YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3

3
1အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ ထ​မြောက်​ကြ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်​မှာ ခ​ရစ်​တော်​သည် ထိုင်​နေ​တော်​မူ​ရာ​အ​ရပ်၌​ရှိ​သော အ​ထက်​အ​ရာ​တို့​ကို ရှာ​ကြ​လော့။- 2မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။- 3အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သေ​သော​သူ​ဖြစ်၍ သင်​တို့​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်၌ ဝှက်​ထား​လျက်​ရှိ၏။- 4ငါ​တို့​အ​သက်​တည်း​ဟူ​သော ခ​ရစ်​တော်​သည် ထင်​ရှား​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည်​လည်း ထို​သ​ခင်​နှင့်​အ​တူ ဘုန်း​ကြီး၍ ထင်​ရှား​ကြ​လ​တ္တံ့။
လူဟောင်း​နှင့်​လူ​သစ်
5ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။- 6ထို​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​သော သူ​တို့​အ​ပေါ်၌ သင့်​ရောက်​ပေ၏။- 7ထို​သူ​တို့​နှင့် သင်​တို့​သည်​လည်း အ​ထက်​က ပေါင်း​ဖော်​သော​အ​ခါ၊ ထို​အ​မှု​များ၌ ကျင်​လည်​ကြ၏။- 8ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။- 9အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- 10ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။- 11ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။
12ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။- 13တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။- 14စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။- 15သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။
16ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။- 17စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။
ခ​ရစ်​ယာန်​မိ​သား​စု၏​တာ၀န်
18အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- 19အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။- 20သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။- 21အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- 22အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။- 23လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။- 24သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။- 25မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​မည်​သည်​ကား၊ မိ​မိ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ။

လက်ရှိရွေးချယ်ထားမှု

ကောလောသဲ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။