YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

နောင်တရခြင်းနှင့်ဆိုင်သည့်လုပ်ဆောင်မှုနမူနာ

Acts of Repentance

5 ၏ နေ့ 5

ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ ကျွန်ုပ်တို့အား အသက်တာအသစ်ကို ပေးရန် ဟူသော အဓိကရည်ရွယ်ချက်အတွက်ဖြစ်သည်။ သခင်ယေရှုသည် မိမိ၏အမှုတော်လုပ်ငန်းကို အကျဉ်းချုပ်ဖော်ပြရာတွင် ရှင်လုကာခရစ်ဝင် ၅:၂၇-၃၂ မှာ “ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။​ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​ခဲ့၏။ သင်နှင့်ကျွန်ုပ်ကဲ့သို့သောအပြစ်သားတို့သည် နောင်တရခြင်းအားဖြင့် ကိုယ်တော်၏အပြစ်ခွင့်လွှတ်ခြင်းကိုခံစားရပြီး အသက်တာအသစ်ကိုရရှိစေရန် ခရစ်တော်ကြွလာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နောင်တရပြီး ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို ခံစားရသောအခါ ကျွန်ုပ်တို့၏အသက်တာသည် ထာဝစဉ်ပြောင်းလဲသွားမည်ဖြစ်သည်။ ခရစ်တော်၏အမှုတော်သည် ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အမှုလည်းဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ဖြောင့်မှတ်သောသူတို့အပေါ် မဟုတ်ဘဲ ပျောက်ဆုံး၍ ခွင့်လွှတ်ခြင်းကိုလိုအပ်နေသောသူတို့အပေါ် အမှုတော်ထမ်းဆောင်ရန် ခေါ်ယူတော်မူခြင်းခံရပါသည်။ သင်သည် အပြစ်မှနောင်တရပြီး ဘုရားသခင်ထံမှ အပြစ်ခွင့်လွှတ်ခြင်းကို ခံစားရရှိခဲ့သည်ဆိုလျှင် နောင်တရဖို့လိုအပ်နေသောသူတို့အား ပြောစရာသတင်းရှိသည်။ သင့်အသက်တာ၏ပြောင်းလဲမှုသည် သူတစ်ပါးအသက်တာတွင်လည်း ထိုသို့သောပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ နောင်တရရန်နှင့် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုခံစားရရန် လိုအပ်နေသောသူတစ်စုံတစ်ဦးကို သင်သိပါသလား။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းနှင့်ပတ်သက်သည့် သင်၏အတွေ့အကြုံသည် သူတစ်ပါးကိုလည်းနောင်တရစေရန် မည်သို့ကူညီပေးနိုင်သနည်း။

ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

Acts of Repentance

နောင်တရခြင်းသည် ခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်ုပ်တို့ပြုကြသည့် အဓိကလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ နောင်တရခြင်းသည် ကျွန်တော်တို့၏လုပ်ဆောင်မှုဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်တော်တို့အတွက် မိမိ၏စုံလင...

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။