YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 2

2
အရှေ့ပြည်/မှ ဧည့်သည်တော်များ
1ဟေရုဒ်မင်း/လက်ထက် ယုဒပြည် ဗက်လင်မြို့/တွင် ယေရှု/မွေးဖွားလာတော်မူ၏။ ထို/အချိန်ကာလ/၌ အရှေ့ပြည်/မှ ပညာရှိများ#2:1 “ပညာရှိများ” မူရင်း/ဂရိကျမ်း/တွင် “မက်ဂီ” ဟု တွေ့ရှိရပြီး နက္ခတ်/ပညာရှင်များ/ကိုလည်း ဆိုလိုသည်။/သည် ဂျေရုဆလင်မြို့/သို့ ရောက်လာ/၍ 2“ယခု မွေးဖွားလာသော ဂျူး/ရှင်ဘုရင်/သည် အဘယ်မှာ/ရှိသနည်း။ ထို/အရှင်/၏/ကြယ် ထွက်ပေါ်လာသည်/ကို ကျွန်ုပ်တို့/တွေ့မြင်ရ/သောကြောင့် ထို/အရှင်/ကို ဖူးမြော်/ရန် ရောက်လာကြပါသည်” ဟု မေးမြန်း/ပြောဆိုကြ၏။
3ထို/အကြောင်း/ကို ကြား/သောအခါ ဟေရုဒ်မင်း/နှင့်တကွ ဂျေရုဆလင်မြို့/တွင်/ရှိသော လူ/အပေါင်းတို့/သည် အလွန်/စိတ်အနှောင့်အယှက်/ဖြစ်ကြ၏။ 4ဟေရုဒ်မင်း/သည် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/အားလုံး/ကို စုဝေးစေ/၍ “ခရစ်တော်/သည် မည်သည့်/အရပ်/တွင် မွေးဖွားလာ/မည်နည်း” ဟု မေးလေ၏။
5ထို/သူတို့/က “ယုဒပြည် ဗက်လင်မြို့/တွင် မွေးဖွားလာမည်။ ဤ/အကြောင်းအရာ/ကို ပရောဖက်/တစ်ပါး/က
6‘အို ယုဒပြည် ဗက်လင်မြို့…
သင်/သည် ယုဒပြည်/ရှိ မြို့များ/ထဲတွင် သေးနုပ်လှသော/မြို့ မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် သင့်/အထဲက အုပ်စိုးသူ/တစ်ဦး ပေါ်ထွက်လာမည်။
သူ/သည် ငါ/၏/လူမျိုးတော်/ဖြစ်သော အစ္စရေးတို့/ကို အုပ်စိုးမည့်/သူ ဖြစ်၏’#2:6 မိ ၅:၂၊ ၂ ရာ ၅:၂။
ဟူ၍ ရေးသားထား၏” ဟု လျှောက်ဆိုကြ၏။
7ထို့နောက် ဟေရုဒ်မင်း/သည် ပညာရှိများ/ကို တိတ်တဆိတ်/ခေါ်/ကာ ကြယ်/ပေါ်ထွန်းသည့် အချိန်/အတိအကျ/ကို မေးမြန်းလေ၏။ 8ထို့နောက် ဟေရုဒ်မင်း/က “ဗက်လင်မြို့/သို့ သွား/၍ ထို/သူငယ်/ကို သေချာ/ရှာဖွေကြလော့။ ရှာတွေ့/သောအခါ ငါ/ကိုယ်တိုင် သွားရောက်/ဖူးမြော်/နိုင်ရန် ငါ့/ထံ ပြန်လာ/၍ အကြောင်းကြားကြလော့” ဟု မှာကြား/ကာ စေလွှတ်လေ၏။
9မင်းကြီး/၏/မှာကြားချက်/အပြီး ထို/သူတို့/သည်လည်း ထွက်သွားကြ၏။ ထိုအခါ အရှေ့ပြည်/၌ တွေ့မြင်ခဲ့သော/ကြယ်/သည် သူတို့/ရှေ့/မှ သွား/၍ သူငယ်တော်/ရှိသည့် နေရာ/အပေါ်/သို့ ရောက်/သောအခါ ရပ်တန့်လေ၏။ 10ပညာရှိများ/သည် ထို/ကြယ်/ကို မြင်/သောအခါ အလွန်/ဝမ်းမြောက်ကြ၏။ 11သူတို့/သည် အိမ်/ထဲသို့ ဝင်/၍ မယ်တော်/မာရိ/နှင့်အတူ သူငယ်တော်/ကို တွေ့မြင်/သော် ဝပ်တွားခယ/လျက် သူငယ်တော်/ကို ရှိခိုးကြပြီး/လျှင် မိမိတို့/၏ ရတနာ/သေတ္တာများ/ကို ဖွင့်/ကာ ရွှေ၊ လောဗန်/နှင့် မုရန်/ဟူသော လက်ဆောင်များ/ကို ဆက်သကြ၏။
12ထို့နောက် ဟေရုဒ်မင်း/ထံသို့ လှည့်ပြန်မသွား/ရန် အိပ်မက်/တွင် ဘုရားသခင်/သတိပေးတော်မူ/သဖြင့် သူတို့/သည် အခြား/လမ်း/ဖြင့် မိမိတို့/၏/တိုင်းပြည်/သို့ ပြန်သွားကြ၏။
အီဂျစ်ပြည်/သို့ တိမ်းရှောင်ခြင်း
