YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်းနမူနာ

Believing God Is Good No Matter What

5 ၏ နေ့ 1

ဘုရားကလွဲပြီးအခြားကောင်းမြတ်ခြင်းမရှိပါ

လူတစ်ချို့က ဘုရားကိုအချိန်ပြည့်စိတ်တိုနေတတ်ပြီးသူစိတ်ကြည်နေတာက ခဏပဲတည်တယ် ဆိုပြီးထင်တတ်ကြပါတယ်။ ဒါပေမယ့် ကျမ်းစာကကျွန်တော်တို့ကိုပြောနေတာက ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သင့်ကိုယ်သင် သုံးစားလို့မရတဲ့လူလို့ထင်နေချိန်မှာတောင် သင်ဟာဘုရားရဲ့မျက်စိမှာအမြဲတမ်းတန်ဖိုးရှိတဲ့လူ ဖြစ်နေပါတယ်။သင်လုပ်ခဲ့တဲ့မကောင်းမှု၊ ဆိုးဆိုးဝါး၀ါးပြောခဲ့တဲ့စကားတွေကို ဘုရားကမမှတ်ထားတော့ပါဘူး။ အဲဒါတွေကိုသင် လုပ်နေတုန်းတော့စိတ်မကောင်းဖြစ်နေခဲ့မယ်၊ ဒါပေမယ့်အဲဒါတွေကိုအတိတ်မှာထားခဲ့လိုက်ပါပြီ။ သင်ရော အတိတ်မှာထားခဲ့ပြီလား။ သင့်ရဲ့ကျရှုံးမှုတွေကြောင့်ဘုရားကမျက်နှာသာမပေးတော့ဘူးလို့စိတ်ပူစရာမလိုပါဘူး။ ဘုရားရဲ့ကောင်းမြတ်မှုက ဆက်ပြီးရှိနေမြဲ၊ စီးဆင်းနေမြဲပဲဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာသာပေးမှုကအမြဲတမ်း ကျွန်တော်တို့အတူ ကျွန်တော်တို့အပေါ်မှာ၊ အနားမှာ ဘုရားရဲ့မျက်နှာသာပေးမှုကထာ၀ရရှိနေပါတယ်။တကယ်တော့ ကောင်းမြတ်မှုဆိုတာ ဘုရားဆီကလွဲပြီးမတည်ရှိနိုင်ပါဘူး။ သူ့အလိုလို ဘယ်လိုမှမရှိနိုင်ပါဘူး။ ဘယ်လိုနည်းနဲ့မှလူ့အထဲကနေအခြေခံပြီးဖြစ်လာတာတဲ့အရာဟုတ်ပါဘူး (သင့်အနေနဲ့ သင့်ကလေးကို ကောင်းဖို့၊ ဆိုးဖို့ သင်ပေးရပါသလား)။ဘုရားက ကောင်းမြတ်မှုနဲ့အခြားကောင်းတဲ့အရာတွေအားလုံးရဲ့မူလအရင်းအမြစ်ဖြစ်ပါတယ်။ လူတချို့က ဘုရားကိုကောင်းတဲ့အရာနဲ့ဆက်ပြီးခွဲခြားနေကြပါတယ်။ အဲဒီအခြေအနေက လူသားတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ ဘုရားကိုကျေးဇူးတင်ဖို့၊ ဂုဏ်ပြုဖို့ နဲ့ ဝတ်ပြုဖို့ကို ပိုမိုဆိုးရွားလာစေပါတယ်။ဒီကျမ်းစာလေ့လာခြင်းက သင်မမြင်ရတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေ၊ နေ့တိုင်းမှာ ဘုရားရဲ့မျက်နှာပေးခြင်းဆိုတာဘယ်အရာတွေလဲ ဆိုတာကိုမြင်နိုင်အောင်လေ့ကျင့်ပေးမည့်ခရီးစဉ်တစ်ခု အစပြုခြင်းပဲဖြစ်ပါတယ်။ နောက် ၅ရက်တာမှာ သင့်အနေနဲ့သင့်ရဲ့အသက်တာကို ဘုရားရဲ့မျက်နှာသာပေးခြင်းမှန်ဘီလူးနဲ့ စတင်မြင်တွေ့ရမှာြဖစ်ပါတယ်။စဉ်းစားရန် - သင့်အသက်တာမှာအမြင်လျှမ်းပြီးကြည့်မိတဲ့ ကောင်းတဲ့အရာအချို့ကဘာတွေလဲ။ဆုတောင်းရန် - ဘုရားသခင်၊ ကျွန်ုပ်အသက်တာထဲမှာကိုယ်တော်အတူရှိနေလို့ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ဟာကောင်းမြတ်တဲ့အရာအားလုံးရဲ့ အရင်းအမြစ်၊ နေ့ရက်တိုင်းမှာကျွန်ုပ်၏အသက်တာထဲသို့ မျက်နှာသာပေးခြင်းကိုယူဆောင်လာသူ ဆိုတာကိုမြင်နိုင်ဖို့ရန်ကျွန်ုပ်၏မျက်စိကိုဖွင့်ပြတော်မူပါ။ သခင်ယေရှုနာမဖြင့်ဆုတောင်းပါ၏။ အာမင်။


နေ့ 2

ဤအစီအစဉ်အကြောင်း

Believing God Is Good No Matter What

ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သ...

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသော ဝေါတာဘရုတ် မတ်နိုမာ ပုံနိုပ်ထုတ်ဝေရေးအဖွဲ့ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိရန် အောက်ပါလင့်တွင် ဝင်ရောက် ကြည့်ရူ့ပါ။ www.goodthingsbook.com

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။