YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 2

ကျေးဇူးပြုပြီး မိတ်ဆွေရဲ့ အာရုံစိုက်မှုရနိုင်မလား။

အကြားအာရုံအပြင် နားထောင်နာယူမှုစွမ်းရည်ဆိုပြီး ရှိပါတယ်။
အကြားအာရုံဆိုတာက အသံဗလံများ၊ သတင်းအချက်အလက်များကို သိရှိခြင်းဖြစ်ပြီး
နားထောင်နာယူမှုဆိုတာကတော့ အဲ့ဒီအချက်အလက်တွေကို ဂရုပြုအာရုံစိုက်ခြင်းဖြစ်ပါတယ်။


ဒီကနေ့ ဖတ်ရှုမယ့် ယေရမိအနာဂတ္တိကျမ်းစာက အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းလှပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာကတော့ အဆိုပါအဖြစ်အပျက်‌‌များဟာ တွေ့ခဲလှသည်တော့ မဟုတ်ပါချေ။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသား၊ စိတ်ဝိညာဉ်၊ ခွန်အား အလုံးစုံအကြွင်းမဲ့ဖြင့် ဘုရားသခင်ထံ အာရုံစိုက်မှုအပြည့် မပေးခဲ့ပါလျှင် ရှေ့မှာကြိုရှိနေတဲ့ အန္တရာယ်များအကြောင်းကို၊ ဤ ဓမ္မဟောင်းကျမ်းလာ အကြောင်းခြင်းရာများက ကြီးမားသော အနီရောင်သင်္ကေတအမှတ်အသားအဖြစ် တည်ရှိပြသပေးနေပါတယ်။ ဘာကြောင့်ပါလဲ။ ဟုတ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ သူရဲ့နည်းဥပဒေသများကို အာရုံမစိုက်ဘဲနေပါက ကျွန်ုပ်တို့ဟာ ဦးတည်ချက်မှားယွင်းနေပြီး ရှေ့ကိုသွားနေခြင်းမဟုတ်ဘဲ၊ နောက်ပြန်သွားနေခြင်းသာဖြစ်ပါတယ်။ မကြခဏဆိုသလို ဤမှားယွင်းတဲ့ လမ်းကြောင်းတွေဟာ မှောင်မည်းပြီး ဖျက်ဆီးတတ်တဲ့ နေရာတွေဆီ ခေါ်ဆောင်သွားတတ်ပါတယ်။


စိတ်အာရုံပြောင်း‌‌လဲစေတဲ့အဓိကတရားခံကတော့ များသောအားဖြင့် ရိုးသားစွာ စွဲဆောင်တတ်တဲ့ ညို့ဓာတ်ဖြစ်ပါတယ်။ ၎င်းညို့ဓာတ်ဟာ အချိန်စာရင်းပြည့်ကြပ်နေခြင်း၊ ကလေးများထိန်းကြောင်းပျိုးထောင်နေရခြင်း၊ တစုံတခုကို ပိုမိုရှာဖွေမိနေခြင်းအပြင်၊ ပျော်ရွှင်အံ့ဩဖွယ်ရာများနဲ့ ပြည့်နှက်နေတဲ့ လျှပ်စစ်ပစ္စည်းအသုံး‌အဆောင်များလည်း ဖြစ်‌နိုင်ပါတယ်။


ကျွန်မအတွေ့အကြုံအရဆိုလျှင် ကျွန်မကလေး ခြောက်ယောက်လုံးဟာ ကောင်းမွန်ပြည့်စုံတဲ့ အကြားအာရုံရှိကြပေမယ့် သူတို့ရဲ့ နားထောင်နာယူမှုဟာ မကြာခဏဆိုသလို လေးလံထိုင်းမှိုင်းနေတတ်ကြပါတယ်။ တခါတရံ သူတို့ရဲ့ အာရုံစိုက်မှုရစေတဲ့ တခုတည်းသော အရာကတော့ ကျွန်မရဲ့ လျှို့ဝှက်စကားလုံးဖြစ်တဲ့ "ရေခဲမုန့်" ဘဲဖြစ်ပါတယ်။ ချက်ခြင်းဘဲ ပြန်မေးကြတာကတော့ "ဝိုး တကယ်လား အမေ" တဲ့။ အဲ့ဒီတော့မှ ကျွန်မလည်း "မဟုတ်ဘူး။ သားတို့ရဲ့ အာရုံစိုက်မှုလိုချင်လို့" ဟု ဝန်ခံလိုက်ပါတယ်။


