YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 4

4
မိ​ဘ​ပေး​သော​အ​ကြံ​ဉာဏ်
1ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။ 2ကောင်း​သော​ဩ​ဝါ​ဒ​ကို ငါ​ပေး၏။ ငါ့​ပ​ညတ်​တ​ရား​ကို မ​ပယ်​ကြ​နှင့်။ 3ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။ 4ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။ 5ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။ 6ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။ 7ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။ 8သူ့​ကို အ​မြတ်​ထား​လော့။ သူ​သည် သင့်​ကို ချီး​မြှောက်​လိမ့်​မည်။ သူ့​ကို​ဖက်​ယမ်း​လျှင်၊ ဂုဏ်​အ​သ​ရေ​ကို ပေး​လိမ့်​မည်။ 9သင်၏​ခေါင်း​ကို တင့်​တယ်​သော​ဦး​ရစ်​နှင့် ပတ်​ရစ်၍၊ ဘုန်း​ကြီး​သော သ​ရ​ဖူ​ကို အပ်​နှံ​လိမ့်​မည်။
မှန်​သော​လမ်း
10ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​လော့။ သို့​ပြု​လျှင်၊ သင့်​အ​သက် နှစ်​ပေါင်း​များ​လိမ့်​မည်။ 11ပ​ညာ​လမ်း​ကို ငါ​ပြ​သ၍၊ မှန်​သော​လမ်း​ခ​ရီး​တို့၌ သင့်​ကို​ငါ​ပို့​ဆောင်၏။ 12လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့ မ​ရောက်၊ ပြေး​သော​အ​ခါ တိုက်​မိ၍​မ​လဲ​ရ။ 13ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။ 14အ​ဓ​မ္မ​လူ​တို့ လမ်း​ထဲ​သို့ မ​ဝင်​နှင့်။ ဆိုး​ယုတ်​သော​သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ 15သူ​တို့​လမ်း​ကို ကြဉ်​ရှောင်​လော့။ လိုက်​မ​သွား​နှင့်။ လွှဲ၍​သွား​လော့။ 16သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။ 17ဒု​စ​ရိုက်​နှင့်​ဆိုင်​သော မုန့်​ကို​စား၍ ညှဉ်း​ဆဲ​ခြင်း​နှင့်​ဆိုင်​သော စ​ပျစ်​ရည်​ကို သောက်​တတ်​ကြ၏။ 18ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​သည် တက်​သော​အ​ရုဏ်​ကဲ့​သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်​အောင် တိုး​ပွား​ထွန်း​လင်း​တတ်၏။ 19မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။
20ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို နား​သွင်း​လော့။ 21သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။ 22အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။ 23နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။ 24ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။ 25သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။ 26သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။#ဟေ​ဗြဲ၊ ၁၂:၁၃။ 27လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။