YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း-နေ့စဥ်ဝမ်းမြောက်ခြင်းကို ‌အလေ့အထဖြစ်အောင် ဘယ်လိုလုပ်မလဲနမူနာ

Joy Over Stress: How To Make Daily Joy A Habit

6 ၏ နေ့ 1

နိဒါန်း:ဝမ်းမြောက်ခြင်းကအဘယ်နည်း


သင့် လစဥ်ကြေးတွေ အိပ်ခန်းထဲမှာ ပျံ့ကြံနေမယ်။ သင့်ဖုန်းက တချိန်လုံးမြည်နေတယ်။ သင့်အိမ်က ပြုပြင်စရာတွေရှိတယ်။ သင့်ကလေးတွေက သင့်ကိုအားကုန်အောင်လုပ်စေတယ်။ နောက်နေ့မှာ သင်အလုပ်သွားဖို့ ငြိုငြင်နေမယ်။



ဒီနေ့ဟာ ကျွန်‌တော်တို့အတွက် စိတ်အဖိစီးဆုံးဆိုတာ မအံ့ဩတော့ပါ။



စိတ်ဖိစီးမှု ကြီးထွားလာတယ့် အချိန်‌အတောတွင်းမှာ ရှိနေတာဖြစ်တယ်။ ယဥ်ကျေးမှုကတော့ ကျွန်တော်တို့ ရှေ့ဆက်သွားပြီး နောက်ပျော်ရွှင်စရာအခိုက်အတန့်နောက်လိုက်ဖို့ ပြောပါလိမ့်မယ်။ ဒီပျော်ရွှင်စရာ အချိန်အခါက ကျွန်တော်တို့ စိတ်ဖိစီးခြင်းမှ ခဏတာစိတ်သက်သာရာရစေပြီး ကံကောင်းရင် သူတို့က ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို ပျောက်သွားအောင်ပြုလုပ်နိုင်ပါတယ်(တခဏချင်း)။



သက်သောင့်သက်သာနေရတာ ကြိုက်တယ့် ယဥ်ကျေးမှုမှာ ကျွန်တော်တို့ နေထိုင်တယ်။ စိတ်ဖိစီးမှုက မခံစားသင့်တယ့် အရာဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်ကြပြီး ပျော်ရွှင်ခြင်းက ကျွန်တော်တို့အတွက် ဘုရားရဲ့ အကြံစည်တော်ဖြစ်ကြောင်း ယုံကြည်ကြတယ်။ ဟုတ်တယ်မလား။



လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်ဒါကို လေ့လာတယ်။ ကျွန်တော် စိတ်ဖိစီးမှု အမြင့်ဆုံးအချိန်မှာ ဘုရားသခင်က ကျွန်တော့်ကို စိတ်ဖိစီးခြင်းနဲ့ ပျော်ရွှင်မှုအကြောင်း ဘာပြောချင်လဲ သိချင်ခဲ့တာ။ အပြုသဘော‌ဆောင် စိတ်ပိုင်းဆိုင်ရာ နောက်ဆုံး ရှာဖွေတွေ့ရှိချက်တွေထဲ ကျွန်တော် လေ့လာခဲ့တယ်။



ကျွန်တော်ရှာတွေ့ခဲ့တယ့်အရာက ကျွန်တော့်ကို ပြောင်းလဲစေတယ်။



သမ္မာကျမ်းစာက ကျွန်တော်တို့ကို ဝမ်းမြောက်ခြင်းရှိစေချင်တာဖြစ်ကြောင်းကို ရှာ‌တွေ့ခဲ့တယ်။



ဝမ်းမြောက်ခြင်းက ခက်ခဲတယ့် အခြေအနေမှာ ကျန်းမာခြင်းနဲ့ အောင်မြင်ခြင်းကို ရရှိတယ့်အချိန်မှာ အတွင်းစိတ်ထဲမှာ စိတ်ကျေနပ်မှု ခံစားချက်ဖြစ်တယ်။ ကျွန်တော်တို့ကို ပိုကောင်းလာစေပြီး အပြုသဘောဆောင်စေတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ‌ပျော်ရွှင်ခြင်းနဲ့ကွာခြားချက်ကတော့ ခက်ခဲနေတယ့်အချိန်မှာတောင် ဝမ်းမြောက်ခြင်းရှိနိုင်တယ်။



