YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အကောင်းဆုံးအမှုတော်နမူနာ


3 ၏ နေ့ 1

အရာရာ၌ အကောင်းဆုံးလုပ်ဆောင်ခြင်း



ယေရှုဘုရားအကြောင်းဖော်ပြသည့် အကြောင်းအရာများထဲမှ ကျွန်ုပ်နှစ်သက်သည့် ကျမ်းပိုဒ်တစ်ခုဖြစ်သည့် (မာ၊ ၇း၃၇) တွင်၊ လူတို့သည် အတိုင်းထက် အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီဟု ပြောခဲ့ကြသည်။ ခရစ်တော်၏ နောက်လိုက်များအနေဖြင့် ထိုကျမ်းပိုဒ်သည် ကျွန်ုပ်တို့ကို များစွာမှင်သက်စရာ ဖြစ်သင့်သည်။ အရာရာ၌ ယေရှုနည်းတူ အသက်ရှင်ခြင်းငှာ ကြိုးစားနေသည့် သူများအနေဖြင့်၊ ကျွန်ုပ်တို့ဟာ၊ အရာရာတိုင်း၌ ကျွန်ုပ်အကောင်းဆုံးလုပ်နေပါသည်။ အိမ်တွင်ဖြစ်စေ၊ အလုပ်ခွင်တွင်ဖြစ်စေ၊ အရာရာတိုင်းတွင် အကောင်းဆုံးလုပ်နေပါသည်ဟု ပြောနိုင်ပါသလား။



အမှန်စင်စစ်၊ ကျွန်ုပ်တို့အားလုံးသည် အရှင်ယေရှုဘုရား၏ အကောင်းဆုံးစံနှုန်းကို မမီနိုင်ပါ။ ထိုအရာသည် အရင်တုန်းကထက် ယနေ့ ပိုမိုမှန်ကန်သည်ဟု ယုံကြည်ပါသည်။ အဘယ်ကြောင့်လဲ။ အကြောင်းမှာ၊ အရင့်အရင်တုန်းကထက်၊ ယခုအချိန်မှာ ကျွန်ုပ်တို့က အကုန်လုံးလုပ်ရမယ်၊ အကုန်လုံးဖြစ်စေရမယ်၊ အကုန်လုံးပိုင်ရမယ်ဆိုသည့် အလိမ်အညာများကို ပိုမိုယုံကြည်ကြလို့ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်ခွင်နှင့် အိမ်၌ပင် အဓိကနှင့် သာမညတို့ကို ပိုင်းခြားတတ်သည့်ဉာဏ် မရှိလျက်၊ ကျွန်ုပ်တို့သည် အရမ်းလွှမ်းမိုးခြင်း၊ လွန်ကဲခြင်း၊ အလွန်စိတ်ဖိစီးမှုများဖြစ်လျက် အလုပ်တစ်သန်းတွင် တစ်လက်မလောက်သာ ရှေ့သို့လှမ်းချီနိုင်ပါသည်။ ဤအရာသည် ဖြစ်သလိုတွေ လုပ်လာစေလျက်၊ အကောင်းဆုံးတွေမလုပ်နိုင်တော့သည့် အကြောင်းအရင်း ဖြစ်သည်။ ဤအရာကို၊ ယခုမျက်မှောက်အသင်းတော်တွင် ကပ်ရောဂါဖြစ်နေသည့်ပြဿနာဟု ကျွန်ုပ်ငြင်းချက်ထုတ်ချင်ပါသည်။



ကျွန်ုပ်တို့ ဘာကြောင့် ဂရုစိုက်ရမလဲ။ (၁ကော၊ ၃း၂၁) မှာ၊ တမန်တော်ကြီး ရှင်ပေါလုသည်၊ သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့ဟု ရေးသာခဲ့သောကြောင့်၊ အကောင်းဆုံးမလုပ်ပါက၊ ခရစ်ယာန်တွေမှာ ရှိသင့်သည့် စံနှုန်းနှင့် မကိုက်ညီရာကျမည်ဖြစ်သောကြောင့် ဖြစ်သည်။ ကွယ်လွန်သူ သင်းအုပ်ဆရာကြီး ဒေါက်တာဂျိမ်းစ်ကနေဒီ (Dr James Kennedy) သည်လည်း ဤကျမ်းပိုဒ်ကို ထောက်လျက်၊ သူ၏အသင်းသူအသင်းသားများအား အရာရာတို့၌ အကောင်းဆုံးသောအလုပ်ကို လုပ်လျက် ဘုရားသခင်ရဲ့ဘုန်းတော်ကို ထင်ရှားစေကြပါဟု မကြာခဏ တိုက်တွန်းအားပေးခဲ့သည်။ ထိုအရာသည် ကျွန်ုပ်တို့ခေါ်သည့် စံနှုန်းဖြစ်သည်။



အထူးသဖြင့် ကျွန်ုပ်တို့ရွေးချယ်ထားသည့် အလုပ်အကိုင်တွင် အကောင်းဆုံးလုပ်ဆောင်ရန် အကြောင်းပြချက်ကောင်းများစွာ ရှိပါသည်။ အကောင်းဆုံးသောလုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များကို တိုးတက်စေသည်နည်းတူ၊ မိမိဂုဏ်သိက္ခာနှင့် အရှိန်အဝါကိုလည်း တိုးပွားစေပြီး ဧဝံဂေလိတရားဝေငှခွင့်များလည်း ရနိုင်သည်။ သို့သော်၊ ထိုအရာများသည် ကျွန်ုပ်တို့၏အသက်တာတွင် အရာရာ၌ အကောင်းဆုံးလုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ပေးအပ်သည့် အခြားတာဝန်များကို လုပ်ဆောင်ခြင်းထက် အဓိကစေ့ဆော်မှု မဖြစ်သင့်ပါ။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ဂုဏ်တော်များကို ကျွန်ုပ်တို့အသက်တာတွင် ထင်ရှားစေခြင်းနှင့် ကျွန်ုပ်တို့ရွေးချယ်လုပ်ကိုင်သည့် အလုပ်အားဖြင့် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ဂရုစိုက်သည်နည်းတူ ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းကို ပြသသည့် အရာဖြစ်သောကြောင့်၊ ပိုမိုကောင်းမွန်သည့် အခြေခံရည်ရွယ်ချက်များအတွက် အကောင်းဆုံးကို ကျွန်ုပ်တို့လုပ်ဆောင်သည်။ လာမည့် (၂) ရက်တာအတွင်း၊ အကောင်းဆုံးလုပ်ဆောင်ခြင်းအမှုတော်အားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ အခြားသူများကို ကောင်းမွန်စွာ မေတ္တာပြနိုင်မှုကို ကျွန်ုပ်တို့တွေ့မြင်ရပါလိမ့်မည်။


နေ့ 2

ဤအစီအစဉ်အကြောင်း

The Ministry Of Excellence

ကျွန်ုပ်တို့ဆောင်ရွက်သမျှ၌ အကောင်းဆုံးဆောင်ရွက်ဖို့ အကြောင်းပြချက်ကောင်းများစွာ ရှိပါသည်။ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏အသက်မွေးဝမ်းကျောင်းကို တိုးတက်စေသလို၊ ကျွန်ုပ်တို့၏ဂုဏ်လည်း တိုးပွာသည်မို့ ဧဝံဂေလိတရားဟေ...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာ Jordan Raynor ကိုကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက http://www.jordanraynor.com/excellence သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။