ရိုးသားစွာပြောရလျှင် ကျွန်မလည်း လေးလံထိုင်းမှိုင်းတဲ့ နားထောင်သူတဦးဖြစ်တတ်ပါတယ်။ ဥပမာ မိသားစုထက် ဖုန်း အပေါ် အာရုံစိုက်မှု ရှိနေတဲ့အခါမျိုးမှာပေါ့။ "ရှင်... ကို ဘာပြောလိုက်တာလဲ"


ဒီလို ဖြစ်တတ်တဲ့ အမှတ်တမဲ့အမှုအရာတွေအပေါ် ကျွန်ုပ်တို့ဟာ ရယ်မောကောင်းရယ်မောမိကြပေမယ့် ဒါဟာ ကောင်းသောအရာတော့မဟုတ်ပါဘူး။ တဖက်လူအပေါ် မလေးစားရာ ရောက်ပါတယ်။ ထို့အပြင် ဘုရားသခင်‌‌အပေါ်လျစ်လျူပြုမိတဲ့အခါ ဘုရားသခင်အား စိတ်ထိခိုက်ဖွယ် တန်ဖိုးနှိမ့်ချလိုက်ခြင်းနှင့် အကယ်စင်စစ် ပုံကန်လိုက်ခြင်းပင်ဖြစ်ပါတယ်။


အကယ်၍ ကျွန်ုပ်တို့ဟာ ကောင်းကင်အဖနောက်သို့ အကြွင်းမဲ့ လိုက်လျှောက်တော့မည်‌‌လျှင် ဘုရားသခင်ရဲ့ သတင်းစကားအပေါ် အာရုံစိုက်မှု ပေးရန် လိုအပ်ပါတယ်။ သတိရသင့်တာကတော့ ဘုရားသခင်ရဲ့ ပြောဆိုဆက်ဆံမှုဟာ နှုတ်ကပတ်အားဖြင့်ဖြစ်စေ၊ ယုံကြည်သူအချင်းချင်းရဲ့ စကားအကြံဉာဏ်အားဖြင့်ဖြစ်စေ၊ သမ္မာကျမ်းစာအစီအစဉ်အားဖြင့်ဖြစ်စေ၊ အိပ်မက် သို့မဟုတ် ရူပါရုံ၊ တီးတိုးပြောဆိုမှု၊ တို့ထိသောအတွေးများအားဖြင့်ဖြစ်စေ ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ ဟုတ်ပါတယ်... ဘုရားသခင်ရဲ့ ဆက်သွယ်ပြောဆိုမှုဟာ ကျယ်ပြန့်လှပါတယ်။ ၎င်းမှာ ဘုရားသခင်ဟာ ကြီးမြတ်သော ဖန်ဆင်းရှင်ဖြစ်ပြီး သင့်နဲ့ အဆက်မပြတ် ဆက်သွယ်လိုတဲ့ ဆက်သွယ်ရေးကျွမ်းကျင်ပညာရှင်ဖြစ်ပါတယ်။


အဖဘုရားသခင်ထံ တောင်းလျှောက်ပါ။ ။ကိုယ်တော်ထံ အာရုံစိုက်မှု ပေးဖို့ အဘယ်အရာက ကျွန်ုပ်ကို တားဆီးနှောင့်ယှက်နေပါသနည်း။

ယနေ့ရဲ့ ဝတ်ပြုသီချင်း အကြံပြုချက်။ ။Lauren Daigle သီဆိုထားတဲ့ "First"

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။