13ပညာရှိများ ထွက်ခွာသွား/ပြီးနောက် ဘုရားသခင်/၏ ကောင်းကင်တမန်/တစ်ပါး/သည် ယောသပ်/ကို အိပ်မက်/တွင် ကိုယ်ထင်ပြ/၍ “ထလော့။ သူငယ်/နှင့် မယ်တော်/ကို ခေါ်ဆောင်/ကာ အီဂျစ်ပြည်/သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်း/သည် သူငယ်တော်/ကို ရှာဖွေ/၍ သတ်/ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါ/ပြန်ခေါ်မည့်/အချိန်/ထိတိုင်အောင် ထို/အရပ်/၌ နေကြလော့” ဟု ဆိုလေ၏။
14ထို/ညတွင်းချင်း/ပင် ယောသပ်/သည် သူငယ်တော်/နှင့် မယ်တော်/မာရိ/ကို ခေါ်ဆောင်/ကာ အီဂျစ်ပြည်/သို့ ထွက်သွား/ပြီးလျှင် 15ဟေရုဒ်မင်း ကွယ်လွန်သည်/အထိ ထို/ပြည်/တွင် နေ၏။ ဤ/အရာ/မှာ “ငါ/သည် ငါ့/သား/ကို အီဂျစ်ပြည်/မှ ခေါ်ဆောင်ခဲ့ပြီ”#2:15 ဟော ၁၁:၁။ ဟူသည့် ပရောဖက်/မှတစ်ဆင့် ဘုရားသခင်/မိန့်တော်မူခဲ့သော/စကားတော်/အတိုင်း ဖြစ်လာ/ရန်ပင် ဖြစ်၏။
16ဟေရုဒ်မင်း/သည် မိမိ/ကို ပညာရှိများ/လှည့်ဖြားကြောင်း သိမြင်/သောအခါ ပြင်း/စွာ/အမျက်ထွက်လေ၏။ ထို့နောက် ပညာရှိများ/ထံမှ စုံစမ်းမေးမြန်းထားသော ကြယ်/ပေါ်ထွန်းသည့် အချိန်/ကာလ/ကို အခြေခံ/လျက် စစ်သားများ/အား ဗက်လင်မြို့/နှင့် အနီး/ပတ်ဝန်းကျင်/ဒေသ/သို့ စေလွှတ်/ကာ နှစ်နှစ်/အရွယ်/မှစ၍ နှစ်နှစ်/အောက် သား/ယောက်ျား/အားလုံး/ကို သတ်စေ၏။ 17ဟေရုဒ်မင်း/၏ ရက်စက်သော/လုပ်ရပ်/သည် ပရောဖက်/ယေရမိ/မှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်/၏/စကားတော်/အတိုင်း ဖြစ်လာလေ၏။ ၎င်း/မှာ
18“ရာမ/အရပ်/၌ ငိုကြွေးခြင်း/နှင့်
အလွန်/ညည်းတွားမြည်တမ်းခြင်း/အသံ/ကို ကြားရ၏။
ရာခေလ/သည် မိမိ/ကလေးများ သေဆုံး/သောကြောင့်
သူတို့/အတွက် ငိုကြွေး/ကာ
နှစ်သိမ့်/၍/မရနိုင်”#2:18 ယေ ၃၁:၁၅။
ဟူ၍ ဖြစ်၏။
နာဇရက်မြို့/သို့ ပြန်သွားခြင်း
19ဟေရုဒ်မင်း ကွယ်လွန်/သောအခါ ဘုရားသခင်/၏ ကောင်းကင်တမန်/တစ်ပါး/သည် အီဂျစ်ပြည်/၌/ရှိသော ယောသပ်/ကို အိပ်မက်/တွင် ကိုယ်ထင်ပြ/၍ 20“ထလော့။ သူငယ်တော်/နှင့် မယ်တော်/ကို ခေါ်ဆောင်/ကာ အစ္စရေးပြည်/သို့ ပြန်ကြလော့။ သူငယ်တော်/ကို သတ်/ရန်/ရှာဖွေသော/သူတို့/သည် သေဆုံးကြပြီ” ဟု ဆို၏။
21ထိုအခါ ယောသပ်/သည် ထ/၍ သူငယ်တော်/နှင့် မယ်တော်/ကို ခေါ်ဆောင်/ကာ အစ္စရေးပြည်/သို့ ပြန်လေ၏။ 22သို့သော် ဟေရုဒ်မင်း/၏/နေရာ/၌ သားဖြစ်/သူ အာခေလ/သည် ဆက်ခံ/၍ ယုဒပြည်/ကို အုပ်ချုပ်နေကြောင်း ကြားသိ/သောအခါ ထို/ပြည်/သို့ မသွားဝံ့ပေ။ ထို့နောက် ယုဒပြည်/သို့ ပြန်မသွား/ရန် အိပ်မက်/တွင် သတိပေးခံရ/သဖြင့် ယောသပ်/သည် ဂါလိလဲပြည်/သို့ သွား၍ 23နာဇရက်/ဟု ခေါ်သော မြို့/၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်/ကို နာဇရက်မြို့သား/ဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့/၏ ဟောပြောချက်/သည် ဖြစ်လာ၏။

လက်ရှိရွေးချယ်ထားမှု

မဿဲ 2: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။