သင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေတယ့်အချိန်မှာ ပျော်ရွှင်ဖို့ မဖြစ်နိုင်ပါ။ သင့်ရဲ့ ပြင်ပအခြေအနေများက သင့်ကိုခွင့်ပြုမှာမဟုတ်ပါ။ ဒါပေမယ့် သင် အခက်အခဲတွေကို ကျော်လွှားနေချိန်မှာ ဝမ်းမြောက်ခြင်းရှိဖို့ ဖြစ်နိုင်ပါတယ်။ သင့်အတွင်းစိတ် ဘုရားအပေါ်မျှော်လင့်ချက်ထားရှိခြင်းက အကြီးမားဆုံးသော အခက်အခဲများတွင် ကြီးထွားစေရန် စိတ်ကျေနပ်မှုကို ပေးမှာဖြစ်တယ်။



ယေရှုကဲ့သို့ မည်သူမှ ပိုကောင်းအောင် စံနမူနာမထားနိုင်ပါ။ သူ့ရှေ့တော်မှောက်တွင် ဝမ်းမြောက်ခြင်းကို ထားရှိပြီး လက်ဝါးကားတိုင်တော်ကို ရင်ဆိုင်ခဲ့တယ်။(ဟေဗြဲ၁၂:၂)



စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ ပြင်ပပတ်ဝန်းကျင်ကို ပျော်ရွှင်မှုအဖြစ်ပြောင်းလဲဖို့လိုအပ်ကြောင်း လူမှုအသိုင်းအဝိုင်းက ပြောပြထားတယ်။



ကျမ်းစာမှာတော့ ဘုရားသခင်မှာ ဝမ်းမြောက်ခြင်းရှိမှသာ စိတ်ဖိစီးမှုထဲမှာ ကျွန်တော်တို့ ကြီးထွားနိုင်ကြောင်း ပြောပြထားတယ်။ ဒီအရာက ကျွန်တော်တို့ အတွက်ဘဲ ခံစားလို့ ကောင်းစေတာမဟုတ်ဘဲ ကျွန်တော်တို့ကိုပိုကောင်း‌တယ့် လူတွေဖြစ်စေတာဖြစ်တယ်။



ဝမ်းမြောက်ခြင်းက ဝိညာဥ်အသီးဖြစ်ပြီး ပျော်ရွှင်မှုမဟုတ်တာ ရည်ရွယ်ချက်ရှိပါတယ်။ ဘုရားသခင်က သူ့ဆီမှာ ကျွန်တော်တို့ မျှော်လင့်ခြင်းထားဖို့ အလိုရှိတာဖြစ်ပြီး အခက်အခဲတွေတိုင်းမှာ ကြီးထွားစေချင်တာ ဖြစ်တယ်။



သို့ပေမယ့် ပြဿနာက ယဥ်ကျေးမှု အယူအဆတွေက စိတ်ဖိစီးမှုများမှ ပြေးထွက်ဖို့ ကျွန်တော်တို့ကို စည်းရုံးမှာဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းက ပိုဆိုးစေမှာဖြစ်တယ်။



ကံအား‌လျော်စွာ သတင်းကောင်းတခုရှိပါတယ်။ နေ့စဥ်ဝမ်းမြောက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်နိုင်ကြောင်း ကျမ်းစာက ရှင်းလင်းစွာပုံဖော် ပြောပြထားတယ်။



သင်စိတ်ဖိစီးမှုအောက်မှာ ရင်ဆိုင်နေရပြီး ဘယ်လိုသက်သာလာမလဲဆိုတာ တွေးပူနေမယ်ဆိုရင် သင်စိတ်ဖိစီးမှုခံစားရချိန်တိုင်းမှာ နေ့စဥ်ဝမ်းမြောက်ခြင်း အကျင့် ကြီးထွားလာအောင် ဘယ်လို တည်ဆောက်ရမလဲဆိုတာ ဤကျမ်းစာဖတ်ခြင်း အစီအစဥ်က သင့်ကို ပြသပေးမှာဖြစ်တယ်။



သင်စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်းကို ရွေးချယ်နိုင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Joy Over Stress: How To Make Daily Joy A Habit

ကျွန်တော်တို့ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ ပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်ကြောင်းပြောပါတယ်။ သမ္မာကျမ်းစာကတော့ တခြားနည်းနဲ့ ပုံဖော်ရေးဆွဲတယ်။ ဒီ၆ရက်တာ ဝတ်...

More

ဒီဆုတောင်းအစီအစဥ်ကို ထောက်ပံ့ပေးတယ့် Neal Samudre ကို ကျွန်တော်တို့ ကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက https://nealsamudre.com/overstress/သို့သွားပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။