည် ဟု သခင်ယေရှုမိန့်မှာခဲ့သည်မဟုတ်ပါ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကိုယ်တော်၏တန်ခိုးတော်ကို ကျွန်ုပ်တို့အားကိုးရသောအခွင့်ကိုပေးတော်မူသည်။ ခရစ်တော်က ကျွန်ုပ်တို့အတွက်ထားတော်မူသောစံနမူနာကို ယနေ့ဆင်ခြင်ကြပါစို့။ သင်၏ဆက်ဆံရေးနှင့်သင်၏အခြအနေတို့တွင် ခြေဆေးခြင်းအမှုသည် မည်သို့သောပုံစံရှိသနည်း။ သခင်ယေရှုက ကိုယ်တော်၏မိတ်ဆွေများအား ပြုတော်မူသကဲ့သို့ ကျွန်ုပ်တို့သည် အခြားသောသူများကို ထိုသို့သောအခြေခံသဘောဖြင့် မည်သို့အစေခံနိုင်သနည်း။
နေ့ 2

ဤအစီအစဉ်အကြောင်း

The Story of Easter

သင့်အသက်တာသည် တစ်ပတ်သာကျန်နေသည် ဟုသင်သိလျှင် ထိုနောက်ဆုံးအပတ်ကို သင်မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုက လူသားအဖြစ်ကိုခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့်နောက်ဆုံးအပတ်သည် ပရောဖက်ပြုဟောထားချက်ကိုပြည့်စုံစေခြင်း၊ အတွင်...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကိုကျေးဇူးတင်လိုပါသည်။ LifeChurch.tvအကြောင်းကိုပိုမိုသိရှိလိုပါက www.timeofgrace.org www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။