YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 6

လူစိမ်း၏အန္တရာယ်



ခရစ်တော်၏ ကိုယ်ခန္ဓာအဝင်ဖြစ်သူ အများအပြားဟာ လူစိမ်း ရဲ့ လိမ်လည်လှည့်စားမှုအသံကို ခုခံနိုင်စွမ်းနည်းသထက်နည်းလာကြပါတယ်။ ပြိုင်ဆိုင်တတ်ပြီး ဘုရားမပါသော စကားစမြည်များကြောင့် ဘုရားသခင်၏အသံတော် ကြားနာခံယူရမှုဟာ စိန်ခေါ်မှုတရပ်ဖြစ်လာပါတယ်။ ဝမ်းနည်းဖွယ်ကောင်းစွာဘဲ ၎င်းတို့ဟာ ဘုရားသခင်၏ ဝိသေသလက္ခဏာရပ်နှင့် နှုတ်ကပတ်တော်မြတ်အားဖြင့် ကိုယ်တော်သင်ကြားပြသပေးသော သမ္မာတရားအပေါ် သံသယစိတ်ဝင်လာကြပါတယ်။



ဤပြဿနာရဲ့ မူလအစကတော့ ဧဒင်ဥယျာဉ်က ဧဝဘဲဖြစ်ပါတယ်။



ကျွန်မအံ့ဩသိချင်မိပါတယ်။

ဧဝဟာ ဘာ့ကြောင့်များ မြွေရဲ့ လှည့်ဖြားသော အပြုအမူလုပ်ဆောင်ချက်ကို နာခံမွေ့လျော်ခဲ့ပါသလဲ။

ဒါဟာ လူစိမ်းရဲ့ အသံဆိုတာ သူဘာကြောင့်များ မသိခဲ့တာပါလဲ။


ကျွန်မအံ့ဩသိချင်မိပါတယ်။ဧဝဟာ သူ့ရဲ့ သိုးထိန်းဖြစ်တဲ့ ဘုရားသခင်ကို ဘယ်လောက်ကောင်းကောင်း အမှန်တကယ်သိပါခဲ့သလဲ။ သူဟာ ရန်သူ့ရဲ့ လိမ်လည်မှုအောက် အလွယ်တကူဘဲ ကျရောက်သွားဟန်တူပါတယ်။

ဘာလို့များ ဧဝဟာ ချက်ချင်းဆိုသလို လိမ်ရလွယ်ကူခဲ့ရပါသလဲ။



ဧဝဟာ သမ္မာတရားကို သိခဲ့ပေမယ့် သမ္မာတရားအပေါ် ခိုင်ခိုင်မာမာမရပ်တည်ခဲ့ဘူးလို့ ကျွန်မယုံကြည်မိပါတယ်။ ဘုရားသခင် အဘယ်ကဲ့သို့ "မိန့်တော်မူခဲ့ကြောင်း" သူသိပေမယ့် ကိုယ်တော်သည် အကြွင်းမဲ့ ယုံကြည်ကိုးစားထိုက်ပြီး ကောင်းမြတ်တော်မူသော အရှင်ဖြစ်ကြောင်း အပြည့်အဝနားလည်သဘောပေါက်ခဲ့ခြင်းအလျင်းမရှိခဲ့ပါ။ ကိုယ်တော်သည် ကောင်းသောအရာတစုံတခုကို ဘယ်သောအခါမျှ ထိန်ချန်ထားလိမ့်မည်မဟုတ်ကြောင်း သူ(မ)နားမလည်ခဲ့ပါ။



နတ်ဆိုးအားလည်းကောင်း၊ လိမ်ညာမှုအားလည်းကောင်း၊ ခမည်းတော်အပေါ် မနာခံခြင်းသို့ သွေးဆောင်ခံရနိုင်မည်ကိုလည်းကောင်း၊ တားမြစ်ထားသည့် အသီးကို မစားခင် သူ(မ) သတိမမူမိခဲ့ပါ။



