YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3

3
နာ​ခံ​လိုက်​လျှောက်​ရန်
1ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။ 2အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။ 3က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။ 4ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။#လု၊ ၂:၅၂၊ ရော၊ ၁၂:၁၇၊ ၂ ကော၊ ၈:၂၁။
5ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ 6သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။ 7ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။#ရော၊ ၁၂:၁၆။ 8သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ 9သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။ 10သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။ 11ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။#ယောဘ၊ ၅:၁၇။ 12ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။#ဗျာ၊ ၃:၁၉။ #ဟေဗြဲ၊ ၁၂:၅-၆။
စစ်​မှန်​သော​ရ​တ​နာ
13ဉာဏ်​ပ​ညာ​ကို ရှာ၍​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ 14အ​ကြောင်း​မူ​ကား၊ ပ​ညာ​ကုန်​သွယ်​ခြင်း​သည် ငွေ​ကုန်​သွယ်​ခြင်း​ထက်​သာ၍​ကောင်း၏။ ပ​ညာ​ကုန်​သွယ်၍ ရ​သော​အ​မြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း၏။ 15ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။ 16သူ၏​လက်​ယာ​လက်၌ အ​သက်​တာ​ရှည်​သော​ကာ​လ၊ လက်​ဝဲ​လက်၌ စည်း​စိမ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ၏။ 17ပ​ညာ​လမ်း​တို့​သည် သာ​ယာ​သော​လမ်း၊ ပ​ညာ​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ငြိမ်​ဝပ်​လျက်​ရှိ​ကြ၏။ 18ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။
ဖန်​ဆင်း​တော်​မူ​ခြင်း​ပ​ညာ
19ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​တော်​အား​ဖြင့် မြေ​ကြီး​ကို​တည်၍၊ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ပြင်​ဆင်​တော်​မူ​ပြီ။ 20သိ​ပ္ပံ​အ​တတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရပ်​အက်​ကွဲ၍၊ မိုး​တိမ်​မှ​လည်း နှင်း​ရည်​ကျ​တတ်၏။
စစ်​မှန်​သော​လုံ​ခြုံ​မှု
21ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။ 22သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။ 23သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။ 24အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။ 25လျင်​မြန်​သော​ဘေး​နှင့် လူ​ဆိုး​တွေ့​တတ်​သော ပျက်​စီး​ရာ​ဘေး​ကို ကြောက်​စ​ရာ​မ​ရှိ​ရ။ 26အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ယုံ​ကြည်​ကိုး​စား​ရာ​ဖြစ်၍၊ သင်၏​ခြေ​ကို မ​ကျော့​မိ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။
27ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။ 28အိမ်​နီး​ချင်း​ကို ပေး​စ​ရာ​ရှိ​လျက်​ပင်၊ သွား​တော့။ တစ်​ဖန်​လာ​ဦး​တော့။ နက်​ဖြန်​မှ ငါ​ပေး​မည်​ဟု မ​ပြော​နှင့်။ 29စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​နား​မှာ​နေ​သော အိမ်​နီး​ချင်း၌ မ​ကောင်း​သော​အ​ကြံ​ကို​မ​ကြံ​နှင့်။ 30သင်၌​အ​ပြစ်​မ​ပြု​သော​သူ​ကို အ​ကြောင်း​မ​ရှိ​ဘဲ​ရန်​မ​တွေ့​နှင့်။ 31ညှဉ်း​ဆဲ​တတ်​သော​သူ၏​စည်း​စိမ်​ကို မ​တောင့်​တ​နှင့်။ သူ​လိုက်​သော လမ်း​တစ်​စုံ​တစ်​ခု​ကို​မျှ အ​လို​မ​ရှိ​နှင့်။ 32အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ 33မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။ 34အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။#ယာ၊ ၄:၆၊ ၁ ပေ၊ ၅:၅။ 35ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။