YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘယ်လိုပျော်ရွှင်ရမလဲနမူနာ

How To Be Happy

7 ၏ နေ့ 1

ဘုရားပေးသော စိတ်ခံစားချက်များ


စိတ်ခံစားချက်တွေမရှိတယ့် ‌ကမ္ဘာမှာနေ‌ထိုင်တာကို စိတ်ကူးကြည့်ပါသလား။ "အရမ်း‌ကောင်းတာဘဲ၊ ကြောက်ရွံခြင်းမရှိ၊ စိုးရိမ်ခြင်းမရှိ၊ နာကျင်ခြင်းမရှိ၊ ရှက်ကြောက်ခြင်းမရှိ။ ပြည့်စုံလိုက်တာ၊ ဘယ်အရာမှ ငါ့ကို့ ‌နှောင့်ယှက်မှာမဟုတ်။"ဟူ၍ အစမှာ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် သင် ထက်စဥ်းစားကြည့်ပါ။ စိတ်ခံစားချက်မရှိတယ့် ကမ္ဘာမှာ ရယ်မောခြင်းမရှိ၊ ပျော်ရွှင်ခြင်းမရှိ၊ ပြုံးပြခြင်းမရှိ၊ ဖက်ထားခြင်းမရှိ၊ လူသားတွေရဲ့ စိတ်ခံစားချက်ကောင်းတွေကို ခံစားရမှာမဟုတ်ပါ။


ဘုရားက ကျွန်ုပ်တို့ စိတ်ခံစားချက်တွေရှိအောင် ဖန်ဆင်းထားတာဖြစ်တယ်။ ကံမကောင်းစွာနဲ့ ကောင်းတယ့်စိတ်ခံစားချက်တွေမဟုတ် မကောင်းတယ့် စိတ်ခံစားချက်တွေပါ ကျွန်တော်တို့ ခံစားရတာဖြစ်တယ်။


ဒါဆိုရင် ဒီစိတ်ခံစားချက်တွေနဲ့ ကျွန်တော်တို့ ဘာလုပ်ကြရမှာလဲ။ ပထမဦးဆုံးအနေနဲ့ စိတ်ခံစားချက်မျိုးစုံရှိတာ မကောင်းတယ့် စိတ်ခံစားချက်တွေရှိတာ အဆိုးကြီးတော့မဟုတ်ပါ။ ဘုရားသခင်မှာ စိတ်ခံစားချက်တွေရှိပါတယ်။ ကျမ်းစာတခုလုံးမှာ ဘုရားသခင်က ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ကရုဏာကြီးခြင်းနှင့် အခြားသော စိတ်ခံစားချက်များ ရှိတယ်။ ဒုတိယအနေနဲ့ သင့်စိတ်ခံစားချက်တွေနဲ့ သင် ဘာလုပ်လဲဆိုတာမှာ မူတည်ပါတယ်။


ဒီအရာကို သိပါစေ၊ ဘုရားသခင်က သင့်မှာ ရှိတယ့် စိတ်ခံစားချက်အားလုံးတိုင်းကို လေးလေးနက်နက် ဂရုစိုက်တယ်။ မျက်ရည်ကျတိုင်း၊ ရယ်မောတိုင်း၊ ကြောက်ရွံ့ခြင်းတိုင်းကို ဘုရားမြင်တော်မူပြီး သင်နဲ့အတူတူ ရယ်မောချင်တယ်၊ သင်ဝမ်းနည်းနေတယ့်အခါ သင့် နှလုံးသားကို ကုသပေးချင်တယ်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

How To Be Happy

ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ နေ့ရက်တိုင်း စိတ်ခံစားချက်များစွာ ကြုံတွေ့‌ရပါတယ်။ ထိုအရာများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှာဖွေနေခြင်းကလဲ စိန်ခေါ်မှုတခုဖြစ်တယ်။ သင် ဘယ်လိုစိတ်ခံစားချက်တွေ ခံစားနေရပါစေ ဒီဝတ်ပြုခြင်း အစီအစဥ်ဟာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။