YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်းနမူနာ

Using Your Time for God

4 ၏ နေ့ 2

မိမိအချိန်ကိုရွေးနုတ်ခြင်း



အချိန်ဟာ အရေးကြီးသည့် ညှိပေးသူ ဖြစ်ပါတယ်။ ၄င်းဟာ အားလုံးကို သာတူညီမျှအခွင့်အရေးပေးတဲ့ တစ်ခုတည်းသောအရင်းအမြစ် ဖြစ်ပါတယ်။ သက်ရှိလူသားလုံးဟာ နေ့တိုင်းအသုံးပြုဖို့ တူညီတဲ့နာရီအရေအတွက် ရရှိကြပါတယ်။ အလုပ်များတဲ့သူတွေကို တစ်နေ့တာရဲ့အထူးနာရီများဆိုပြီး အထူးအနေနဲ့ ထပ်ပေါင်းပြီးပေးတာလဲမရှိပါဘူး။ နာရီက မျက်နှာမလိုက်တတ်ပါဘူး။ ကျွန်တော်တို့အားလုံး နေ့တိုင်းမှာတူညီတဲ့အချိန်အတိုင်းပမာဏ ရှိကြပါတယ်။ ပေးထားတဲ့အချိန်ကို ဘယ်လိုအသုံးချသလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး ကျွန်တော်တို့ဟာ ကွာခြားသွားပါတယ်။ အရာတစ်ခုဟာ ရွေးနုတ်ခံလိုက်ရရင်၊ အဲဒီအရာကို အခြေအနေဆိုးထဲကနေ ကယ်နုတ်လိုက်ခြင်း (သို့) ဝယ်ယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ အခြေခံအခြေအနေဆိုးကတော့ ဖြုန်းတီးခြင်းအခြေအနေပဲ ဖြစ်ပါတယ်။ အချိန်ဖြုန်းတီးခြင်းဆိုတာ တန်ဖိုး၊ အဓိပ္ပာယ် အနည်းငယ်သာရှိ (သို့) မရှိတဲ့အရာအပေါ်မှာ အချိန်ကိုအသုံးပြုလိုက်ခြင်း ပါပဲ။ Vince Lombardi ဆိုသူက “ငါဘယ်ပွဲမှမရှုံးပါဘူး၊ အချိန်မလောက်တာပါပဲ” ဆိုတဲ့ ဆိုရိုးစကားကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဖွင့်ဆိုချက်က ကျွန်တော့်ကို အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်လုပြီးကစားရတဲ့ အားကစားနည်းကို သတိရစေပါတယ်။ ပေးထားတဲ့အချိန်အတွင်းမှာအကောင်းဆုံး၊ အများဆုံးလုပ်နိုင်တဲ့အသင်းက အနိုင်ရရှိတဲ့ ကစားနည်း ဖြစ်ပါတယ်။ ဘဝနဲ့မတူတာကတော့ အားကစားနည်းမှာတော့ အားလပ်ချိန်တောင်းယူလို့ရတဲ့အခွင့် ရှိပါတယ်။ အားကစားနည်းမှာ နာရီကို ခဏရပ်တန့်ထားလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ အားလပ်ချိန်ဆိုတာ မရှိပါဘူး။



ဘုရားမျက်မှောက်၌ နေထိုင်ခြင်း။ တန်ဖိုးအနည်းငယ်သာရှိ (သို့) မရှိတဲ့အရာအပေါ်မှာ အချိန်ကို ဖြုန်းတီးနေခြင်းမှ အချိန်ကို ရွေးနုတ်ရမည့် နည်းလမ်းကို ဖော်ပြဖို့ ဘုရားသခင်ကို မေးမြန်းလိုက်ပါ။



မူပိုင်ခွင့် © Ligonier Ministries. R.C. Sproul at Ligonier.org/​freeresource. မှအခမဲ့စာအုပ်ရယူပါ။

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Using Your Time for God

ဆရာ R.C. Sproul ထံမှ (၄) ရက်တာ ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း အစီအစဉ်ဖြစ်ပါသည်။ (၁) ရက်စီတွင် မိတ်ဆွေကို ဘုရား၏မျက်မှောက်တွင် နေထိုင်ဖို့၊ ဘုရားသခင်၏ အခွင့်အာဏာအောက်နှင့် ဘုရား၏ဘုန်းတော်အတွက် ခေါ်နေပါသည်။

ဤအစီအစဉ်ကို ဝေမျှခြင်းအတွက် Ligonier Ministries ကိုကျွန်ုပ်တို့အနေဖြင့်ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုလျှင် Ligonier.org/freeresource သို့ဝင်ရောက်လေ့လာပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။