သို့သော် ဤအရာသည် ကျွန်ုပ်တို့အတွက် မှန်ကန်ခြင်းမရှိပါ။ သတိမမူမိခြင်းမျိုး ကျွန်ုပ်တို့မဖြစ်ပါ။ စစ်မှန်သော လမ်းပြမှုအဖြစ် ဘုရားသခင်၏နှုတ်ကပတ်တော်မြတ်၊ အတိုင်ပင်ခံအဖြစ် သန့်ရှင်းသောဝိဉာဏ်တော် (သမ္မာတရားဝိဉာဏ်တော်)၊ ကယ်တင်ရှင်နှင့် မှန်ကန်သော ရှေ့နေအဖြစ် သခင်ယေရှုခရစ်တော် တိုကို ရရှိထားခြင်းအတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။



သို့သော်ငြားလည်း ဧဝကဲ့သို့ ကျွန်ုပ်တို့လည်း လူစိမ်း၏ လှည့်ဖြားမှုကို နာယောင်မိတတ်ကြပါတယ်။ အဘယ်ကြောင့်ပါနည်း။



အကြောင်းရင်းတခုကတော့ ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ့်ကို"ဖျော်ဖြေမှု" မှတဆင့် ရန်သူရဲ့ လှည့်ဖြားမှုကို မကြာခဏဆိုသလို ဖျော်ဖြေမိနေတတ်ပါတယ်။ ဘုရားသခင်၏အသံတော် များစွာလစ်ဟင်းနေတတ်သော တီဗီ၊ အင်တာနက်၊ ရုပ်ရှင်၊ စာအုပ်နဲ့ မဂ္ဂဇင်းများဟာ ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းများကို လွှမ်းမိုးလာနေပါတယ်။ သို့ပါလျက် ဤဘုရားမပါသော လှည့်ဖြားမှု အသံများနဲ့ ပြော၍မကုန်နိုင်သော နာရီပေါင်းများစွာ ကုန်ဆုံးနေစဉ်၊ ကျွန်ုပ်တို့ စိတ်နှလုံးသားများကတော့ အသက်ရှင်တက်ကြွကာ နှိုးဆော်တတ်သော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆာငတ်ကာ လျော့ရဲညစ်ထေးလာလျက်ရှိနေပါတယ်။



ကျွန်ုပ်တို့၏သိုးထိန်းရှင်ကို ကျွန်ုပ်တို့ သိရှိရန်လိုအပ်ပါတယ်။ ကိုယ်တော်၏ စိမ်းလမ်းသောစားကျက်မြေနှင့် အာဟာရဖြည့်တင်းရန် လိုအပ်ပါတယ်။ ကိုယ်တော်၏အသံတော်နောက် လိုက်လျောက်နိုင်အောင် ကိုယ်တော်နှင့် နီးနီးကပ်ကပ်ရှိနေရန် လိုအပ်ပါတယ်။



နံနက်ဖြန်ရဲ့ ကိုးကွယ်ဆည်းကပ်ခြင်းစာပေဖတ်ရှုခြင်းကို မမေ့ပါနှင့်နော်။ "သိုးထိန်းရှင်နှင့် သိကျွမ်းလာခြင်း" နှင့်ပတ်သတ်ပြီး အထောက်အကူဖြစ်စေမည့် သုံးသပ်ချက်များနဲ့ နိဂုံးချုပ်မှာဖြစ်ပါတယ်။



အဖဘုရားသခင်ထံတောင်းလျှောက်ပါ။ ။ ကိုယ်တော်၏အသံတော် သို့မဟုတ် ကိုယ်တော်ထံမှလာသော အသံတော်မဟုတ်သည့် အခြားအသံများကို ကျွန်ုပ်နားထောင်နေမိပါသလား။



ယနေ့အတွက် ဝတ်ပြုသီချင်းအကြံပြုချက်။ ။ Kristian Stanfill ၏ “My Heart Is Yours”




နေ့ 5နေ့ 7

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။