YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ပျော်ရွှင်ဝမ်းမြောက်ခြင်း အလေ့အကျင့်များနမူနာ

Habits Of Happiness

33 ၏ နေ့ 1

ပျော်ရွှင်ဝမ်း‌မြောက်ခြင်းအကျင့်:ဘုရားသခင်ရဲ့ ကျေးဇူးတော်တွင်အနားယူပါ

ဘုရားသခင်ရဲ့ အသိမှတ်ပြုခြင်းကို သင်အားထုတ်၍မရနိုင်ပါ။ သူ့ရဲ့ချစ်ခြင်း‌မေတ္တာကို သင်လုပ်ယူ၍မရနိုင်။ ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ပြီး အခြေအနေပေါ်မှာ မမူတည်ဘဲသင့်ကိုချစ်နေတယ်။ သင် ပျော်ရွှင်တယ့်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘုရားရဲ့ ကျေးဇူးတော်ထဲမှာ သင်အနားယူဖို့ လိုအပ်တယ်။


"ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍"လို့ ဖိလိပ္ပိ ၃:၃မှာ ပြောထားတယ်။


သင့်ပျော်ရွှင်မှုကို လုယူမည့်အရာများထဲမှတစ်ခုမှာ ဘာသာတရားကိုင်းရှိုင်းခြင်းဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းခြင်းက သင့်ချစ်ခြင်းမေတ္တာကို ဘုရားကိုပြသရမယ်ဆိုတယ့် ခံယူချက်ဘဲဖြစ်တယ်။ ဘာသာ‌ရေးကိုင်းရှိုင်းခြင်းက ယေရှုက သင့်ကိုလုပ်ပေးတယ့်အရာထက် သင်က ဘုရားအတွက် လုပ်ပေးနေတယ့်အရာမှာဘဲ ယုံကြည်ခြင်းဖြစ်တယ်။ သင့်ကိုယ်သင် ထိုက်တန်ကြောင်းပြသဖို့ရန်အတွက် စည်းမျဥ်း၊ စည်းကမ်း၊ ပညတ်ချက်တွေကို လိုက်နာရမယ်ဆိုတယ့် အတွေးအခေါ်ဖြစ်တယ်။


သင် ဘာသာရေးသမား ဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ တခြားသူတွေကို သင် ဝေဖန်ပြစ်တင်တယ့် အခါမှာ ဖြစ်တယ်။ ‌ကျေးဇူးတော်ကြောင့် သင်အသက်ရှင်နေရတယ်ဆိုတာကို သင်ဘယ်လိုသိနိုင်မလဲ။ သင်ကိုယ်တိုင် တခြားသူတွေအပေါ် ‌ ကျေးဇူးတရားနဲ့ဆက်ဆံတယ့် အချိန်မှာဖြစ်တယ်။ ကျေးဇူးတော်အားဖြင့် အသက်ရှင်နေတယ့်သူတွေက လွယ်ကူစွာခွင့်လွှတ်နိုင်ကြောင်းကို တွေ့နေရခြင်းမှာ ဘုရားက သူတို့ကို ဆက်ပြီးခွင့်လွှတ်ပေးနိုင်တယ်ဆိုတာကို သိရှိနေခြင်းကြောင့် ဖြစ်တယ်။


ဘာသာရေးကိုင်းရှိုင်းခြင်းက သင့်ဘဝရဲ့ ပျော်ရွှင်ခြင်းကို ခမ်းခြောက်အောင် စုပ်ယူသွားမှာဖြစ်တယ်။ အသင်းတော်တွေကိုလဲ ခမ်းခြောက်စေနိုင်တယ်။ ဘာသာရေးကိုင်းရှိုင်းတယ့် အသင်းတော်တွေကို သွားဖူးပါသလား။ အဲ့အသင်းတော်က မပျော်ရွှင်ပါဘူး။ ဘာသာရေးဆန်တယ့် အသင်းတော်တွေမှာ ဝမ်းမြောက်ခြင်းမရှိပါ။ တာဝန် သို့မဟုတ် မသွားရင် မကောင်းဘူးဆိုတယ့် စိတ်ကြောင့် လူတွေရှိနေခြင်းသာဖြစ်တယ်။


ဘုရားသင့်ကို ပိုပြီးချစ်လာအောင် သင်ဘာမှမလုပ်နိုင်ဘူးဆိုတာ နောက်ဆုံးမှာ သိရှိလာခြင်းက ‌လောကမှာ လွတ်မြောက်မှု အရှိဆုံးခံစားချက်ဖြစ်တယ်။ ပျော်ရွှင်မှုရဲ့ သော့ချက်တစ်ခုလဲ ဖြစ်တယ်။ နေ့တိုင်း ဘုရားရဲ့ ကျေးဇူးတော်ကို အောက်မေ့လျက် အနားယူရန် သင့်ကိုသင် သတိပေးပါ။


ပညတ်တရားတော်များကို လိုက်နာခြင်းအားဖြင့် ကျွန်တော်ရဲ့ ‌ဖြောင့်မတ်ခြင်းကို မမှီခိုတော့ပါ၊ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်ဖြောင့်မတ်ခြင်းကိုရရှိတာဖြစ်တယ်။ ကျွန်တော် ဖြောင့်မတ်မှန်ကန်အောင် ဘုရားပြုလုပ်ပေးတယ့်နည်းလမ်းက ယုံကြည်ခြင်းပေါ်မှာ မူတည်တာဖြစ်တယ်။ (ဖိလိပ္ပိ ၃:၉)




Listen to audio teaching

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Habits Of Happiness

ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်အောင် နေ့စဥ် အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျမ်းစာမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းအကြောင်း‌ ‌ရေးထားသော ဖိလိပ္ပိကျမ်းကို ဆရာRickနှင့်အတူ ဤ အစီအစဥ်မှာ ပါဝင်ပါ။

This devotional © 2016 by Rick Warren. All rights reserved. Used by permission. For more information, please visit: www.rickwarren.org

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။