YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်းနမူနာ

Using Your Time for God

4 ၏ နေ့ 1

မိမိအချိန်ကို အကျိုးရှိစွာ အသုံးပြုခြင်း



ကျွန်တော်အလယ်တန်းကျောင်းသားဘဝက “မင်းရဲ့အကြိုက်ဆုံးဘာသာရပ်ကဘာလဲ” လို့ လူတွေ မကြာခဏ ကျွန်တော့်ကို မေးတယ်။ အမြဲတမ်းလိုလို ကျွန်တော် (၂) မျိုးထဲက (၁) မျိုးကို ပြန်ဖြေဖြစ်ခဲ့တယ်။ အားလပ်ချိန် (သို့) အားကစားရုံ လို့ ပြန်ဖြေခဲ့တယ်။ ကျွန်တော့်ရဲ့အဖြေက ကျွန်တော်အနှစ်သက်ဆုံးအရာကို ဖော်ပြနေခဲ့ပါတယ်။ အလုပ်သွားရင်း ကစားနေရတာကို သဘောကျခဲ့တယ်။ တကယ်ပါ၊ ကျွန်တော့်ရဲ့ ဖွံ့ဖြိုးစစိတ်ကူးယဉ်ဆန်တဲ့ အတွေးအခေါ်ကို ပြောပြရမယ်ဆိုရင်၊ ဘာလို့ကစားရတာကို နှစ်သက်သလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေဖို့အတွက် ကျွန်တော်က ဆက်ကပ်ပြပွဲတွေထဲက ကြိုးတန်းလျှောက်ပြရတဲ့ လူလို့ကိုယ့်ကိုယ်ကိုသဘောထားပြီး ကျောင်းသွားတဲ့လမ်းပေါ်မှာ ခြေဖဝါးထောက်ပြီး ကစားရင်းကျောင်းသွားနေခဲ့လို့ပါပဲ။ စနေ၊ တနင်္ဂနွေတွေမှာ ကစားရဖို့အတွက်ကျွန်တော်မလုပ်ချင်တဲ့အရာကို တပတ်မှာ (၅) ရက်လုပ်နေရတော့ ဘဝရဲ့အဓိပ္ပာယ်ကဘာလဲဆိုပြီး ကိုယ့်ကိုယ်ကိုပြန်မေးခဲ့တယ်။ ကျွန်တော်အမြဲတမ်းကျောင်းမတက်ခင် ကျောင်းကွင်းပြင်မှာ (၁) နာရီတိတိ ကစားပြီး စာလေ့လာဖို့အတွက်စိတ်ပါဝင်စားမှုမရှိ မဖြစ်စေဖို့ ကျောင်းခေါင်းလောင်းမထိုးခင်နေ့တိုင်း အဖိုးတန် (၁) နာရီပျော်ရွှင်ချိန်ကို ရွေးနုတ်နိုင်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ အချိန်ကို ရွေးနုတ်ခြင်းဆိုတာ အလုပ်လုပ်ရမယ့် နာရီတွေထဲကနေ ကစားရမယ့်အချိန်တွေကို ကယ်ဆယ်ခြင်းလို့ အဓိပ္ပာယ်ရှိနေခဲ့တယ်။ တမန်တော်ကြီးရှင်ပေါလုက ယ​ခုနေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ယုတ်​သော​ကြောင့် ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။ (ဧ၊ ၅း၁၆) လို့ တိုက်တွန်းထားတာကို ကျွန်တော်နားလည် သဘောပေါက်လာပါတယ်။ ကျွန်တော့်ရဲ့အမူအကျင့်တွေက သူပြောချင်နေတာတွေနဲ့ မတူညီပါဘူး။ သူ့တိုက်တွန်းချက်က လူတစ်ယောက်ရဲ့အချိန်တွေကို ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် အကျိုးရှိရှိ အသုံးချဖို့ အလေးအနက်ထားပြီးခေါ်နေခဲ့ခြင်းဖြစ်ပါတယ်။ ဘုရား၏နိုင်ငံတော်အတွက် မိမိအချိန်ကို အကျိုးရှိရှိ အသုံးပြုပါသလား။



မူပိုင်ခွင့် © Ligonier Ministries. R.C. Sproul at Ligonier.org/​freeresource. မှအခမဲ့စာအုပ်ရယူပါ။
နေ့ 2

ဤအစီအစဉ်အကြောင်း

Using Your Time for God

ဆရာ R.C. Sproul ထံမှ (၄) ရက်တာ ဘုရားအတွက် မိမိအချိန်ကို အသုံးပြုခြင်း အစီအစဉ်ဖြစ်ပါသည်။ (၁) ရက်စီတွင် မိတ်ဆွေကို ဘုရား၏မျက်မှောက်တွင် နေထိုင်ဖို့၊ ဘုရားသခင်၏ အခွင့်အာဏာအောက်နှင့် ဘုရား၏ဘုန်းတော်အတွက် ခေါ်နေပါသည်။

ဤအစီအစဉ်ကို ဝေမျှခြင်းအတွက် Ligonier Ministries ကိုကျွန်ုပ်တို့အနေဖြင့်ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုလျှင် Ligonier.org/freeresource သို့ဝင်ရောက်လေ့လာပါ။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။