YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အံ့အားသင့်‌ဝမ်းမြောက်မှုနမူနာ

A Jolt of Joy

31 ၏ နေ့ 1

ကျမ်းစာမှာဖော်ပြထားတယ့် အံ့အားသင့်ဖွယ်ကောင်းပြီး ပြည့်စုံထူးခြားသော ဝမ်းမြောက်ခြင်းကို ဘာကြောင့်မခံစားရမလဲလို့ သင်တွေးမိဖူးပါသလား။ သင့်စိတ်ပျက်ဝမ်း‌နည်းနေခြင်းအကြောင်းက ဝမ်းမြောက်ခြင်းကို နေရာမှားတွေမှာ ရှာနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ နာမည်ကြီးကျောင်းကောင်းတက်ရခြင်း၊ သန့်ရှင်းသပ်ရပ်သောအိမ် သို့မဟုတ် သားသမီး၅‌ယောက်လုံး‌ လိမ္မာနေရခြင်းက သင့်အတွက်ဝမ်းမြောက်ခြင်းဖြစ်တယ်လို့ ယူဆရင် သင်အမှားကြီးမှားနေပြီ။ သင် ၂၇.၅ပေါင်ကျသွားခြင်း၊ သင့်အိမ်မက်ထဲကလူနဲ့လက်ထပ်ခြင်း သို့မဟုတ် ထူးခြားဆန်းပြားပြီး ဝေးလံသောနေရာများမှ အထင်ကြီးလောက်စရာတံဆိပ်ခေါင်းများပါသော နိုင်ငံကူးလက်မှတ်ပိုင်ရှင်ဖြစ်ခြင်းက သင့်အား ပြီးပြည့်စုံပြီး ထာဝရပျော်ရွှင်မှုအတွက် ‌ငွေပြန်အမ်း အာမခံချက်ပေးမည်လို့ ထင်ပါက သင်လွဲမှားနေပြီဖြစ်တယ်။ ဝမ်းမြောက်ခြင်းကို ‌တစ်နေရာထဲမှာဘဲ ရှာတွေ့နိုင်တယ်။ ထိုနေရာကတော့ ဝမ်းမြောက်ခြင်းအပြည့်အဝရမယ့် သခင်ဘုရားရဲ့ မျက်မှောက်တော်ဖြစ်တယ်။



ဘဝမှာ အခြေအနေတွေအားလုံးကို အောင်မြင်ကျော်လွှားစေနိုင်သော ဝမ်းမြောက်ခြင်းကို သင် လိုလားပါက ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ သင်အချိန်ယူမှဖြစ်မယ်။ သင့်ဘဝရဲ့ စိတ်ပျက်စရာကောင်းသော အခြေအနေများကို အမှန်တကယ်ကျော်လွှား‌စေသော ဝမ်းမြောက်ခြင်းကို သင်ပြင်းထန်စွာတောင်းတပါက ဘုရားမျက်မှောက်တော်ထဲမှာ သင်နစ်မြှုပ်နေမှဖြစ်မည်။



ထိုအရာကိုဘယ်လိုလုပ်ရမလဲ။ အရမ်းမခက်ခဲပါဘူး။ နေ့တိုင်းကျမ်းစာဖတ်ခြင်း၊ ဓမ္မသီချင်းနားထောင်ပြီး လိုက်ဆိုခြင်းတို့ကို သင်ဦးစားပေးလုပ်ရမှာဖြစ်တယ်။ သင်သတ္တိရှိပြီးဆာငတ်လွန်းတယ်ဆိုရင် ဝတ်ပြုကိုးကွယ်နေစဥ် သင်လက်မြောက်ထားမှာဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းက အရှုံးပေးခြင်းကိုပုံဆောင်တာဖြစ်တယ်။ နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတယ့်အရာက နေ့ရက်စဥ်တိုင်း သင်တဦးတည်း အချိန်ယူဆုတောင်းတာဖြစ်တယ်။ ယေရှုနဲ့ သင်ဘဲဖြစ်တယ်။ သင့်ကိုအသိဆုံးနဲ့ အချစ်ဆုံးသူနှင့် နှလုံးသားချင်း စကား‌ပြောဆိုနိုင်ရန် သင့်အခန်းတံခါးကိုပိတ်ပြီး ကုတင်ဘေးမှာ ဒူးထောက်လိုက်ပါ။



သင်ပြန်ထပြီး‌ လောကကြီးကိုရင်ဆိုင်ဖို့ အခန်းထဲမှပြန်ထွက်လာတယ့်အချိန်မှာ သင်တယောက်တည်းရှိနေတယ်လို့ ခံစားရမှာမဟုတ်တော့ပါ။ သင်နဲ့တနေ့တာလုံး လိုက်လျှောက်‌ပေးမယ့် အခင်ဆုံးသူငယ်ချင်း သင့်မှာရှိနေပြီ။ သင့်သူငယ်ချင်းနာမည်ဘယ်လိုခေါ်သလဲ။ သင် ဝမ်းမြောက်ခြင်းလို့ ရိုးရှင်းစွာခေါ်လို့ရပါတယ်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

A Jolt of Joy

ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Carol McLeod အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.justjoyministries.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။